USB ၏ လုံခြုံမှူ့ ကျိုးပေါက်နိုင်သော အားနည်းချက်



Computer သုံးစွဲသူများအတွက် USB (Universal Serial Bus) Stick များသည် လုပ်ငန်းကဒ်ပြားကဲ့သို့ပင် မပါမဖြစ် ပစ္စည်းတစ်ခု ဖြစ်သည်။ ၄င်းတွင် Malware များ ဝင်ရောက်နေသည်ကို သိလျှင်လည်း Anti-virus များဖြင့် Scan ပြုလုပ်၍လည်းကာင်း တစ်ခါတစ်ရံ Format ပြန်လုပ်ပေး၍လည်းကောင်း ဖြေရှင်းတတ်ကြသည်။ သို့ရာတွင် USB ပစ္စည်းများရှိ လုံခြုံရေးဆိုင်ရာ ပြဿနာများသည် ကျွှန်ုပ်တို့ထင်ထားသည်ထက် ပိုမိုကြီးမားနေသည်။ အမှန်စင်စစ် ရှိနေသောပြဿနာသည် ၄င်းတို့သယ်ဆာင်လာသော အရာများကြောင့်မဟုတ်ဘဲ ၄င်းတို့ကို အလုပ်လုပ်စေရန် မည်သို့  တည်ဆာက်ထားသည်ဟူသော အချက်ပေါ်တွင် မူတည်နေခြင်းကြောင့် ဖြစ်သည်။

USB ပစ္စည်းများ၏ လုံခြုံရေးဆိုင်ရာ အားနည်ချက်ကို သက်သေပြနိုင်သည့် Malware တစ်မျိုးကို လုံခြုံရေးဆိုင်ရာ လေ့လာသူများဖြစ်သော Karsten Nohl နှင့် Jakob Lell တို့က သရုပ်ပြခဲ့သည်။ ၄င်းတိုဖန်တီးထားသော BadUSB အမည်ရှိ Malware သည် USB အတွင်းသို့  ရောက်ရှိသွားပါက ချိတ်ဆက်လိုက်သော ကွန်ပြူတာအား အပြည့်အဝ ထိန်းချူပ်ခြင်း USB Storage အတွင်းရှိ File များအား ဖျောက်ပစ်ခြင်း အသုံးပြုသူ၏ Internet traffic ကိုလမ်းကြောင်းလွှဲခြင်းများ လုပ်ဆောင်နိုင်သည်။ USB ပစ္စည်းများ၏ Memory Storage ပေါ်တွင်မရှိသည့် အဆိုပါ BadUSB အား Firmware ပေါ်တွင် ထည့်သွင်းထားသည်။ လေ့လာသူ ၂ ဉီးက ပြင်ဆင်နိုင်သောနည်းလမ်းဟူ၍ မရှိဘဲ USB သုံး၍ မျှဝေခြင်း ကွန်ပြူတာရှိ USB Port အား ကော်ဖြင့်ပိတ်ခြင်းသည်သော အဖြေဖြစ်လာမည်ဟု ဆိုသည်။ “USB ၏ တည်ဆောက်ထားမှူ့ပုံစံကို အဓိကထိုးဖာက်ခဲ့ခြင်း ဖြစ်သည်" ဟု Nohl က ထုတ်ဖော်ပြောကြားခဲ့သည်။


SR Labs မှ လုံခြုံရေးဆိုင်ရာ အကြံပေးများဖြစ်သော Nohl နှင့် Lell တို့သည် USB ပစ္စည်းများတွင် Malware များ ခိုအောင်းပျံ့နှံ့နေမှုကို ဖော်ပြရန် ကြိုးစားခဲ့ကြသည်။ သို့ရာတွင် ပညာရှင် ၂ ဉီးသည် ကိုယ်ပိုင်ရေးသားသည့် Malware အသစ်အဆန်းကို အဓိက အာရုံမစိုက်ခဲ့ပေ။ ၄င်းတို့သည် ကွန်ပြူတာဖြင့် ချိတ်ဆက်ကာ File များ ပြောင်းရွေ့ရာတွင် ထိန်းချုပ်လုပ်ဆောင်ပေးသော Controller ပေါ်ရှိ Firmware ကို Reverse Engineering ပြုလုပ်ခဲ့ကြသည်။ ၄င်းတို့  တွေ့ရှိခဲ့သော အချက်မှာ အမျိုးမျိုးအစားစားသော USB ပစ္စည်းအားလုံး၏ Firmware ပေါ်တွင် Attack Code ကိုဖွက်ထားရန် Reprogram လုပ်နိုင်ခြင်း ဖြစ်သည်။ IT ဆိုင်ရာတတ်ကျွမ်းသူတစ်ယောက်ကို မိမိ USB ပစ္စည်းအား ပေးလိုက်ပါက Scan ဖတ်၍ မလိုသော File များရှင်းကာ "သုံးနိုင်ပြီ" ဟူ၍ ပြန်ပေးလာမည် ဖြစ်သည်။ သို့ရာတွင် Reverse
Engineering အား နားမလည်သူတစ်ယောက်ဖြစ်ပါက ၄င်းပြုလုပ်လိုက်သော ဖြေရှင်းနည်းသည် BadUSB ကဲ့သို့သော Malware ကို ရှိသည်ဟူ၍ သိလိုက်မည်မဟုတ်ပေ။

လက်တွေ့တွင် USB Stick များတွင်သာ  ထိုပြဿနာ ရှိနေသည်မဟုတ် Firmware ပါသော Smart Phone, Mouse နှင့် Keyboard တို့သည်လည်း အဆိုပါပြဿနာနှင့် ရင်ဆိုင်ရနိုင်သည်။ ကွန်ပြူတာသို့ ချိတ်ဆက်ကာ Android Handset တစ်ခုကိုလည်း စမ်းသပ်စစ်ဆေးခဲ့သည် ဟု Nohl နှင့် Lell တို့က ဆိုသည်။ USB ပစ္စည်း၏ Firmware ပေါ်တွင်ရှိသော Malware သည် Storage တွင်ရှိနေသော Software တစ်ခုအား Backdoor ပါဝင်စေရန် ဖန်တီးခြင်း Keyboard ၏ Firmware ပေါ်ရှိ Malware သည် လိုအပ်သော Command Signal များကို အလိုလိုထုတ်ပေးခြင်းများ ဖြစ်လာပြီး လူတစ်ဉီး သုံးစွဲနေသကဲ့သို့ လုပ်ဆောင်မှုများ ဖြစ်လာမည်ဖြစ်သေည်။

Malware သည် Internet traffic ကိုလည်း အပိုင်စီးထားနိုင်ပြီး Computer ၏ DNS Setting များကို ပြောင်းလဲကာ အသုံးပြုသူအား လမ်းလွှဲ၍ အလိုရှိရာ Server ဆီသို့ ခေါ်ဆာင်သွားနိုင်သည်။ Internet အသုံးပြု၍ရသောပစ္စည်းတွင်  ဝင်ရောက်နေသော Malware အနေဖြင့်လည်း ကြားလူတစ်ယောက်ကဲ့သိုပင် (MiM) တဖက်နှင့်တဖက် စာအပြန်အလှန်ပေးပို့ခြင်းများ စကားအပြန်အလှန်ပြောဆိုခြင်းများကို ကြားဖြတ်ထောက်လှမ်းနိုင်ပါတယ်။

USB ပစ္စည်းပေါ်ရှိ run နိုင်သော File များကို မဖွင့်ရန်သင်ကြားခံခဲ့ရသည်မှာ ကာလအတော်ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ထိုအလေ့အထသည် ယခု Malware ကို မကာကွယ်နိုင်သည်မှာ အသေအချာပင်ဖြစ်သည်။ တိုက်ခိုက်ခံရနိုင်သော နည်းများကို ကောင်းစွာသဘောပေါက်သည့် အသုံးပြုသူများပင်လျှင် မိမိ USB ပေါ်ရှိ Firmware အပြောင်းအလဲကို မစစ်ဆေးမိတတ်ကြပေ။ Firmware များ၏ အဓိကအားနည်းချက်မှာ ထုတ်လုပ်သူ၏ Cryptographic Signature အား မှန်၊ မမှန်စစ်ဆေးနိုင်သော လုပ်ပဆာင်ချက် မရှိခြင်းကြောင့်ဖြစ်သည်။ USB ပစ္စည်းပေါ်ရှိ Firmware အား တိုက်ဆိုင်စစ်ဆေးနိုင်မည့် Code လည်း ရှိမထားပေ။

သာမန်လုပ်ဆောင်မှူ့ထက် အဆပေါင်းများစွာ အန္တရောယ်ရှိသော အဆိုပါ Malware သည် ကွန်ပြူတာတွင် USB အား တပ်လိုက်သည်နှင့် Malware ကူးစက်ခြင်း စတင်မည်ဖြစ်သည်။ "မည်သည့်ရည်ရွယ်ချက်ဖြင့် တင်ပြသည်ဖြစ်စေ အဆိုပါတွေ့ရှိချက်မှ သိရှိလိုက်ရသည်မှာ တစ်ခုတည်းဖြစ်သည်။ ၄င်းမှာ USB ပစ္စည်းများတွင် ဆိုးရွားသောပြဿနာ ရှိသည်ဟူ၍ ဖြစ်သည်” ဟု University of Pennsylvania မှ Computer သိပ္ပံပါမောက္ခ ဖြစ်သူ Matt Blaze က ဆိုသည်။ ဤနည်းကို NSA က အသုံးပြုခဲ့ပြီး ဖြစ်ကြောင်း လွန်ခဲ့သော နှစ်များက Edward Snowden ဖွင့်ချခဲ့သည့်  အကြောင်းအရာများထဲမှ Cottonmouth အမည်ရှိ ထောက်လှမ်းရေးကိရိယာကို ရည်ညွှန်း၍ Blaze က ဆိုသည်။

ထိုင်ဝမ် (Taiwan) ရှိ USB ပစ္စည်းထုတ်လုပ်သူတစ်ဉီးထံသို့  ၄င်းတို၏ တွေ့ရှိချက်ကို ပေးပို့ခဲ့သေးသည် ဟု Nohl က ဖွင့်ဟသည်။ Email ဖြင့် ကြိမ်ဖန်များစွာ အကြောင်းကြားသော်လည်း အဆိုပါလုပ်ငန်းက ဤနည်းသည်မဖြစ်နိုင်ကြောင်း ငြင်းဆိုသည် ဟု ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ USB Implementers Forum သို့  ဆက်သွက်ကြည့်သောအခါ USB Standard နှင့်ပတ်သက်၍ အမြော်အမြင်ရှိသူတစ်ဉီးဖြစ်သော ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Liz Nardozza က ဝယ်ယူသူများအနေဖြင့် ယုံကြည်ရသောထုတ်လုပ်သူထံမှ ဝယ်ယူ၍ စိတ်ချရသောပစ္စည်းများဖြင့်သာ ချိတ်ဆက်အသုံးပြုသွားရန် အကြံပေး ပြောကြားသွားသည်။ လေ့လာသူ ၂ ဉီးထံမှ ထပ်မံသိရှိချက်များအရ အချို့သော လုပ်ငန်းရှင်ကြီးများအနေဖြင့် ၄င်းတိုလုပ်ငန်းတွင် သီးသန့် အသုံးပြုနိုင်စေရန် USB ထုတ်လုပ်သူများနှင့် Code Signing ပြုလုပ်ကာ စိတ်ချရသော ပစ္စည်းများ ဝယ်ယူခြင်း USB နှင့် ပတ်သက်သော မူဝါဒသစ်များ ချမှတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

သင့်အနေဖြင့် USB ကို ၀ယ်ယူအသုံးပြုမည်ဆိုပါက နည်းပညာကုမ္ပဏီကို သေချာရွေးချယ်ရန်နှင့် USB များသည် လုံခြုံစိတ်ချမှူ့မရှိတော့သည် ဆိုသည့်အချက်ကို သတိပြုဆင်ခြင်သင့်ပေသည်။

13-1-2016
သတင်းစီစဉ် တင်ဆက်သူ : Bub90d (MEHN Team)
USB ၏ လုံခြုံမှူ့ ကျိုးပေါက်နိုင်သော အားနည်းချက် USB ၏ လုံခြုံမှူ့ ကျိုးပေါက်နိုင်သော အားနည်းချက် Reviewed by Myanmar Ethical Hacking News on 7:48 PM Rating: 5

No comments:

MEHN Team. Powered by Blogger.