NSA မှ ဂျာမနီတို့အပေါ် Malware များ အသုံးပြုပြီး လှို့ဝှက်စွာ ထောက်လှမ်းနေခြင်း
ဂျာမန်တို့သည် အမေရိကန်တို့၏လှို့ဝှက်စုံစမ်းရေးအဖွဲ့
National Security Agency (NSA) နှင့် ဗြိတိန်ထောက်လှမ်းရေးဆိုင်ရာ GCHQ တို့၏ လှို့ဝှက်စုံစမ်းနေမှူ့များအပေါ်
စုံစမ်းစစ်ဆေးလျှက်ရှိပါတယ်။ အဘယ့်ကြောင့်ဆိုသော် မကြာသေးခင်က ဂျာမန်အစိုးရ၏ ထိပ်ပိုင်းဆိုင်ရာ
အကြီးအကဲတစ်ဦး၏ Laptop တွင် NSA နှင့် ချိတ်ဆက်ထားသည်ဟု ယူဆရသည့် Malware တွေ့ရှိခဲ့သောကြောင့်
ဖြစ်သည်။
Der Spiegel ၏ ပေးပို့သော သတင်းပို့ချက်တွင်
အစိုးရထိပ်ပိုင်း ခေါင်းဆောင်ထံတွင် Regin ဟုခေါ်သော Malware တွေ့ရှိရပါသည်ဟု ရေးသားဖော်ပြထားပါတယ်။
ထို Regin Malware သည် အလွန်ပြင်းထန်ပြီး အထူးသဖြင့် အစိုးရအဖွဲ့အစည်းများကို တိုက်ခိုက်ရန်အတွက်
အထူးဖန်တီးထားခြင်း ဖြစ်သည်။ Regin Malware ၀င်ရောက်လာရခြင်းမှာ အမေရိကန်ရှိ
National Security Agency (NSA) နှင့် ဗြိတိန်ရှိ Government Communications
Headquarters (GCHQ) တို့၏ လက်ချက်ဖြစ်တယ်လို့ သတင်းပေးပို့ချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က Regin Malware
အကြောင်းကို The Hacker News မှ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ Regin Malware သည် တိုက်ခိုက်ရာတွင်
အလွန်ထိရောက်စွာ ဆောင်ရွက်နိုင်သော Malware တစ်ခုဖြစ်သည်။ Regin Malware ၏ အဓိကပစ်မှတ်များမှာ
-
Internet Service Providers (ISPs)
ဆက်သွယ်ရေးဆိုင်ရာ ပင်မကွန်ယက်များ
စွမ်းအင်ဆိုင်ရာ ပင်မကွန်ယက်များ
လေကြောင်းဆိုင်ရာ ပင်မကွန်ယက်များ
အစိုးရအဖွဲ့အစည်းများ၏ အဓိကကျသော အချက်အလက်များ
သိုလှောင်ထားရာ နေရာများ
စသည်တို့အပြင် အခြား စွမ်းအားပြင်းသော
တိုက်ခိုက်မှူ့များကိုလည်း ပြုလုပ်နိုင်ပါသည်။ ပြုလုပ်နိုင်သော တိုက်ခိုက်နည်းများထဲမှ
အချို့ကို ဖော်ပြပေးလိုက်ပါ့မယ်။
Screenshots ရိုက်ယူနိုင်ခြင်း
Mouse ကို ထိန်းချူပ်နိုင်ခြင်း
Personal Data and Password များ ခိုးယူနိုင်ခြင်း
Network Traffic များကို ဖမ်းယူနိုင်ခြင်း
စသည့်တို့အပြင် အခြားသော ထိန်းချူပ်မှူ့နှင့်
ခိုးယူခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင် နိုင်ပါတယ်။
Regin Malware နှင့် ဆင်တူသော အခြား စွမ်းအားပြင်း
Malware များမှာ Flame , Duqu and Stuxnet Worm တို့ဖြစ်ပါသည်။ အမေရိကန်တို့သည်
Stuxnet Worm ကို အသုံးပြုပြီး အစ္စရေးတို့၏ နူကလီးယားဆိုင်ရာ စမ်းသပ်မှူ့များကို ထောက်လှမ်းခဲ့ပါတယ်။
Der Spiegel ၏ ရေးသားချက်တွင် Regin
Malware သည် အစိုးရထိပ်ပိုင်းအကြီးအကဲ၏ Laptop တွင်သာမက ရုံးသုံး ကွန်ပြူတာများနှင့်
Servers များအတွင်းပါ ပျံ့နှံ့နေနိုင်သည် ဟု ဖော်ပြထားပါတယ်။ မကြာသေးခင်ကမှ ကမ္ဘာ့ထိပ်တန်း
Hacker တစ်ယောက်ဖြစ်သော Snowden မှ အမေရိကန် NSA အဖွဲ့သည် ဂျာမနီ ခေါင်းဆောင်တစ်ဦးဖြစ်သော
Mrs.Angela Merkel ၏ လက်ကိုင်ဖုန်းကို တိုက်ခိုက်ခဲ့ပါတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သံသယရှိမှူ့ပေါင်းများစွာဖြင့် ဂျာမနီနိုင်ငံရှိ အမေရိကန်နိုင်ငံဆိုင်ရာ တရားရေးဝန်ထမ်း
တစ်ဦးကို ဖမ်းဆီးထိမ်းသိန်းခဲ့ပါတယ်။ နောက်ပိုင်းတွင် သက်သေမရှိသည့်အတွက် ပြန်လည်
လွှတ်ပေးခဲ့ပါတယ်။
ဂျာမန်တို့သည် အမေရိကန်တို့၏လှုပ်ရှားမှူ့များကို
မပြတ်စောင့်ကြည့် စစ်ဆေးလျှက်ရှိပါတယ်။ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း တိုးမြှင့်လိုက်ပြီး
အထူးကြပ်မတ်စစ်ဆေးလျှက်ရှိပါတယ်။
ယနေ့ခေတ်တွင် နည်းပညာများ တိုးတက်ထွန်းကားလာသည်နှင့်အမျှ
တစ်နိုင်ငံနှင့် တစ်နိုင်ငံ စောင့်ကြည့်လျှက်ရှိရာ အတွင်းပိုင်းတွင် Cyber War ဟု ခေါ်သော
နည်းပညာစစ်ပွဲ များသည်လည်း အဆက်မပြတ်ဖြစ်ပွားလျှက် ရှိပါသည်။ ကျွှန်တော်တို့နိုင်ငံအနေဖြင့်လည်း
နည်းပညာဖွံ့ဖြိုးတိုးတက်မှူ့များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်ပြီး အနာဂတ်တွင်ဖြစ်ပေါ်လာမည့်
Electronic War သို့မဟုတ် Cyber War များအတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း အစီရင်ခံ
တင်ပြလိုက်ရပါတယ် ခင်ဗျာ။
17-2-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN
Team)
NSA မှ ဂျာမနီတို့အပေါ် Malware များ အသုံးပြုပြီး လှို့ဝှက်စွာ ထောက်လှမ်းနေခြင်း
Reviewed by Myanmar Ethical Hacking News
on
5:42 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
5:42 PM
Rating:

No comments: