Easter Egg in Chatbox



ကွန်ပြူတာလောကတွင် Easter Egg ဆိုသည်မှာ သာမန် လူသိများသော လုပ်ဆောင်ချက်အပြင် ထင်မှတ်မထားသည့် အခြားပရိုဂရမ်တစ်မျိုး ပါဝင်နေခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဗီဒီယိုဂိမ်းများရှိ Command တွင် မပါသည့် Cheat Code များသည်လည်း Easter Egg တစ်မျိုးပင် ဖြစ်သည်။

Facebook Messenger တွင် စာ၊ စတစ်ကာ၊ ရုပ်ပုံနှင့် GIF  များ ပေးပို့နိုင်သည်ကို သိရှိခဲ့ကြပြီး ဖြစ်သည်။ ယခုအခါ Messenger ၏ Easter Egg တစ်ခုကို သိရှိခဲ့သောကြောင့် စစ်တုရင်ကိုပါ ကစားနိုင်ပြီ ဖြစ်သည်။

လုပ်ဆောင်ရန်မှာ ချက်ဘောက်စ်တွင် @fbchess play ဟူ၍ ရိုက်ထည့်ပေးပြီး ကစားရန်သာ ဖြစ်သည်။ အနည်းငယ် ကြောင်တောင်တောင်နိုင်သောအချက်မှာ လက်ဖြင့်ထိ၍ မရွှေ့နိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း ရိုက်ထည့်ပေးနိုင်သည့် Command များကို @fbchess help ဖြင့် လေ့လာနိုင်သည်။


မိမိက အရောင်တစ်မျိုးမျိုးကို ရွေးချယ်၍ စတင်လိုပါက @fbchess white (သို့မဟုတ်) @fbchess black ဟူ၍ ရိုက်ပေးရမည်ဖြစ်သည်။ ကစားဖော်ကိုလည်း ရွေးချယ်ပေးနိုင်ပြီး ထိုသို့ပြုလုပ်ရန် @fbchess MgMg (မိမိနှင့်ကစားမည့် သူငယ်ချင်း၏ Facebook Account အမည်) ဟူ၍ ရိုက်ပေးရမည် ဖြစ်သည်။

           Pawn                -           P
           Castle               -           C
           Knight               -           K
           Bishop               -           B
           Queen               -           Q
           King                  -           K

ထို့နောက် မိမိရွှေ့လိုသည့်အရုပ်နှင့် ရွှေ့လိုသည့်အကွက်ကို တွဲရိုက်ပေးရမည် ဖြစ်သည်။ ဥပမာ Pawn အား e4 သို့ ရွှေ့လိုပါက Pe4 ဟူ၍ ရိုက်ပေးရမည်။ ရွှေ့လိုသည့်အရုပ်အား စာလုံးအကြီးဖြင့် ရိုက်ပေးရမှသာ အဆင်ပြေမည် ဖြစ်သည်။



သဘောကျစရာတစ်ခုမှာ ရွှေ့လိုက်သောအကွက်ကို @fbchess undo ဖြင့် ပြန်ပြင်နိုင်ခြင်း ဖြစ်သည်။ သို့ရာတွင် ကစားဖော်မှ ခွင့်ပြုမှသာ ပြန်သို့ နောက်ပြန်ထားနိုင်မည် ဖြစ်သည်။ ချက်ကစားခြင်းဖြင့် ပျော်ရွှင်နိုင်ကြပါစေ။

12-2-2016
စီစဉ်တင်ဆက်သူ - Nub90d (MEHN Team)

Easter Egg in Chatbox Easter Egg in Chatbox Reviewed by Myanmar Ethical Hacking News on 1:32 PM Rating: 5

No comments:

MEHN Team. Powered by Blogger.