SSL Certificate အကြောင်း သိကောင်းစရာနှင့် Free SSL Certificate Installation ပြုလုပ်ခြင်း
လုံခြုံရေးဆိုသောအရာတွင် နေရာတိုင်းတွင် လိုအပ်ပါသည်။ မိသားစု အိမ်တစ်အိမ် တိုင်းပြည်တပြည်တွင် လုံခြုံရေးအပြည့်အ၀ရှိမှ နေရထိုင်ရ အဆင်ပြေ စိတ်ချမ်းသာမည် ဖြစ်သည်။ လုံခြုံရေးမရှိသော နေရာတွင် နေထိုင်ရပါက ကျီးလန့်စာ စားနေရသကဲ့သို့ အမြဲထိတ်လန့် ကြောက်ရွံ့နေရမည် ဖြစ်သည်။ Web Developing အပိုင်းတွင်လည်း Website များ၏ လုံခြုံရေးသည် အဓိကဖြစ်ပေသည်။
တိုက်ခိုက်မှူ့များသည် နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရပါသည်။ အင်မတန် လုံခြုံရေး အဆင့်အတန်း မြှင့်မားပါသည်ဟု ကမ္ဘာမှ အသိအမှတ်ပြုထားသော အမေရိကန် စစ်ဆင်ရေးပိုင်းဆိုင်ရာ ပင်တဂွန် Network ပင်လျှင် ထိုးဖောက်တိုက်ခိုက်မှူ့များကို ခံနေရပါတယ်။ သာမန် Website များဆိုလျှင် ဆိုဖွယ်ရာရှိမည် မထင်ပါ။ တိုက်ခိုက်ခြင်း နည်းလမ်းများသည်လည်း နေ့စဉ်နှင့်အမျှ အသစ်အသစ်များ ပေါ်ထွက်လာလျှက်ရှိရာ Web Developer များအနေဖြင့် Websites များကို နည်းပေါင်းစုံဖြင့် ကာကွယ်ထားမှ တော်ကာကျပေမည်။
SSL Certificate Installation အကြောင်းမပြောခင် SSL Certificate အကြောင်းကို အနည်းငယ် ရှင်းပြချင်ပါတယ်။ SSL ရဲ့ နာမည်အရှည်ကတော့ Secure Sockets Layer ဖြစ်ပြီး ၀ှက်စာနည်းပညာ ဟုလည်း ခေါ်တွင်ပြီး Netscape မှ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ SSL သည် User နှင့် Web Server ကြားတွင် ၀ှက်စာနည်းဖြင့် ဆက်သွယ်ထားသော ဆက်သွယ်မှူ့တစ်ခုဖန်တီးပြီး ထိုလမ်းကြောင်းမှသာ အချက်အလက်များကို စီးဆင်းစေပါတယ်။ အခြားသော လမ်းကြောင်းသို့ သွေဖယ်မသွားဘဲ သတ်မှတ်ထားသော SSL လမ်းကြောင်းမှသာ အချက်အလက်များ စီးဆင်းပါတယ်။
SSL ကို Website များတွင် အသုံးပြုချင်ပါက SSL Certificate ကို ရယူပြီး အသုံးပြုချင်သည့် Website တွင် Installation ပြုလုပ်ပေးရမည် ဖြစ်သည်။ SSL Certificate အသုံးပြုထားသော Websites များသည် Browser Address Bar ၏ ဘယ်ဘက်ထောင့်တွင် အစိမ်းရောင် သော့ခလောက်ပုံကို မြင်တွေ့ရမည် ဖြစ်သည်။ ထို့နောက် Website များ၏ ပုံမှန် Address http:// အစား https:// ဟု s တစ်လုံး အပိုပါလာသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ SSL အသုံးပြုထားသော Websites များတွင် Credit Cards အချက်အလက်များ ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းသည့် Form များကို Website ပိုင်သည့် အဖွဲ့အစည်းကသာ မြင်တွေ့နိုင်မည် ဖြစ်သည်။ သန်းပေါင်းများစွာသော စီးပွားရေးလုပ်ငန်းဆိုင်ရာ Websites များသည် SSL Certificate ကို အသုံးပြုကြပါသည်။
Why do I need SSL?
ကျွှန်တော်တို့ ဘာကြောင့် SSL Certificate အသုံးပြုဖို့လိုအပ်တာလဲ? မသုံးလို့မရဘူးလား? စသည်ဖြင့် မေးလာစရာရှိပါတယ်။ SSL Certificate အသုံးပြုဖို့လိုအပ်သည့် Websites များကတော့ အထူးသဖြင့် စီးပွားရေးဆိုင်ရာ Websites များ ဖြစ်သည့် Ecommerce Websites များတွင် အသုံးပြုကြပါသည်။ အဘယ့်ကြောင့်ဆိုသော် Ecommerce Websites များတွင် အင်တာနက်မှတဆင့် ငွေပေးချေသည့် စံနစ်ပါဝင်တတ်ပါသည်။ ထိုစံနစ်များ လုံခြုံမှူ့ရှိစေရန် နှင့် အချက်အလက်စီးဆင်းမှူ့များ လုံခြုံမှူ့ရှိစေရန် စသည့် ရည်ရွယ်ချက်များကြောင့် SSL ကို အသုံးပြုရခြင်း ဖြစ်ပါတယ်။ အကယ်၍ Ecommerce Websites များတွင် SSL Certificate မပါရှိပါက ထို Website မျိုးကို ယုံကြည်စိတ်ချစွာ အသုံးမပြုသင့်ပေ။
What is a Certificate Authority (CA)?
Certificate Authority ဆိုတာကတော့ အဖွဲ့အစည်တစ်ခုမှ လုံခြုံမှူ့အဆင့်အတန်းအား သတ်မှတ်ထားခြင်း သို့မဟုတ် အာမခံထားသော လက်မှတ်ဖြစ်သည်။ ဥပမာ - Security ပညာကို လေ့လာနေသော လူငယ်တစ်ဦးကို ကုမ္ပဏီတစ်ခုမှ အလုပ်ခန့်မည်ဆိုပါစို့။ ထိုလူသည် မိမိကိုယ်မိမိ ဘာတတ်ပါသည်ဟု အာမခံလို့မရပေ။ အဖွဲ့အစည်းတစ်ခုမှ ဒီလူသည် Security ပညာရပ်တွင် အမှန်တကယ်တတ်ကျွှမ်းပါသည်ဟု အဖွဲ့အစည်းတစ်ခု သို့မဟုတ် ကျောင်းတစ်ခုမှ အာမခံပေးထားသော အာမခံလက်မှတ် သို့မဟုတ် သင်တန်းဆင်းလက်မှတ် သို့မဟုတ် အသိအမှတ်ပြုလက်မှတ် ရှိရမည်ဖြစ်သည်။ ထို လက်မှတ်သည်သာ ထိုသူသည် အမှန်တကယ် တတ်မြောက်ကြောင်း အာမခံနိုင်ပေသည်။ ထို့အတူပင် SSL Certificate ဆိုသည်မှာ User နှင့် Web Server ကြားတွင် အာမခံ တစ်ခုထားရှိလိုက်ခြင်းဖြစ်သည်။ Certificate တွင် ဘယ်မှထုတ်ပေးသည် ဘယ်အတွက်ဖြစ်သည် စသည့် အသေးစိတ်အချက်အလက်များပါဝင်ပါသည်။ Certificates များကို Certification Practice Statement (CPS) မှ ထုတ်ပေးပါသည်။ စီးပွားရေးလုပ်ငန်းများဆိုင်ရာတွင် အသုံးပြုရန်အတွက် Certificates ပေါင်း မြောက်များစွာရှိပါသည်။ Certificate ၀န်ဆောင်မှူ့သည် အခမဲ့ ရမည်တော့မဟုတ်ပေ။ ၀န်ဆောင်မှူ့အတွက် ငွေကြေးကုန်ကျမှူ့ရှိမည် ဖြစ်သည်။ SSL Certificates များသည် တစ်ခုနှင့်တစ်ခုမတူညီပါ အမျိုးအစားလိုက် ငွေကြေးပမာဏ ကွာခြားပါသည်။
What is browser compatibility?
ငွေပေးချေထားသော Certificate သည် စာချစ်သူ၏ Website ကို အခြား Certificate တစ်ခုမှ ယုံကြည်ရသော Website တစ်ခုဖြစ်ကြောင်း ထောက်ခံပေးထားခြင်းဖြစ်သည်။ တနည်းအားဖြင့် Digital နည်းဖြင့် အာမခံ လက်မှတ်ထိုးပေးထားခြင်း ဖြစ်သည်။ ထို အာမခံပေးနိုင်သော Certificate သည် Root Certificate ဖြစ်ပြီး User ၏ Browser ထဲတွင် ရှေးဦးကတည်းကပင် တည်ရှိနေခြင်း ဖြစ်သည်။ ထိုသို့ အာမခံပေးထားသည့်အတွက် User ၏ Web Browser တွင် စာချစ်သူ၏ Website SSL Certificate ကိုပါ ယုံကြည်ရသည့် စာရင်းထဲတွင် သွင်းထားမည် ဖြစ်သည်။ အကယ်၍ Root Certificate ၏ လက်မှတ်မပါရှိသော အာမ မခံထားသော Website များ သို့မဟုတ် Certificate အတုများ ၀င်ရောက်လာပါက Browser မှ ၀င်ရောက်လာသော Website သည် မယုံကြည်ရကြောင်း User ကို သတိပေး Message ပေးပို့မည် ဖြစ်သည်။
How many domain names can I secure?
Certificate တစ်ခုသည် Domain or Sub-Domain တစ်ခုကိုသာ ကိုယ်စားပြုမည်ဖြစ်သည်။ ဥပမာ - Certificate တစ်ခုသည် www.yourdomain.com ormail.yourdomain.com တစ်ခုတည်းကိုသာ လုံခြုံမှူ့ပေးမည် ဖြစ်သည်။ တစ်ခုတည်းဝယ်ထားပြီး Main Domain ကော Sub-Domain ကော လုံခြုံမှူ့မပေးနိုင်ချေ။ အကယ်၍ Main Domain ကော Sub-Domain Name ကော လုံခြုံမှူ့လုပ်ချင်ပါက အကုန်လုံးကို အကာအကွယ်ပေးနိုင်မည့် Certificate အမျိုးအစားကို ၀ယ်ယူရမည် ဖြစ်သည်။ ကုန်ကျစရိတ်ပိုမို နိုင်ပါသည်။ ဥပမာ - www.yourdomain.com ,mail.yourdomain.com, support.yourdomain.com စသည့် အကုန်လုံးကို အကာအကွယ်ပေးမည် ဖြစ်သည်။
What is a trust seal?
တံဆိပ်နှိပ်ချက်ပါဝင်သော Certificate သည် Website ကို ယုံကြည်ရသော Website တစ်ခုဖြစ်သည် မဖြစ်သည်ကို ခွဲခြားပေးနိုင်ပါသည်။ တံဆိပ်နှိပ်ချက်ပါဝင်သော Certificate ကို Webpage တွင် ဖော်ပြပေးထားခြင်းဖြင့် Website ယုံကြည်မှူ့ကို ရယူနိုင်ပါသည်။
SSL Certificate Reviews
SSL Certificates များကို ထုတ်ပေးသော ကုမ္ပဏီပေါင်း များစွာရှိပါတယ်။ ယခုဖော်ပြမည့် SSL Certificates Company များသည် စာချစ်သူများကို မည်သည့် SSL Certificate ကို ရွေးချယ်သင့်သည်ဆိုတာကို အကူအညီပေးပါလိမ့်မယ်။ SSL Certificates Company တိုင်းတွင် မတူညီသော ၀န်ဆောင်မှူ့ မတူညီသော ပမာဏ မတူညီသော အရည်သွေး မတူညီသော လုပ်ဆောင်မှူ့ မတူညီသော ဈေးနှုန်းများ ရှိပါသည်။ SSL Certificates Review ဇယားတွင် ဖော်ပြထားသော SSL Certificates Company များကို သေချာစွာ လေ့လာကြည့်ရူ့ပြီး မည်သည့် SSL Certificates သည် မိမိနှင့် ကိုက်ညီသည်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
What does a certificate authority do?
.
Certificate ဆိုသည်မှာ ဘယ်သူဘယ်ဝါ ဖြစ်သည်ကို ထောက်ခံပေးသော အထောက်အထားဖြစ်သည်။ အဖွဲ့အစည်းတစ်ခုမှ အတည်ပြုပေးထားသော Certificate များသည် Public Key and Private Key များကို အသုံးပြုပြီး Digital နည်းဖြင့် လက်မှတ် ရေးထိုးထားခြင်း ဖြစ်သည်။ Certificates အားလုံးတို့တွင် Root Certificate တစ်ခုရှိသည်။ ထို Root Certificate မှ ကျန်သော Certificates များကို ထောက်ခံပေးနိုင်ပါသည်။ Root Certificates သည် Web Browser ထဲတွင် Installation စလုပ်သည့်အချိန်ကတည်းကမှ စပြီး တစ်ပါတည်းပါဝင်ပြီးသားဖြစ်သည်။ ထို့ကြောင့် Root Certificate ၏ ထောက်ခံချက်ဖြင့် အခြားသော Certificate များ ၀င်ရောက်ခွင့်ရရှိကြခြင်း ဖြစ်သည်။ Certificates များ၏ အရည်အသွေးနှင့် ဈေးနှုန်းများကို ဖော်ပြပါလင့်တွင် ၀င်ရောက်ပြီး နှိုင်းယှဉ် ကြည့်ရူ့နိုင်ပါသည်။
.
Certificate ဆိုသည်မှာ ဘယ်သူဘယ်ဝါ ဖြစ်သည်ကို ထောက်ခံပေးသော အထောက်အထားဖြစ်သည်။ အဖွဲ့အစည်းတစ်ခုမှ အတည်ပြုပေးထားသော Certificate များသည် Public Key and Private Key များကို အသုံးပြုပြီး Digital နည်းဖြင့် လက်မှတ် ရေးထိုးထားခြင်း ဖြစ်သည်။ Certificates အားလုံးတို့တွင် Root Certificate တစ်ခုရှိသည်။ ထို Root Certificate မှ ကျန်သော Certificates များကို ထောက်ခံပေးနိုင်ပါသည်။ Root Certificates သည် Web Browser ထဲတွင် Installation စလုပ်သည့်အချိန်ကတည်းကမှ စပြီး တစ်ပါတည်းပါဝင်ပြီးသားဖြစ်သည်။ ထို့ကြောင့် Root Certificate ၏ ထောက်ခံချက်ဖြင့် အခြားသော Certificate များ ၀င်ရောက်ခွင့်ရရှိကြခြင်း ဖြစ်သည်။ Certificates များ၏ အရည်အသွေးနှင့် ဈေးနှုန်းများကို ဖော်ပြပါလင့်တွင် ၀င်ရောက်ပြီး နှိုင်းယှဉ် ကြည့်ရူ့နိုင်ပါသည်။
Why buy cheap SSL certificates?
Certificates များ၏ ဈေးနှုန်းများသည် မသေးလှပေ။ ထို့ကြောင့် တစ်ခါတစ်ရံတွင် ဈေးနှုန်းသက်သာသော Certificates များကို ရွေးချယ်သင့်သည်။ ဈေးနှုန်းသက်သာသည့် Certificates များကို ရွေးချယ်ခြင်းသည် အမြဲတမ်း မှန်ကန်သည့် ရွေးချယ်မှူ့တော့ မဟုတ်ပေ။ ဈေးနှုန်းသက်သာသော Certicates များသည် Domain တစ်ခုတည်းကိုသာ ကာကွယ်ပေးနိုင်ပြီး Customer များအတွက် စိတ်ချယုံကြည်ရမှူ့ အဆင့်အတန်း အမြင့်ဆုံးကို ပေးစွမ်းနိုင်မည်တော့မဟုတ်ပေ။ ထို့ကြောင့် ဈေးနှုန်းသက်သာသော Certificates များကို Ecommerce Websites များနှင့် အခြားသော အရေးကြီးသော စီးပွားရေးလုပ်ငန်းများဆိုင်ရာ Websites များတွင် အသုံးမပြုသင့်ပေ။ ဈေးနှုန်းသက်သာသည့် Certificates များကို Mail Server များ ပုံမှန် အင်တာနက် Websites များ စသည်တို့တွင် အသုံးပြုနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ပုံမှန် Website များတွင် Credit Card ကဲ့သို့သောအချက်အလက်များ စီးဆင်းစရာမလိုဘဲ Encryption ၀ှက်စာတစ်မျိုးတည်းသာ လိုသည့်အတွက် ဈေးနှုန်းသက်သာသော Certificates များကို အသုံးပြုနိုင်ပါသည်။ ဈေးနှုန်းသက်သာသော SSL Certificates များကို ၀ယ်ယူချင်ပါက ပေးထားသော Link သို့ဝင်ရောက်ပြီး ၀ယ်ယူနိုင်ပါတယ်။
Let’s Encrypt SSL Certificate
Let’s SSL Certificate သည် Free SSL Certificate တစ်ခု ဖြစ်သည်။ Let’s Encrypt SSL Certificates ကို ယခုအခါ မည်သူမဆို အသုံးပြုနိုင်ပြီဖြစ်သည်။
Let’s Encrypt ၏ အားသာချက်များ
Free – SSL Certificates များအတွက် ငွေကြေးကုန်ကျမှူ့မရှိခြင်း
Automatic – Certificates များကို အလိုအလျှောက် Update ပြုလုပ်ပေးနိုင်ခြင်း
Transparent – Certificates များကို မှတ်သားနိုင်ခြင်း ဖျက်သိမ်းနိုင်ခြင်း
Secure - လုံခြုံမှူ့ရှိခြင်း
Installation SSL Certificate
SSL Certificate ကို Installation လုပ်ချင်ပါက Web Server ၏ Admin Access ရရှိထားရမည် ဖြစ်သည်။ ဥပမာ - www.yourdomain.com တွင် SSL Certificate ကို Installation လုပ်ချင်ပါက www.yourdomain.com ၏ Admin Access ရရှိထားရမည်ဖြစ်သည်။
SSL Certificate ကို Installation လုပ်ရန် ဖော်ပြပါ Link သို့ဝင်ရောက်ပြီး Download ချပါ။
git Installation လုပ်ထားပြီးသားမရှိပါက အောက်ပါအတိုင်း git ကို Installation လုပ်ပါ။
apt-get install git
git ကို Installation လုပ်ဆောင်ပြီးပါက Let’s Encrypt Client Application ကို Download ချပါ။
Installation လုပ်ဆောင်ပြီးပါက Enter ကို နှိပ်ပြီး သဘောတူလားမေးသည့် စာကြောင်းကို အဖြေပေးလိုက်ပါ။
Web Server Name ကို ဖြည့်သွင်းပါ။ ဥပမာ - www.yourdomain.com ဆိုပါက ထိုအတိုင်း စာရိုက်ထည့်ပါ။ ထို့နောက် Recovery System အတွက် Email Address ကို ဖြည့်သွင်းပါ။ Teams of Service ကို ကြည့်ရူကြီး Enter ကို နှိပ်ပြီး Installation လုပ်ဆောင်လိုက်ပါ။ နောက်ဆုံတွင် Installation ပြီးမြောက်သွားပါက “Congratulation” ဟုသည့် Message ကို မြင်တွေ့ရမည် ဖြစ်သည်။
How To Configure Nginx/Apache For Let’s Encrypt SSL Certificate
Let’s Encrypt SSL Certificate သည် Nginx or Apache အတွက် Setting ကို တပါတည်း ပြင်ဆင်ပေးမထားပေ။ ထို့ကြောင့် Let’s Encrypt SSL Certificate Installation လုပ်ဆောင်ပြီးပါက Nginx or Apache အတွက် Setting ကို ကိုယ်တိုင် ပြင်ဆင်ပေးရမည် ဖြစ်သည်။ Nginx Configuration File ကို အောက်ပါအတိုင်း ဖွင့်လိုက်ပါ။
$ sudo nano /etc/nginx/sites-available/www.yourdomain.com
အောက်ပါ Code များကို ထပ်မံ ဖြည့်သွင်းပါ။
http{
server{
…
listen 443 ssl;
server_name www.yourdomain.com;
ssl_certificate /etc/letsencrypt/live/www.yourdomain.com/fullchain.pem;
ssl_certificate_key /etc/letsencrypt/live/.www.yourdomain.com/privkey.pem;
…
}
}
File ကို Save ပြီး Nginx Web Server ကို Restart ချပါ။
sudo nginx -s reload
Let’s Encrypt SSL Certificate Installation Guide အပြည့်အစုံကို ပေးထားသော Link တွင် ၀င်ရောက် ဖတ်ရူ့နိုင်ပါသည်။
https://letsencrypt.readthedocs.org/en/latest/using.html
https://letsencrypt.readthedocs.org/en/latest/
Let’s Encrypt SSL Certificate သည် ရက်ပေါင်း ၉၀ ကျော်သွားသည့်အခါ Expire ဖြစ်သွားမည်ဖြစ်သည်။ Expire ဖြစ်သွားသည့်အခါ အသစ်ပြန်လည် တည်ဆောက်ပေးရန် လိုအပ်သည်။ ထို့ကြောင့် အသစ်ပြန်လည်တည်ဆောက်ပေးရန်အတွက် letsencrypt-auto script ကို Installation လုပ်ထားရန် လိုအပ်မည်ဖြစ်သည်။ letsencrypt-auto ကို ပေးထားသော Link တွင် ရယူနိုင်ပါသည်။
.
https://letsencrypt.readthedocs.org/en/latest/using.html…
Websites များ၏ လုံခြုံမှူ့ Customer များမှ ယုံကြည်မှူ့များရရှိရန် SSL Certificates များသည် မလွဲမသွေ လိုအပ်မည်ဖြစ်သည်။ အထူးသဖြင့် Ecommerce Websites များ စီးပွားရေးဆိုင်ရာ Websites များ ဘဏ်လုပ်ငန်းများ စသည်တို့တွင် လိုအပ်မည် ဖြစ်သည်။ SSL Certificates များအကြောင်းကို စာချစ်သူတို့ ဗဟုသုတ တိုးပွားစေချင်းအလို့ငှာ တင်ပြလိုက်ရပါတယ်ခင်ဗျာ။
Reference:
https://www.sslshopper.com/
12-2-2016
စီစဉ်တင်ဆက်သူ - ကိုရီချင် (MEHN Team)
SSL Certificate အကြောင်း သိကောင်းစရာနှင့် Free SSL Certificate Installation ပြုလုပ်ခြင်း
Reviewed by Myanmar Ethical Hacking News
on
6:59 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:59 PM
Rating:

No comments: