Facebook ၏ အသစ်ထပ်ထည့်လိုက်သော Emoji ပုံများ
လွန်ခဲ့သည် တစ်နှစ်ကျော်ကာလတွင် Facebook မှ ကတိပေးထားသော စိတ်ခံစားမှူ့များကို ဖော်ပြသော Emoji ပုံစံများကို ယနေ့မှ စတင်ပြီး ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ Facebook သုံးစွဲသူများမှ Facebook တွင် Like တစ်မျိုးတည်းသာပါဝင်၍ စိတ်ခံစားမှူ့များကို ဖော်ပြရတွင် မထိရောက်နိုင်သဖြင့် တောင်းဆိုခြင်းမှ အစပြုပြီး ယခုအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အစပထမတွင် အသုံးပြုသူများမှ Unlike Button ထည့်သွင်းရန် တောင်းဆိုခဲ့ကြပါသည်။ Unlike Button ထည့်သွင်းလိုက်ပါက အချင်းချင်း မကြေနပ်ချက်များကို ဖော်ပြပြီး မလိုလားအပ်သော ပြသနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် Unlike အစား အခြား စိတ်ခံစားမှူ့ကို ဖော်ပြနိုင်သော Emoji ပုံစံများကို ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။
Facebook မှ ထပ်မံထည့်သွင်းပေးထားသော Emoji ပုံစံများမှာ - ကြိုက်နှစ်သက်သော - Like , ချစ်စရာကောင်းသော - Love , ရယ်စရာကောင်းသော - Laugh , အံ့သြစရာကောင်းသော - Wow , ၀မ်းနည်းပူဆွေးသော - Sad နှင့် စိတ်ဆိုးသော - Angry စသည့် Emoji ပုံ ၆ ပုံကို ထပ်မံထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
အသုံးပြုပုံမှာ Like Icon အပေါ်သို့ Mouse ကို တင်လိုက်သည်နှင့် Emoji ပုံစံများ ဖော်ပြပေးမည်ဖြစ်သည်။ ဖုန်းများတွင်တော့ Like Icon အပေါ်သို့ လက်ကို တင်လိုက်သည်နှင့် Emoji ပုံစံများ ဖော်ပြပေးမည်ဖြစ်သည်။
ထို Emoji ပုံများကို အသုံးပြုပြီး စိတ်ခံစားမှူ့များကို အနီးစပ်ဆုံးဖော်ပြ နိုင်ပြီဖြစ်သည်။ စာချစ်သူများအနေဖြင့်လည်း ယခုသတင်းကို ထို Emoji စိတ်ခံစားမှူ့ Icon လေးများ အသုံးပြုပြီး မိမိတို့၏ စိတ်ခံစားမှူ့များကို ဖော်ပြပေးသွားပါဦးခင်ဗျာ။
24-2-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
Facebook ၏ အသစ်ထပ်ထည့်လိုက်သော Emoji ပုံများ
Reviewed by Myanmar Ethical Hacking News
on
8:49 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:49 PM
Rating:

No comments: