FBI မှ သေနတ်သမား၏ အိုင်ဖုန်း (IPhone) လော့ကုတ်ဖြည်ရန် တောင်းဆိုခဲ့ခြင်း



ယခုတစ်ပတ်အတွင်း ဟိုးလေးတစ်ကျော်ဖြစ်နေသည့် ကိစ္စကတော့ Apple နှင့် FBI တို့အကြားရှိ Encryption Case ပဲဖြစ်ပါတယ်။ San Bernardino မှာ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှူ့တွင် အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံထားရသည့် Syed Farook ၏ အိုင်ဖုန်း Pass Code ကို FBI မှ ဖွင့်ရန်ကြိုးစားခဲ့ကြပါသည်။ သို့သော် Apple ၏ အချက်အလက်များကို ကာကွယ်ထားရှိသည့် မြှင့်မားသော စံနစ်ကြောင့် FBI မှ အိုင်ဖုန်း Pass Code ကို မဖွင့်နိုင်ခဲ့ကြပေ။

ထို့ကြောင့် Department of Justice (DoJ) တရားရုံးမှ Apple ကုမ္ပဏီအား တရားခံ ကိုင်ဆောင်သော အိုင်ဖုန်း၏ Pass Code ကို ဖွင့်ရန် အကြောင်းကြားခဲ့သည်။ သို့သော် Apple ကုမ္ပဏီ မှ ထိုအကြောင်းကြားချက်ကို ငြင်းဆန်ခဲ့သည်။ Apple မှ ပြောကြားချက်အရ Apple ကုမ္ပဏီသည် တရားခံ ကိုင်ဆောင်သော အိုင်ဖုန်း Pass Code ကို ဖြည်ပေးရန် ကူညီနိုင်သော်လည်း နောက်ဆက်တွဲ ဆိုးကျိုးများသည် အိုင်ဖုန်း အသုံးပြုသူများအပေါ် များစွာ သက်ရောက်နိုင်ကြောင်း ဖော်ပြခဲ့သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှူ့ မပြုလုပ်ခင် ရက်သတ္တပတ် ၆ ပတ်အလိုတွင် တရားခံဖြစ်သူ Syed Farook သည် သူ၏ အိုင်ဖုန်း 5C အား iColoud တွင် နောက်ဆုံးအကြိမ် Backup ပြုလုပ်ခဲ့သည်။ ထိုအကြောင်းကိုလည်း Apple မှ FBI သို့ တင်ပြခဲ့ပြီး ဖြစ်သည်။ သို့သော် FBI အနေဖြင့် အောက်တိုဘာ ၁၉ ရက်နေ့ ၂၀၁၅ ခုနှစ် နှင့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ၂၀၁၅ ခုနှစ် အတွင်း တရာခံ၏ အိုင်ဖုန်းအတွင်းရှိ အချက်အလက်များကို အလိုရှိနေခြင်းဖြစ်သည်။ ထိုအချက်အလက်များ ရရှိပါက တရားခံအား ခိုင်မာသော စွဲချက်များဖြင့် တရားစွဲဆိုနိုင်မည် ဖြစ်သည်။ FBI အနေဖြင့် တရားခံ အိုင်ဖုန်းကို ပတ်စဝေါ့များကို တိုက်ဆိုင် စစ်ဆေးသည့်နည်း (Brute Force Attack) ဖြင့် စစ်ဆေးရန်အတွက် အကူအညီပေးစေလိုခြင်း ဖြစ်သည်။


Apple ID Password ကို ဖြည်ရန်အတွက် Device ID အသစ်တစ်ခု ဖန်တီးရမည် ဖြစ်ပြီး ထိုမှတဆင့် iCloud ကိုချိတ်ဆက်ကာ ဖြည်ရမည်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်သည် အလိုအလျှောက် လုပ်ဆောင်သည့် စံနစ်မဟုတ်ဘဲ လူကိုယ်တိုင် လုပ်ရသည့် စံနစ်ဖြစ်သည်။ ထို့ကြောင့် FBI မှ တရားခံ၏ အိုင်ဖုန်းအား လှို့ဝှက်ကုတ် ဖြည်ရန်အတွက် အခက်အခဲဖြစ်နေခဲ့ခြင်း ဖြစ်သည်။

ထိုအခက်အခဲကို ကူညီရန်အတွက် FBI မှ Apple ကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ သို့သော် Apple အနေဖြင့်လည်း လှို့ဝှက်ကုတ်ဖြည်နိုင်သည့် အနောက်တံခါး (Backdoor) ထည့်လိုက်မည်ဆိုပါက Hacker များ ၀င်ရောက်နိုင်ခြင်း နှင့် အခြားသော မလိုလားအပ်သော လုံခြုံရေး ချိုးဖောက်မှူ့ဖြစ်စဉ်များ ဖြစ်ပွားစေနိုင်သဖြင့် Apple မှ ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ Apple နှင့် FBI တို့၏ လွန်ဆွဲပွဲမှာ လွန်စွာမှ စိတ်ဝင်စားစရာကောင်းလှပြီး ဖုန်း နည်းပညာလောကကြီးအတွက် အထူးပင်အရေးပါလှသော ပြဿနာတစ်ရပ်ဖြစ်သည်။ အကယ်၍ Apple ကုမ္ပဏီမှ FBI တောင်းဆိုသည့်အတိုင်း အနောက်တံခါး (Backdoor) ထည့်လိုက်မည်ဆိုပါက Apple အသုံးပြုသူများအတွက် အထူးပင် စိုးရိမ်စရာ တစ်ရပ်ဖြစ်လာမည် ဖြစ်သည်။

29-2-2016
သတင်းစီစဉ် တင်ဆက်သူ - Zarni (MEHN Team)
FBI မှ သေနတ်သမား၏ အိုင်ဖုန်း (IPhone) လော့ကုတ်ဖြည်ရန် တောင်းဆိုခဲ့ခြင်း FBI မှ သေနတ်သမား၏ အိုင်ဖုန်း (IPhone) လော့ကုတ်ဖြည်ရန် တောင်းဆိုခဲ့ခြင်း Reviewed by Myanmar Ethical Hacking News on 6:37 PM Rating: 5

No comments:

MEHN Team. Powered by Blogger.