အန္တရာယ်ရှိလာနိုင်သော Hidden Tear Ransomware



ပညာပေးရန် ရည်ရွယ်သည်ဆိုသော Github ပေါ်ရှိ Ransomware တစ်မျိုးသည် သတင်းအချက်အလက် လုံခြုံရေးနယ်ပယ်တွင် တောမီးပမာပျံ့နှံ့သွားပြီဖြစ်သည်။ Hidden Tear အမည်ရှိ Open-Source Ransomware တစ်မျိုးကို တူရကီလုံခြုံရေးအဖွဲ့တစ်ခုဖြစ်သော Otku Sen က Github ပေါ်တွင် တင်ပေးခဲ့သည်။ ၎င်း Ransomware သည် ကူးစက်ခံရသော အသုံးပြုသူများ၏ File များကို ဝှက်စာသွင်းနိုင်သည်။ သို့ရာတွင် ဝှက်စာဖော်သော Key မရှိသောကြောင့် အဆိုပါ File များကို ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ပေ။ အချို့သော ပုဂ္ဂိုလ်များ ကလည်း အဆိုပါ Ransomware မှာ တလွဲသုံးမည့်သူများအား မျှားဖမ်းထားသော ထောင်ချောက်သာဖြစ်သည်ဟု ဆိုသည်။ အဆိုပါ Code များဖြင့် ပြုလုပ်ထားသော Ransomware ကို လက်တွေ့အသုံးချ လိုက်လျှင်ပင် Oktu Sen အဖွဲ့သည် ဝှက်စာဖော်ပေးနိုင်မည်ဖြစ်သည်။


Hidden Tear အား ဖန်တီးလိုက်သော အဖွဲ့က အဆိုပါ Code သည် အသိအမြင်ပေးနိုင်သော်လည်း အတော် အသင့် အန္တရာယ်ရှိကြောင်း၊ လွဲမှားစွာ အသုံးပြုမိခြင်းကြောင့် ဥပဒေကို ချိုးဖောက်မိပါက ပြစ်ဒဏ်ကျခံရနိုင်ကြောင်း အစောပိုင်းကာလတွင် အသိပေးထားခဲ့သည်။ အသေးစိတ်ကို Trend Micro ၏ Blog တွင် ဖတ်ရှုနိုင်သည်။


26-1-2016
သတင်းစီစဉ် တင်ဆက်သူ : Nub9d
အန္တရာယ်ရှိလာနိုင်သော Hidden Tear Ransomware အန္တရာယ်ရှိလာနိုင်သော Hidden Tear Ransomware Reviewed by Myanmar Ethical Hacking News on 9:32 PM Rating: 5

No comments:

MEHN Team. Powered by Blogger.