ပရိုဆက်ဆာ၏ အနောက်တံခါး
MediaTek
ပရိုဆက်ဆာများ အသုံးပြုထားသည့် စမတ်ဖုန်းများတွင် လုံခြုံရေးအားနည်းချက် ရှိနေကြောင်း
သိရှိခဲ့ရသည်။ အဆိုပါ အားနည်းချက်ကို အခွင့်ကောင်းယူပြီး Backdoor အား အသုံးပြုကာ Hackers
များအနေဖြင့် ဖုန်းသုံးစွဲသူ၏ အချက်အလက်များကို
ရယူသွားနိုင်သည်။
Backdoor
ဖြင့် အဝေးမှ ထိန်းချုပ်နိုင်သည့် အားနည်းချက်ကို လုံခြုံရေးဆိုင်ရာသုတေသီ Justin
Case က သိရှိခဲ့ခြင်း ဖြစ်သည်။ MediaTek ကုမ္ပဏီကိုလည်း အကြောင်းကြားပြီး ဖြစ်သည်။ အဆိုပါ
ထိုင်ဝမ် အခြေစိုက် ကုမ္ပဏီသည် တန်ဖိုးနည်းစမတ်ဖုန်းများအတွက် ချပ်စ်နှင့် ပရိုဆက်ဆာများကို
အဓိကထုတ်လုပ် ပေးနေသည့် လုပ်ငန်းဖြစ်သည်။
MediaTek
အနေဖြင့် ပရိုဆက်ဆာများ မှာယူသည့် တရုတ်နိုင်ငံရှိ ဆက်သွယ်ရေးလုပ်ငန်းတစ်ခုအတွက် အဆိုပါ
Debugging လုပ်ဆောင်ချက်အား ဖွင့်ထားပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင်
အခြားမှ မှာယူမှုများတွင်လည်း ထိုလုပ်ဆောင်ချက် ပါဝင်သည့် ပရိုဆက်ဆာများ ပေးပို့မိခဲ့ကြောင်း
ဝန်ခံထားသည်။
Debugging
လုပ်ဆောင်ချက်ပါဝင်ရန် တောင်းဆိုခဲ့သည့် တရုတ်နိုင်ငံမှလုပ်ငန်းအား ပြောဆိုရန်ကိုမူ
ငြင်းဆန်ထားသည်။ သို့သော် တရုတ်နိုင်ငံရှိ ကွန်ယက်ထောက်ပံ့သူအချင်းချင်း ပူးပေါင်းလုပ်ဆောင်နိုင်စေရန်
၎င်းလုပ်ဆောင်ချက်အား ဖန်တီးခဲ့ခြင်းဖြစ်ပြီး Android 4.4 KitKat ဖြင့် အသုံးပြုသည့် စမတ်ဖုန်းများတွင်
အများဆုံးတွေ့ရှိနိုင်ကြောင်း သဲလွန်စပေးခဲ့သည်။
MediaTek
ရှိ လုံခြုံရေးဆိုင်ရာအဖွဲ့ဖြင့် အဆိုပါလုံခြုံရေးအားနည်းချက်ကို ပြုပြင်နိုင်မည့်
နည်းလမ်းအား ရှာဖွေလျက်ရှိသည်ဟု ကတိပြုထားသည်။
8-2-2016
သတင်းစီစဉ် တင်ဆက်သူ -
Nub90d (MEHN Team)
ပရိုဆက်ဆာ၏ အနောက်တံခါး
Reviewed by Myanmar Ethical Hacking News
on
6:30 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:30 PM
Rating:

No comments: