Federal Bureau of Investigation (FBI) နှင့် Department of Homeland Security (DHS) တို့၏ အချက်အလက်များ ပေါက်ကြားခဲ့ခြင်း
အမည်မသိ
Hacker များမှ အစိုးရ၀န်ထမ်းများ၏ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ပြန်မယ်လို့ကြေညာခဲ့ပါတယ်။
ထုတ်ပြန်မည့် စာရင်းထဲတွင် Federal Bureau of Investigation (FBI) မှ ၀န်ထမ်းပေါင်း
20,000 နီးပါးနှင့် Department of Homeland Security (DHS) မှ အရာရှိ ၀န်ထမ်းပေါင်း
9,000 တို့ပါဝင်ပါတယ်။ သို့သော်လည်း အချက်အလက်များသည် အမှန်စင်စစ်ဖြစ်ကြောင်း သက်သေမပြနိုင်သေးပါဘူး။
Hacker
မှ ပထမအသုတ်အနေဖြင့် DHS ၀န်ထမ်းများ၏ ကိုယ်ရေးအချက်အလက်ပေါင်း ၉၀၀၀ ကို အရင်ဆုံး ဖွင့်ချခဲ့ပါတယ်။
ထို့နောက် FBI Agents များ၏ ကိုယ်ရေးအချက်အလက်ပေါင်း 20,000 ကို ပြီးခဲ့သည် တနလာင်္နေ့
မှာ ဖွင့်ချခဲ့ပါတယ်။ ဖွင့်ချခဲ့သော Hacker ၏ Twitter အမည်မှာ @DotGovs ဖြစ်ပြီး အချက်အလက်များကို
Encrypted Text-Sharing Website တွေအပေါ်မှာ ဖွင့်ချခဲ့တာဖြစ်ပါတယ်။ ဖွင့်ချခဲ့သည့်
အချက်အလက်များမှာ - အမည် အလုပ်အကိုင် ဖုန်းနံပါတ် အီးမေလ်းလိပ်စာ စသည်တို့ပါဝင်ပါတယ်။
Hacker
မှ အခုလို အချက်အလက်များ ဖွင့်ချခဲ့ရခြင်း၏ နောက်ကွယ်မှ စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေရှိပါတယ်။
အချက်အလက်များဖွင့်ချခဲ့သော
နေရာ၏ အစတွင် Hashtag ဖြင့် #FreePalestine ဟု ရေးသားထားပြီး Message တိုလေးတစ်ခုကိုပါ
ရေးသားထားပါတယ်။ ထို Message တွင် “ပါလက်စတိုင်း အထွန့်ရှည်ပါစေ ဂါဇာကိုချစ်တယ် ယခုလုပ်ရပ်သည်
ပါလက်စတိုင်းတို့အတွက်ဖြစ်တယ် ကလေးငယ်များအတွက်ဖြစ်တယ်” စသည့် သတင်းစကားကို ရေးသားထားခဲ့ပါတယ်။
Hacker
မှ US Department of Justice (DoJ) Email များကို ရရှိခဲ့ကာ အဆိုပါဌာန၏ Intranet အတွင်းသို့
ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ပြီး FBI အရာရှိ ၀န်ထမ်းများ၏ အချက်အလက်ပေါင်း 20,000 နှင့်
DHS ၀န်ထမ်းပေါင်း 9,000 ၏ အချက်အလက်များကို ရယူနိုင်ခဲ့ပါတယ်။ ထို့အပြင် စစ်ဘက်ဆိုင်ရာ
အရာရှိများ၏ အချက်အလက်များပါ ရရှိထားတယ်လို့ အဆိုပါ Hacker မှ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
အဆိုပါ အချက်အလက်များကိုတော့ သက်သေအထောက်ထား အခိုင်အမာရှိမှသာလျှင် ထုတ်ပြန်မည်ဖြစ်ကြောင်း
ထပ်လောင်း ပြောကြားခဲ့ပါတယ်။
October
လတုန်းက ဆယ်ကျော်သက်လူငယ်လေးများပါဝင်သော အဖွဲ့တစ်ခုမှ CIA Director John Brennan,
the US spy chief James Clapper,the FBI Deputy Director Mark Giuliano နှင့် အခြားသော
ထိပ်တန်းအရာရှိကြီးများ၏ အီးမေလ်းလိပ်စာများကို Hack ခဲ့ပါသေးတယ်။ သို့ပေမယ် အားလုံးကိုတော့မ
Hack ပြုလုပ်လိုက်နိုင်ခြင်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ US Office of Personnel Management
(OPM) သည် လုံခြုံရေးအထူး တင်းကြပ်ထားသောကြောင့် ဖြစ်ပါတယ်။
“ထိုးဖောက်တိုက်ခိုက်မှူ့များအတွက်
စုံစမ်းစစ်ဆေးမှူ့လုပ်နေပါတယ်။ အခုအထိတော့ အရေးကြီးအချက်အလက်များ ဖောက်ထွင်းခံရမှူ့ရှိ
မရှိဆိုတာ အတည်မပြုနိုင်သေးပါဘူး” ဟု DOJ ၏ ပြောရေးဆိုခွင့်ရှိသည်မှ Guardian သတင်းဌာနသို့
ပြောကြားသွားပါသည်။
ဖောက်ထွင်းခံရပြီး
Encrypted Website မှာ ဖော်ပြခြင်းခံရသည့် အချက်အလက်များထဲတွင် အချို့သောအချက်အလက်များသည်
မှန်ကန်မှူ့မရှိခြင်း ၀န်ထမ်းမဟုတ်တော့သည့်လူများ၏ အချက်အလက်များပါဝင်နေခြင်း လွန်ခဲ့သည့်
တစ်နှစ်ကျော်မှ အချက်အလက်များဖြစ်နေခြင်းတို့ကို တွေ့ရှိရပါတယ်လို့ Guardian မှ တင်ပြခဲ့ပါတယ်။
“စုံစမ်းစစ်ဆေးမှူ့များနှင့်
လုံခြုံရေးတွေကို ယခင်ထက် တိုးမြှင့်သွားမှာပါလို့” FBI ၏ ထိပ်တန်းအရာရှိတစ်ဦးမှ ပြောကြားသွားခဲ့ပါတယ်။
19-2-2016
သတင်းစီစဉ်
တင်ဆက်သူ - Zarni (MEHN Team)
Federal Bureau of Investigation (FBI) နှင့် Department of Homeland Security (DHS) တို့၏ အချက်အလက်များ ပေါက်ကြားခဲ့ခြင်း
Reviewed by Myanmar Ethical Hacking News
on
7:47 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:47 PM
Rating:

No comments: