Anti-Virus ထည့်ပေးမည့် Virus
Dridex သည် ဆိုင်ဘာရာဇဝတ်သားများ အသုံးများသည့်
Banking Trojan တစ်မျိုးဖြစ် သည်။ ဇန်နဝါရီလ (၄) ရက် နေ့တွင် အဆိုပါ Dridex ၏ Botnet
အပိုင်းတစ်ခုအား အမည်မသိ ဟက်ကာတစ်ဦးသည် Trojan မှ Download ရယူမည့် Malicious Link
နေရာတွင် Avira အန်တီဗိုင်းရပ်စ်၏ Installer Link ဖြင့် အစားထိုးပေးသွားခဲ့ကြောင်း
သိရသည်။
Cridex ၏ မျိုးကွဲတစ်ခုဖြစ်ပြီး
Bugat ဟူ၍လည်း လူသိများသည့် Dridex ကို အရှေ့ဥရောပရှိ ဆိုင်ဘာ ရာဇဝတ်သားများမှ ဖန်တီးခဲ့သည်ဟု
ယုံကြည်ရပြီး ဘဏ်နှင့်သက်ဆိုင်သည့် အချက်အလက်များ စုဆောင်းရန် ရည်ရွယ်သည်။ ၂၀၁၅ ခုနှစ်
နှောင်းပိုင်းတွင် ချိတ်ဆက်ထားသည့် C&C server အများစုအား ဖြုတ်ချနိုင်ခဲ့သော်လည်း
ကျန်ရှိသည့် Botnet များမှ အသက်ဝင်နေဆဲဖြစ်သည်။
ဗိုင်းရပ်စ်အား Macro ထည့်သွင်းထားသည့်
Microsoft Word ဖိုင်အား တွဲထားသည့် Email အသွင်ဖြင့် ဖြန့်ဖြူး လေ့ရှိသည်။ တွဲထားသည့်
ဖိုင်အား ဖွင့်မိသည်နှင့် ဗိုင်းရပ်စ်၏ Payload ကို အလိုအလျှောက် Download ပြုလုပ်၍
ကွန်ပြူတာတွင် Install ပြုလုပ်မည် ဖြစ်သည်။ ထို့နောက် ကွန်ပြူတာတွင် အသုံးပြုနေသည့်
အကောင့်နှင့် စကားဝှက်များအား ရယူ၍ ဘဏ်နှင့်ဆိုင်သည့်အချက်အလက်များ ရရှိပါက ငွေများကို
ထုတ်ယူ/လွှဲပြောင်းပေးသည်။ သို့ရာတွင် ယခင်နေ့က အဖြစ်အပျက်မှာ Download ပြုလုပ်မိသည့်အခါ
ဗိုင်းရပ်စ်မဟုတ်ဘဲ Avira ၏ အခမဲ့ဗားရှင်း အား ရယူနေခြင်းဖြစ်သည်။
"Malware ၏ Download Link ကို အစားထိုးပြီး
Dridex Loader ကို Download လုပ်ရမယ့်အစား Update ဖြစ်တဲ့ Avira Web Installer ကို
ရယူနိုင်အောင် လုပ်သွားတာပါ။" ဟူ၍ Avira မှ ဗိုင်းရပ်စ်ဆိုင်ရာကျွမ်းကျင်သူ
Moritz Kroll က ပြောကြားခဲ့သည်။
White Hat တစ်ဦးမှ Malware ကူးစက်ခံရသည့်
ဆာဗာတစ်ခုတွင် အစားထိုးလိုက်ခြင်းကြောင့် ထိုသို့ဖြစ်ခဲ့သည်ဟု Avira ကုမ္ပဏီမှ ယူဆသည်။
"ဘယ်သူလုပ်တယ်၊ ဘာကြောင့်လုပ်တယ်ဆိုတာ
သေသေချာချာမသိရသေးပေမယ့် ကျွန်တော်တို့လုပ်လိုက်တာ မဟုတ်ဘူးဆိုတာကတော့ အသေအချာပါပဲ"
ဟူ၍ Kroll က ဖြည့်စွက်ပြောကြားသွားသည်။ ဤသို့ပြုမူခြင်းသည် ပထမဆုံးမဟုတ်ပေ။
CryptoLocker နှင့် Tesla Ransomware များကိုလည်း ယခုကဲ့သို့ပင် Payload ရယူသည့်အခါ
Avira Installer အား ရယူမိစေရန် ပြောင်းလဲခဲ့သည့် သာဓကများ ရှိဖူးသည်။ Hacker တစ်ဦးတည်းက
လုပ်ဆောင်နေခြင်းဖြစ်နိုင်သည်ဟု Kroll က ယူဆသည်။
အင်တာနက်သည် နှစ်ဖက်သွားဓားဖြစ်သောကြောင့်
အကျိုးအမြတ်များသကဲ့သို့ အန္တရာယ်လည်း ကြီးမားသည်။ မိမိတို့၏ ကွန်ပြူတာများတွင် Trojan
များ၏ ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် အောက်ဖော်ပြပါ အခြေခံကာကွယ်နည်းတို့ကို ဂရုတစိုက်
လုပ်ဆောင်ထားသင့်သည် −
• အချိန်နှင့်တပြေးညီ
စစ်ဆေးပေးနိုင်သည့် Update ဖြစ်သော အန်တီဗိုင်းရပ်စ်တစ်မျိုးမျိုးကို ကွန်ပျူတာတွင်
ထည့်သွင်းပါ။
• AlienVault
USM ကဲ့သို့သော ထိုးဖောက်လာမှုများအား ထောက်လှမ်းနိုင်သည့် စနစ် (IDS) တစ်မျိုးမျိုးကို
ထည့်သွင်းထားပါ။
• မိမိနှင့်
မသိသော Email Address များမှ Email ရောက်ရှိလာသည့်အခါ တွဲလျက်ပါလာသည့် ဖိုင်များကို
ဖွင့်ရာတွင် သတိပြုပါ။ အထူးသဖြင့် Word, Excel နှင့် PDF ဖိုင်များအား အထူးသတိထားပါ။
• Microsoft
Office တွင် Maro များ မ Run နိုင်စေရန်နှင့် PDF များအား JavaScript မ Run နိုင်စေရန်
ပိတ်ထားပေးပါ။
10-2-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN
Team)
Anti-Virus ထည့်ပေးမည့် Virus
Reviewed by Myanmar Ethical Hacking News
on
9:44 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
9:44 PM
Rating:

No comments: