NSA ၏ လက်နက်အဖြစ် အသုံးချနိုင်သော Skynet Algorithm

2014 ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်း Hacker တစ်ဦးဖြစ်သူ Snowden မှ NSA သည် Skynet Program ကို အသုံးပြုပြီး ပါကစ္စတန်ရှိ ဖုန်းအင်တာနက် ကွန်ယက်များအပေါ် ဖြန့်ကျက် စောင့်ကြည့်နေသည့် အကြောင်းကို ဖွင့်ချခဲ့ပါတယ်။ ဖုန်းကွန်ယက်များမှ ရရှိသောအချက်အလက်များကို Skynet Algorithm ဆီသို့ပေးပို့လိုက်သည့်အခါ ၅၅ မီလီယံသော ပြည်သူပြည်သားများသည် အကြမ်းဖက်သမားများဖြစ်ကြသည် ဆိုသည့် အဖြေကို ထုတ်ပေးပါတယ်။ ထို့နောက် NSA မှ Drone များ စေလွှတ်ကာ တိုက်ခိုက်စေပါတယ်။

လူ့အခွင့်အရေးနှင့် အချက်အလက်များ စီစစ်ရေးဌာနမှ အကြီးအကဲဖြစ်သူ Patrick Ball မှ “NSA ရဲ့ Skynet Algorithm သည် အမှန်တကယ်ကို ဆိုးဝါးလှတဲ့ အချက်အလက်တွေကို ထုတ်ပေးတတ်သည့် အလွဲတကာ့အလွဲဆုံး Algorithm တစ်ခု ဖြစ်ပါတယ်” လို့ ပြစ်တင် ဝေဖန်ပြောဆိုထားပါတယ်။

Skynet သည် ဖုန်းကွန်ယက်များမှ ရရှိသော အရေးကြီးအချက်အလက်များကို ဖုန်းခေါ်နေစဉ်အတွင်း စုစည်းပေးပါတယ်။ အံ့သြစရာကောင်းသည့်အချက်မှာ အသုံးပြုသူသည် ဖုန်းပိတ်လိုက်လျှင်သော်လည်းကောင်း Sim Card ပြောင်းလဲအသုံးပြုလျှင်သော်လည်းကောင်း Skynet သည် ယခင်ရရှိထားသော အချက်အလက်များနှင့် ထပ်မံရရှိသည့် အချက်လက်များကို တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။ ထို့နောက် အကြမ်းဖက်သမား ဖြစ်ကြောင်းကို ကောက်ချက်ဆွဲစေမှာ ဖြစ်ပါတယ်။


မှတ်တမ်းတစ်ခုတွင် NSA မှ ၂၀၁၂ ခုနှစ်မှ အစပြုပြီး ပါကစ္စတန်နိုင်ငံ၏ ဖုန်းအင်တာနက်ကွန်ယက်ရှိ လူဦးရေပေါင်း ၁၂၀ မီလီယံ၏ အချက်အလက်များကိုရရှိထားပြီး ထိုအထဲကမှ ၅၅ မီလီယံသည် အကြမ်းဖက်သမားများ ဖြစ်ဖွယ်ရာရှိသည့် ကောက်ချက်ကို Skynet Algorithm မှ ကောက်ချက်ဆွဲပေးခဲ့သည်။ ဖုန်းအင်တာနက် ကွန်ယက်မှ ရရှိသောအချက်အလက်များကို Skynet Algorithm ထဲသို့ထည့်သွင်းကာ အချက်အလက်များကို စစ်ဆေးပြီး ရမှတ်များသတ်မှတ်ခဲ့သည်။ ရမှတ်အပေါ်မူတည်ပြီး အကြမ်းဖက်သမား ဟုတ် မဟုတ်ကို ခွဲခြမ်းစိတ်ဖြာခြင်း ဖြစ်သည်။ ရမှတ်အများဆုံးသူမှာ အကြမ်းဖက်သမားဟု ယူဆနိုင်ပြီး ရမှတ်နည်းသူများသည် သာမာန်လူများ ဖြစ်သည်။

Ball မှ “NSA ၏ Skynet Algorithm မှာ ပြည့်စုံမှူ့မရှိသေးကြောင်း လိုအပ်ချက်များရှိနေသေးကြောင်း အကြမ်းဖက်သမားများဟု ယူဆရသော စာရင်းများတွင် သာမာန်ပြည်သူများ ပါဝင်နေကြောင်း ” စသည်ဖြင့် ထောက်ပြ ပြောဆိုခဲ့ပါတယ်။

23-2-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)

NSA ၏ လက်နက်အဖြစ် အသုံးချနိုင်သော Skynet Algorithm NSA ၏ လက်နက်အဖြစ် အသုံးချနိုင်သော Skynet Algorithm Reviewed by Myanmar Ethical Hacking News on 6:45 PM Rating: 5

No comments:

MEHN Team. Powered by Blogger.