What is Hacker? What is Cyber war?



What is Hacker?

အခုခေတ်လူငယ်တွေကြားထဲမှာ အလွန်ပင် ရေပန်းစားတဲ့စကားလုံးပါ။ တချို့ကလဲ Hacker ဆိုတာနှင့် ကြောက်လန့်နေကြပါတယ်။ ဘာမသိညာမသိနဲ့ပေါ့။ တချို့လူတွေကျတော့လဲ Hacker လို့ဆိုလိုက်တာနှင့် ဟာသလိုလို အထင်သေးသလိုလိုနဲ့ ရှိကြပါတယ်။ အခုကျွန်တော်လေ့လာမိသလောက် ပြောပြချင်တာကတော့ Hacker ဆိုတာက တကယ်တော့ တီထွင်မှုစွမ်းအားမြင့်မားသည့် သူမျိုးတွေလိုပဲ သတ်မှတ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူများတွေ မလုပ်နိုင်တဲ့ အလုပ်မျိုးတွေကို သူတို့လုပ်နိုင်တယ်။ အရမ်းထူးချွန်တဲ့သူမျိုးတွေပေါ့။ Program တွေရေးတယ်။ နည်းပညာအသစ်အဆန်းတွေ တီထွင်ကြတယ်။ အဲ့လိုလူမျိုးတွေကိုမှ Hacker လို့ခေါ်တာပါ။ Hacker တွေကို အမျိုးစားခွဲပြရရင်တော့ -

1.White Hat Hacker
2.Black Hat Hacker
3.Grey Hat Hacker ဆိုပြီး အကြမ်းဖျင်းအားဖြင့် ခွဲခြားနိုင်ပါတယ်။


1.White Hat Hacker

White Hat Hacker ဆိုတာကတော့ လူကောင်းတွေပေါ့။ တစ်နည်းအားဖြင့်ပြောရရင် Defender တွေပေါ့။ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး အေးဆေးပဲနေကြတယ်။

2.Black Hat Hacker

Black Hat Hacker ဆိုတာကတော့ လူဆိုးတွေပေါ့။ သူတို့ကတော့ပြစ်မှုတွေကို Internet ပေါ်မှတစ်ဆင့် ကျူးလွန်ကြတယ်။ Gmail Account တွေခိုးယူကြတယ်။ Bank တွေကိုထိုးဖောက် ၀င်ရောက်ကြတယ်။ Virus တွေရေးပြီး Online ပေါ်ကနေဖြန့်တယ်။ အစရှိတာတွေကို Black Hat Hacker တွေက ကျူးလွန်ကြပါတယ်။ အရမ်းအန္တရာယ်များတဲ့သူတွေပေါ့။

3.Grey Hat Hacker

Grey Hat Hacker ဆိုတာက ဘယ်လိုပြောရမလဲ ဆိုတော့ဗျာ ကောင်းတဲ့သူလို့လဲ သတ်မှတ်လို့ရသလို မကောင်းတဲ့သူလို့လဲ သတ်မှတ်လို့ရတယ်။ ရှင်းပါတယ် ကောင်းတာလုပ်ရင် ကောင်းတဲ့သူ မကောင်းတာလုပ်ရင် မကောင်းတဲ့သူပေါ့ဗျာ ရှင်းသွားတာပဲ။ Hacker အမျိုးအစားတွေကတော့ အများကြီးရှိပါသေးတယ်။ စာရူ့သူတို့ Online မှာ ထပ်ပြီးလေ့လာလို့ ရပါသေးတယ်။ ဒါပေမယ့် အဓိကမင်းသားလေး ကျန်သေးတယ်။ စာရူ့သူတို့ သိမှာပါ။ သူတို့ကတော့ Script Kiddy တွေပါ။ Hacker ကြီးတွေရေးထားတဲ့ Program တွေကိုအသုံးချပြီး Hack မယ်တကဲကဲ လုပ်နေတဲ့သူတွေပေါ့ဗျာ။ ကျွန်တော်သိတာပြောရရင် Black ပဲဖြစ်ဖြစ် Grey ပဲဖြစ်ဖြစ် အလကားနေ Hack နေတဲ့သူတွေတော့ မဟုတ်ဘူးဗျ။ သူတို့အတွက် အကျိုးမရှိရင် Enter တောင်ခေါက်ချင်တာမဟုတ်ဘူး။ မကျေနပ်တဲ့သူ ရှိရင်တောင် နည်းနည်းလောက်ပဲ လက်စွမ်းပြကြတာ။ Hacker တွေကအားရင် ဘာလုပ်လဲ စာဖတ်တယ်။ Program တွေရေးတယ် အဲ့ဒါတွေပဲလုပ်နေကြတာ။ ကဲဒီလောက်ဆိုရင် Hacker အကြောင်းကို သိလောက်ပြီလို့ ထင်တယ်ဗျာ။ Cyber War အကြောင်းလေး ဆက်လေ့လာလိုက်ရအောင်။

What is Cyber War?

Cyber War ဆိုတာက အရှင်းဆုံးပြောရရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ Internet ပ်ါကနေ စစ်ဖြစ်တာပေါ့ဗျာ။ ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အများကြီးပါဘဲ။ ဥပမာဗျာ ဟိုတစ်လောက မြန်မာ Hacker တွေထိုင်း ကို Cyber War ဆင်နွဲသွားတယ် ထိုင်းနိုင်ငံရဲ့ ဥပဒေမျှတမှုမရှိလို့ နောက်ပြီး Annonymous လို့ခေါ်တဲ့ Hacker အဖွဲ့ကြီးကလဲ IS တွေကို Cyber War ဆင်နွဲခဲ့သေးတယ်။ ဒါတွေကတော့ လက်ရှိ Cyber War နဲ့ပတ်သက်ပြီး ပြောပြစရာတွေပေါ့။ တခြား Cyber War တွေလည်း အများကြီးရှိပါသေးတယ်။ ဒါကတော့ Cyber War အကြောင်းလေးပါပဲ။

21-1-2016
စီစဉ်တင်ဆက်သူ : Zarni (MEHN Team)
What is Hacker? What is Cyber war? What is Hacker? What is Cyber war? Reviewed by Myanmar Ethical Hacking News on 6:48 PM Rating: 5

2 comments:

  1. Cyber War.တော့ တိုက်မရလို့ COC war ပဲ ချနေတယ် :-) :-)

    ReplyDelete
  2. Check out http://clanshelper.com/ - I got free CoC gems here! Get yous too in less than two minutes!! THE ONLY WORKING FREE GEMS GIVEAWAY FOR COC!!(GZsHkdsSFM)

    ReplyDelete

MEHN Team. Powered by Blogger.