Free Wifi အန္တရာယ်
တိုးတက်ခေတ်မှီနေသော
မြို့ကြီးတွေမှာ Free Wifi ရတဲ့နေရာတွေပေါများလာပါတယ်။ ဥပမာအားဖြင့်
လေဆိပ်တွေ ဟော်တယ်တွေ စားသောက်ဆိုင်တွေမှာ ရှိကြပါတယ်။ တချို့အစိုးရဌာနဆိုင်ရာရုံးတွေ
ပုဂ္ဂလိကကုမ္ပဏီတွေမှာလည်း ဝန်ထမ်းတွေအတွက် Free Wifi ပေးထားကြပါတယ်။
ကျနော်တို့ နိုင်ငံမှာလည်း Internet Bill
ကဈေးကြီးနေသေးတော့ Free Wifi ကိုအားကိုးပြီး
Download ဆွဲချင်သူတွေ များကြပါလိမ့်မယ်။ Free
Wifi သည် Bill တော့သက်သာပါတယ်။ သို့ပေမယ့်
အန္တာရာယ်ရှိတဲ့ အချက်လေးတွေတော့ ရှိပါတယ်။
ပထမဆုံးအချက်ကတော့ Fake Hotspot ပဲဖြစ်ပါတယ်။ ကိုယ်ကတော့ Wifi အစစ်ကို ချိတ်တယ်လို့ယူဆနေပေမယ့် ဟက်ကာတစ်ယောက်ရဲ့ နာမည်တူဖန်တီးထားတဲ့
Wifi တစ်ခုဖြစ်နေတတ်ပါတယ်။ Fake Hotspot ဖြင့် Wifi အစစ်ကို ကြားကနေ ချိတ်ဆက်ပေးပါတယ်။
Man in Middle Attack (MIMA) ပြုလုပ်လိုက်တာပါပဲ။
Fake Wifi ကိုချိတ်မိတာနဲ့
Network Traffic ကိုကြားဖြတ်ဖမ်းယူနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ဝင်ခဲ့တဲ့ Website တွေ Username,
Password တွေကိုသိရှိနိုင်ပါတယ်။ နောက်ပြီး ဟက်ကာမှ Malicious လင့်တွေပေးပို့ပြီး
ထိန်းချုပ်ရယူမှုပြုလုပ်ခြင်း ခံရနိုင်ပါတယ်။ အဲဒီနောက်မှာတော့
အရေးကြီးတဲ့အချက်အလက်တွေဖြစ်တဲ့ Username, Password တွေကိုရရှိသွားနိုင်ပါတယ်။
Open
Wifi တွေမှာဆိုရင်တော့ ဟက်ကာတွေကနေ Network ကို Virus တို့ Malware တို့ဖြင့် Injection ပြုလုပ်ပြီး ဝင်ရောက်ထိန်းချုပ်မှုပြုနိုင်ပါတယ်။
အဲဒီနောက် အရေးကြီးတဲ့အချက်အလက်တွေကို ခိုးယူခြင်းပြုလုပ်နိုင်ပါတယ်။
ဒါကြောင့်အကြံပေးလိုတာကတော့
၁။ ကိုယ်နှင့် မရင်းနှီးသော Free
Wifi ကိုသွားမချိတ်ပါနှင့်
၂။ ရင်းနှီးနေပြီးသား Wifi ဖြစ်နေရင်တောင် Username နှင့် Password အသုံးပြုနေရတဲ့
Website (ဥပမာ Gmail, Facebook) တို့ကို
ဖြစ်နိုင်ရင်မဝင်ပါနှင့်
၃။ အကယ်၍ မတတ်သာလို့ ဝင်ရတော့မယ်ဆိုရင်တော့ VPN
ကိုသုံးပါ။ VPN မှာ Private
Tunnel တစ်ခုကို Encryption အားဖြင့်တည်ဆောက်ပေးပါတယ်။
ဒါကြောင့် Network ကို
ကြားဖြတ်ဖမ်းယူခြင်းပြုမယ်ဆိုရင်တောင် Plane Data တွေအစား
Encrypted Data တွေကိုသာရရှိပါလိမ့်မယ်။
၎။ ဖုန်းတို့ Laptop တို့မှာ Antivirus တို့ Malware
Detector တို့ကို ထည့်သွင်းထားပါ။ အဆိုပါ Software တွေကို Update ပြုလုပ်ထားပါ။
၅။ ကိုယ့်ဖုန်းဘေလ်နှင့် သုံးစွဲခြင်းကသာ လုံခြုံစိတ်ချရတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
Bill
မတတ်နိုင်လို့ File Size အရမ်းကြီးမှသာ Free
Wifi ဖြင့် Download ဆွဲသင့်ပါတယ်လို့
အကြံပြုပါရစေ။
12-1-2016
သတင်းစီစဉ် တင်ဆက်သူ : Friday
(MEHN Team)
Free Wifi အန္တရာယ်
Reviewed by Myanmar Ethical Hacking News
on
7:48 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:48 PM
Rating:

No comments: