FBI မှ Darknet အား စောင့်ကြည့်နေခြင်း



TorMail ကို 2013 ခုနှစ်မှ စတင်ကာ စုံစမ်းစစ်ဆေးရေး Federal Bureau of investigation မှ အထူးသတိထား စောင့်ကြည့်နေရသော လူကြိုက်အများဆုံး Dark Web Email Platform တခုဖြစ်ပါတယ်။ သုတေသီတွေများသည် FBI မှ TorMail အသုံးပြုသူများကို စောင့်ကြည့်ရန်အတွက် အစောပိုင်းထဲက NIT (Network Investigative Technique) ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ NIT ဆိုသည်မှာ FBI မှ အသုံးပြုသော Hacking Tool တခုအား ခေါ်ဝေါ်သော အမည်တစ်ခု ဖြစ်ပါတယ်။

ဝါရှင်တန်ပို့စ် ၏ အစီအရင်ခံစာများအရ FBI သည် TorMail အသုံးပြုသူများကို စောင့်ကြည့်ရန်အတွက် NIT ကို အသုံးပြူခဲ့ခြင်းမှာ မှန်ကန်ကြောင်း သက်သေပြခဲ့သည်။ Tor ၏ Email Service သည် လူလိမ်များ မူးယစ်ဆေးဝါးကုန်သည်များ အသက်အရွယ်မပြည့်သေးသော ကလေးပြည့်တန်ဆာများ အများဆုံးအသုံးပြုသည့် Mail တစ်ခုအဖြစ် စွပ်စွဲခံနေရပါတယ်။


ကလေးသူငယ်ညစ်ညမ်းမှုများတွင် ပါဝင်ပက်သက်ထားသူများ၏ Email Account တချို့ကိုလည်း ဖမ်းဆီးရန်အတွက် ဖမ်းဝရန်းရရှိထားပြီဟု ဆိုပါသည်။ FBI သည် သုံးစွဲနေသူများအပေါ် တိတိကျကျ ပစ်မှတ်ထားရမည့်အစား အပြစ်မရှိသော သာမန်အသုံးပြုသူများ၏ Privacy အပေါ်တွင်လည်း အာရုံထားနေပုံရပါတယ်။

2015 ခုနှစ် အတွင်းတွင် FBI သည် အရွယ်မရောက်သေးသော ကလေးငယ်များ လိင်ဖျော်ဖြေရေး Website များကို လာရောက်ကြည့်ရှုခဲ့သော အသုံးပြုသူများ၏ Computer များအတွင်းသို့ Malware များ ထည့်သွင်းခဲ့ပြီး ဖြစ်သည်။ အရေအတွက်မှာ ကွန်ပြူတာ အလုံးရေအနည်းဆုံး ၁၀၀၀ ခန့်အပေါ် Malware များ ဖြန့်ချထားပြီး ဖြစ်သည်ဟု ဆိုပါတယ်။

ယခုအခါ FBI သည် TorMail Service ထဲတွင် Malware များကို ဖြန့်ကျက်ထားပြီး အသုံးပြုသူများအားလုံးကို စောင့်ကြည့်လျှက်ရှိသည်။ ထို့အပြင် ကလေးပြည့်တန်ဆာ လုပ်ငန်းများ လုပ်ကိုင်သည့် Websites များတွင်လည်း Malware များထည့်သွင်းထားပြီး လာရောက်ကြည့်ရူ့ သူများကို နောက်ယောင်ခံ လိုက်နိုင်ရန်အတွက် ကြိုးပမ်းအားထုတ်လျှက် ရှိသည်။ ဤသည်မှာ Operation Pacifier ဟုခေါ်သော ကျယ်ပြန့်သော စစ်ဆင်ရေးတစ်ရပ်၏ အစိတ်အပိုင်းတခုလည်းဖြစ်သည်။

16-2-2016
သတင်းစီစဉ် တင်ဆက်သူ - bel0 (MEHN Team)
FBI မှ Darknet အား စောင့်ကြည့်နေခြင်း FBI မှ Darknet အား စောင့်ကြည့်နေခြင်း Reviewed by Myanmar Ethical Hacking News on 7:57 PM Rating: 5

No comments:

MEHN Team. Powered by Blogger.