ရဲများမှ Dirtbox တပ်ဆင်ထားသော လေယာဉ်ငယ်များကို အသုံးပြုပြီး Cell Phones များကိုခြေရာခံနိုင်ခြင်း



အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Anaheim ရဲ ဌာနမှ DirtBox ဟု ခေါ်တွင်သော ဖုန်းများကို ခြေရာခံနိုင်သည့် စံနစ်ကို အသုံးပြုပြီး ဖုန်းအသုံးပြုသူများကို ခြေရာခံနိုင်ခြင်းနှင့် ဖုန်းနှင့် ဆက်သွယ်လုပ်ဆောင်နေသော လှူပ်ရှားမှူ့များကို ခြေရာခံနိုင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

စာမျက်နှာပေါင်း ၄၀၀ ရှိသော ထုတ်ဝေမှူ့တစ်ခုတွင် ပြည်တွင်းရဲဌာများနှင့် ပြည်ထောင်စု ဥပဒေ ထိန်းသိမ်းရေး အဖွဲ့များသည် DRTBox ကို အသုံးပြုပြီး ဖုန်းများ၏ လှူပ်ရှားမှူ့များကို အမြဲမပြတ်စောင့်ကြည့်နေသည့်အကြောင်းကို ရေးသားဖော်ပြခဲ့သည်။

DRTBox ၏ စစ်ဆင်ရေးသုံး နည်းပညာသည် သန်းပေါင်းများစွာသော Cell Phones များ၏ အချက်အလက်များ ဖုန်းခေါ်ဆိုနေမှူ့များ စကားအပြန်အလှန်ပြောဆိုမှူ့များ ဖုန်းထဲတွင်ရှိသော အမည်စာရင်းများကို ကြည့်ရူ့နိုင်သည်။ DRTBox သည် တစ်ချိန်တည်း တပြိုင်တည်းတွင် ရာပေါင်းများစွာသော ဖုန်းများကို ဖောက်ထွင်းနိုင်ပြီး ဖုန်းခေါ်ဆိုမှူ့များကို ကြားဖြတ်ဖမ်းယူနားထောင်နိုင်ပါသည်။ “ထိုသို့ ဖုန်းများအား ကြားဖြတ်ဖမ်းယူနားထောင်ခြင်းသည် ရာဇ၀တ်မှူ့များ မကျူးလွန်ခင် တားဆီးထိန်းသိမ်းရတာ ဖြစ်ပါတယ်” လို့ Anaheim ရဲဌာနမှ ထိပ်တန်း ရဲအရာရှိတစ်ဦးမှ ပြောကြားခဲ့ပါသည်။


DRTBox ကို လေယာဉ်ငယ်တွင် တပ်ဆင်ပြီး ပစ်မှတ် ဧရိယာအတွင်း တစ်ကြိမ် ပျံသန်းရုံမျှဖြင့် ထောင်ပေါင်းများစွာသော အချက်အလက်များကို ဖမ်းယူရရှိနိုင်ပါသည်။ “ကျွှန်တော်တို့၏ ထုတ်လုပ်မှူ့ပစ္စည်းသည် ပေါ့ပါးခြင်း စွမ်းအင်ကို အနည်းငယ်သာအသုံးပြုထားခြင်း သေးငယ်ခြင်း နှင့် အခြေားသော အကျိုးရှိသည့် လုပ်ငန်းဆောင်တာများ ပါဝင်ပါသည်။ ထို့အပြင် UAV , လေယာဉ်ပျံ ၊ ရဟတ်ယာဉ် နှင့် အခြားသော ပျံသန်းနိုင်သည့်ယာဉ်များ ရေယာဉ်များ စသည်တို့တွင် တပ်ဆင် အသုံးပြုနိုင်ပါသည်” ဟု DRT ၀ဘ်ဆိုက်မှာ ဖော်ပြပါရှိပါတယ်။

DRTBox ၏ အဓိကလုပ်ဆောင်ပုံမှာ Cell Phone Tower အဖြစ် ဟန်ဆောင်ခြင်းဖြစ်သည်။ ဖုန်းများအားလုံးသည် ဖုန်းခေါ်ဆိုမှူ့ပြုလုပ်သည့်အခါ အနီးဆုံး Phone Tower ကို ချိတ်ဆက်လိုက်ခြင်း ဖြစ်သည်။ DRTBox သည် အမှန်တကယ် တည်ရှိသော Phone Tower နှင့် User အကြားသို့ ၀င်ရောက်ကာ Phone Tower အတုအဖြစ် ဟန်ဆောင်ပြီး အချက်အလက်များကို ရယူနိုင်ခြင်း ဖြစ်သည်။ MITM (Man In The Middle) Attack နည်းလမ်းဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။ DRTBox ကို ၀ယ်ယူလိုပါက ဖော်ပြပါ လင့်ခ်တွင် ၀ယ်ယူနိုင်ပါသည်။


11-2-2016
သတင်းစီစဉ် တင်ဆက်သူ - Zarni (MEHN Team)
ရဲများမှ Dirtbox တပ်ဆင်ထားသော လေယာဉ်ငယ်များကို အသုံးပြုပြီး Cell Phones များကိုခြေရာခံနိုင်ခြင်း ရဲများမှ Dirtbox တပ်ဆင်ထားသော လေယာဉ်ငယ်များကို အသုံးပြုပြီး Cell Phones များကိုခြေရာခံနိုင်ခြင်း Reviewed by Myanmar Ethical Hacking News on 9:19 PM Rating: 5

No comments:

MEHN Team. Powered by Blogger.