ထောင်ဒဏ် ၃၃၄ နှစ် ပြစ်ဒဏ်ချမှတ်ခံရသော အသက် ၂၆ နှစ်အရွယ် ဟက်ကာ



တူရကီနိုင်ငံတွင် အသက် ၂၆ နှစ်သာရှိသေးတဲ့ ဟက်ကာတစ်ယောက်ဟာ Identity ခိုးယူမှူ့အပြင် ဘဏ်များအား လိမ်လည်မှူ့ အများအပြားလုပ်ဆောင်မှုများကြောင့် ထောင်ဒဏ် ၃၃၄ နှစ် ချမှတ်ခံရပါတယ်။ တစ်သက်စာ ထောင်ထဲမှာဘဲ နေရတော့မှာလို့လည်း ပြောနိုင်ပါတယ်။

ထိုဟက်ကာအမည်ကတော့ Onur Kopcak ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်းမှာ ဘဏ်ဝဘ်ဆိုဒ်များအား အတုပြုလုပ်ပြီး အသုံးပြုသူများ၏ Credit Card နံပါတ်ကဲ့သို့သော အရေးကြီးသည့် ဘဏ်အချက်အလက်များအား ခိုးယူမှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပါတယ်။ သူ့၏၀ဘ်ဆိုဒ်တွင် သူအပါအ၀င် အခြား ၁၁ ဦးတို့ပါဝင်ပြီး အကြီးမားဆုံးသော Credit Card လိမ်လည်ရယူမှု များထဲမှ တစ်ခုဖြစ်ပြီး၊ ဘဏ်အကောင့်များကို တရားမ၀င်ခိုးယူသော ၀ဘ်ဆိုဒ်တစ်ခု ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ ဖမ်းဆီးခဲ့သော အမှုအတွက် တူရကီ၏ ဥပဒေများအရ Kopcak အား တရားစွဲဆိုခဲ့သော စွဲချက်များမှာ -

·         Identity fraud
·         Website forgery
·         Access device fraud
·         Wire fraud 
 
တို့ဖြင့် ဘဏ် ၄၃ ရှိ အသုံးပြုသူများမှ တရားစွဲဆိုခြင်းဖြင့် ထောင်ဒဏ် ၁၉၉ နှစ်၊ ၇ လ၊ ၁၀ ရက်ခန့် အမိန့်ချမှတ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်းမှာပင် အခြားသော ဘဏ် ၁၁ တွင် အသုံးပြုသူများမှ တရားလိုအနေဖြင့် ဆက်လက်ရှိလာသောကြောင့် နောက်ထပ် နှစ်ပေါင်း ၁၃၅ နှစ် ထပ်မံတိုးသွားသဖြင့် ထောင်ဒဏ် ၃၃၄ နှစ် ပြစ်ဒဏ်ချမှတ်ခံရမလို ဖြစ်နေပါတယ်။

ထိုသို့ တရားလိုထပ်မံတိုးလာမှုကြောင့် ပြစ်ဒဏ်ချမှတ်မှု အဆုံးသတ်ဟာ ဇန်န၀ါရီလ ၁၀ ရက်မှာ ပြီးစီးသွားခဲ့ပြီး Mersin Third Criminal Court of General Jurisdiction မှ နောက်ထပ် နှစ် ၁၃၅ ထပ်တိုးပြီး မူလကျခံရမှု ၁၉၉ နှစ် ၇ လ ၁၀ ရက်နှင့် ထပ်ပေါင်းခဲ့ကြောင်း Daily Sabah မှ ပြောကြားခဲ့ပါတယ်။

ထို့ကြောင့်ပင် နှစ်ပေါင်း ၃၃၄ နှစ် ထောင်ဒဏ်ချမှတ်ခံခဲ့ရသော Kohcak သည် အကြီးမားဆုံး ထောင်ဒဏ်ပေးခံရသော ဟက်ကာများ စာရင်းတွင် ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ရပါတယ်။ သို့သော်လည်း Kohcak နှင့် သူ၏ရှေ့နေတို့သည် ထောင်ဒဏ် ၃၅ နှစ်သာ ကျခံရစေရန် တောင်းဆိုခဲ့ပါတယ်။ ထိုသို့ ထောင်ဒဏ်အနည်းငယ်သာ ကျခံရစေရန် ရုံးတော်သို့ “သေချာပါတယ် လူကြီးမင်းတို့အနေနှင့် ကျွန်တော့်အသား ဘာရောင်လဲဆိုတာတောင် မှတ်မိမှာမဟုတ်တော့ပါဘူး”  ဟု ပြောကြားကာ အသနားခံခဲ့ပါတယ်။

ဆိုက်ဘာရာဇ၀တ်မှုနယ်ပယ်တွင် ပြီးခဲ့သော နှစ်များမှစတင်ကာ ပြောင်းလဲနေသည်ကို တွေ့မြင်နိုင်ပါတယ်။ ပြီးခဲ့သော နှစ်တွင်လည်း မူးယစ်ဆေးဝါးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုများ၊ ငွေဖြူ ငွေမည်းကိစ္စများ၊ အခြားရာဇ၀တ်မှုစွဲချက်များဖြင့် Online Black Marketplace ဖြစ်သော Silk Road ၏ Founder အဖြစ် စွဲချက်တင်ခံခဲ့ရသော Ross Ulbricht သည်လည်း ထောင်ဒဏ် တစ်သက်ကျသွားခဲ့ရပါတယ်။

ထိုသို့သော အီလက်ထရောနစ်ဆိုင်ရာ ထိရောက်သော ဥပဒေများ Cyber Crime နှင့် ပတ်သက်သော ဥပဒေများ ရှိကြောင်းကို စာရှုသူများ ဗဟုသုတရရှိရန်အလို့ငှာ တင်ပြလိုက်ပါတယ်။

14-1-2016
သတင်းစီစဉ် တင်ဆက်သူ : ကိုသိန်း ( MEHN Team )
ထောင်ဒဏ် ၃၃၄ နှစ် ပြစ်ဒဏ်ချမှတ်ခံရသော အသက် ၂၆ နှစ်အရွယ် ဟက်ကာ ထောင်ဒဏ် ၃၃၄ နှစ် ပြစ်ဒဏ်ချမှတ်ခံရသော အသက် ၂၆ နှစ်အရွယ် ဟက်ကာ Reviewed by Myanmar Ethical Hacking News on 7:17 PM Rating: 5

No comments:

MEHN Team. Powered by Blogger.