Window 7 အား Installer CD သို့မဟုတ် DVD ဖြင့် အလွယ်ဟက်နည်း
ယခုနည်းလမ်းသည် အကြောင်းအားလျော်စွာ Password မေ့နေသော သူများအတွက် အဆင်ပြေမည့်
နည်းလမ်းတစ်ခု ဖြစ်ပါသည်။ သင့်တွင် Installer CD ခွေရှိရန်သာလိုအပ်ပါသည်။ Window 7
Installer CD သို့မဟုတ် DVD ကိုထည့်ပြီး Boot တက်ပါ။ Repair your computer သို့ဝင်ပါ။
System Recovery Option တွင်
Window 7 ကိုရွေးချယ်ပေးပြီး Next အားဖြင့် နောက်တစ်ဆင့်သို့ဝင်ပေးပါ။ Command Prompt အားဖွင့်ပါ။
Command Pormpt အား ခေါ်ယူပြီးနောက် "copy
d:\windows\system32\cmd.exe d:\windows\system32\utilman.exe" ဟုရိုက်ပါ။
overwrite ပြုလုပ်မည်လားဟူသောမေးခွန်းတွင် yes ပေးလိုက်ပါ။
ထို့နောက် Reboot ချပေးလိုက်ပါ။ Window 7 login သို့ရောက်သောအခါတွင်
Utilman သို့ဝင်ရောက်ပေးလိုက်ပါ။ ထိုအခါ Command Prompt တက်လာမည်ဖြစ်သည်။ တက်လာသော
Command Pormpt တွင် "net user
<username> *” ဟုရိုက်ပါ။ password တောင်းသောအခါတွင် မိမိနှစ်သက်ရာ password
ကိုရိုက်ပါ။ အဆိုပါ password အတိုင်း သင်၏ Window 7 သို့ဝင်ရောက်နိုင်ပြီဖြစ်ပါသည်။
အထက်ဖော်ပြပါနည်းလမ်းဖြင့် Window 10 ကိုလည်းလုပ်ဆောင်နိုင်ပါသည်။
24-2-2016
စီစဉ်တင်ဆက်သူ - Friday (MEHN Team)
Window 7 အား Installer CD သို့မဟုတ် DVD ဖြင့် အလွယ်ဟက်နည်း
Reviewed by Myanmar Ethical Hacking News
on
8:25 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:25 PM
Rating:




No comments: