အံ့သြစရာ တစက္ကန့်ကို 10GB မှ 100GB အထိ ၀န်ဆောင်မှူ့ပေးနိုင်သော အင်တာနက်၂ ( Internet2 )
အင်တာနက်ဆိုသည့် အရာကို လွန်ခဲ့သော ဆယ်စုနှစ်များမှ
စတင် ပေါ်ပေါက်လာခဲ့ပြီး ယနေ့အချိန်တွင် မရှိမဖြစ်သဖွယ် အသုံးတည့်နေသည့် အရာတစ်ခု ဖြစ်လာခဲ့ပါသည်။
အင်တာနက်ကို ကျွှမ်းကျင်စွာ အသုံးချတတ်ပါက တကယ့်ကို မှော်ဆရာတစ်ပါးအလား ထိုင်ရာမထ လိုချင်သည့်အရာများကို
ရရှိနိုင်ပြီး သိချင်သည့်အရာကို တမုဟုတ်ချင်း သိရှိနိုင်မည်ဖြစ်သည်။ များသောအားဖြင့်
Hacker များသည် အင်တာနက်ကို ကျွှမ်းကျင်စွာ အသုံးချတတ်ပြီး ဒိုးကဲ့သို့ မွှေနှောက်နိုင်သူများ
ဖြစ်သည်။ ထို့ကြောင့် Hacker များကို အင်တာနက် မှော်ဆရာများဟုပင် တင်စားလိုက်ချင်ပါသေးသည်။
ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများတွင်
အင်တာနက်ကို အဖိုးနှုန်းချိုသာစွာဖြင့် ရရှိနိုင်မည်ဖြစ်သော်လည်း ကျွှန်တော်တို့ မြန်မာနိုင်ငံတွင်မူ
ယနေ့အထိ အင်တာနက်ကို အလွန်မြင့်မားသော ဈေးနှုန်းဖြင့် ငွေပေးချေ အသုံးပြုနေကြရပြီး
ပြည်သူများထံမှ ပိုက်ဆံများကို အမြတ်ကြီးစားကာ စက်ဆုပ်ဖွယ်ရာ အရင်းရှင်ကြီးများသဖွယ်
ဂုတ်သွေးစုပ် ရယူနေကြသည်ကို စိတ်မကောင်းစွာ တွေ့ရှိရပါသည်။ ဈေးနှုန်းအဆမတန် ပေးရပြီး
အင်တာနက်အမြန်နှုန်း ကောင်းသလားဆိုတော့ လိပ်ကပင် အဖေခေါ်ရမည့် အင်တာနက် အမြန်နှုန်း
ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အင်တာနက်ကို တနိုင်ငံလုံး အခမဲ့ ပေးထားသည့် နိုင်ငံတောင် ရှိပါသည်။
ယခုကျွှန်တော် အသုံးပြုနေသော အင်တာနက်သည် တစ်လမှ မြန်မာကျပ်ငွေဖြင့်တွက်လျှင် တစ်သောင်းဝန်းကျင်သာ
ပေးရပြီး တစ်လလုံး ကြိုက်သလောက်အသုံးပြုနိုင်ပြီး မည်၍မည်မျှ အထိသာ အသုံးပြုရမည်ဟူသော
ကန့်သတ်ချက်မရှိပေ။ အင်တာနက် အမြန်နှုန်းဆိုလျှင်လည်း အလွန်ကောင်းပါသည် တစ်စက္ကန့်ကို
အင်တာနက်ကောင်းသည့် အချိန်တွင် 4Mbps အထိရှိပြီး ပုံမှန်လူအသုံးများသည့် အချိန်ဆိုလျှင်
900 kbps အထိ ရှိပါသည်။ ဒါတောင် အချို့နိုင်ငံများတွင် ယခုထက် ပိုမိုချိုသာသော ဈေးနှုန်းဖြင့်
ပိုမိုကောင်းမွန်သော အင်တာနက်ကို အသုံးပြုနိုင်မည် ဖြစ်သည်။ အင်တာနက် ကောင်းမွန်စွာရရှိရေးအတွက်
စိတ်ဆန္ဒပြင်းပြသူကို ပြပါဆိုလျှင် ကျွှန်တော်သည် ထိပ်ဆုံးမှ ပါဝင်နေမည် ဖြစ်သည်။
အဘယ့်ကြောင့် အင်တာနက်ကို ကောင်းစေချင်ရတာလဲ?
မေးသင့် မေးထိုက်တဲ့မေးခွန်းတစ်ခုပါ။ ယနေ့ ခေတ်သည် အင်တာနက်ခေတ် နည်းပညာခေတ်ဖြစ်ပါသည်။
အလိုရှိသည့်အရာများကို အင်တာနက်မှတဆင့် ထိုင်ရာမထ ရယူနိုင်ပေသည်။ ထို့အပြင် သိချင်သည့်အကြောင်းအရာ
ဖတ်ချင်သည့်စာအုပ်များ စိတ်အပန်းဖြေစရာများသည်လည်း အင်တာနက်တွင် အလွန်ပေါများစွာ အခမဲ့
ရရှိနိုင်မည်ဖြစ်သည်။ အဓိကအားဖြင့် ပညာရေးကဏ္ဍ အတော်လေးကို တိုးတက်လာမည်ဖြစ်သည်။ စာအုပ်ကောင်းများသည်
အင်တာနက်အပေါ်တွင် အချို့မှ စေတနာဖြင့် အခမဲ့ မျှဝေပေးထားခြင်းများ ရှိပါသည်။ ထိုစာအုပ်များကို
ကမ္ဘာ့အကြီးဆုံး အင်တာနက် စာအုပ်ဆိုင်ဖြစ်သော Amazon တွင် သွားရောက်ကြည့်ရူ့ပါက ငွေကြေးပမာဏတစ်ခု
ပေးချေရမည်ဖြစ်သည်။ ထိုကဲ့သို့သော စာအုပ်ကောင်းများကို ၀ယ်ယူရန်အတွက် အခြေခံလူတန်းစာများအဖို့
အလွန်ကြီးမားသော အခက်အခဲကြီးတစ်ခု ဖြစ်ပေလိမ့်မည်။ အကယ်၍ အင်တာနက်လိုင်းများသာ ဈေးနှုန်းချိုသာပြီး
မြန်ဆန်ကောင်းမွန်ပါက အခမဲ့ ဖြန့်ဝေပေးထားသော Websites များကို ရှာဖွေပြီး အခမဲ့ ရယူနိုင်မည်ဖြစ်သည်။
စာအုပ်ထုတ်ဝေခွင့် မူပိုင်ခွင့်ကို ချိုးဖောက်သလိုဖြစ်နေပေမယ့် ဒီလိုမှ မလုပ်ဘူးဆိုရင်
မဖတ်ရုံဘဲ ဖြစ်ပေလိမ့်မည်။ အင်တာနက်တွင် ကောင်းတာများလည်းရှိသလို ဆိုးကျိုးများလည်းရှိပါသည်။
အသုံးပြုသည့် လူအပေါ်တွင်သာ မူတည်ပြီး ကောင်းကျိုး ဆိုးကျိုး ခံစားရမည် ဖြစ်သည်။ အင်တာနက်ကြောင့်သာ
လူငယ်များ ပျက်စီးမည်ဆိုပါက ကမ္ဘာပေါ်တွင် လူကောင်း တစ်ယောက်မျှပင် ကျန်တော့မည် မဟုတ်ပေ။
နောက်တစ်ခုကတော့ အင်တာနက် ကောင်းမွန်လာသည်နှင့်အမျှ လူအများသည် အင်တာနက်မှ ဗဟုသုတများစွာ
ရှာဖွေဖတ်ရူ့နိုင်သည့်အတွက် အသိပညာ ဗဟုသုတများ တိုးတက်လာပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်
အားကိုးရသော ပုဂ္ဂိုလ်များ ဖြစ်လာနိုင်ပါသည်။ အချက်အလက်များကို အချိန်နှင့် တပြေးညီ
လျှင်မြန်စွာသိရှိနိုင်သည့်အတွက် အခြားသောနိုင်ငံများ၏ လှူပ်ရှားမှူ့များကိုလည်း မျက်ခြေမပြတ်
စောင့်ကြည့်နေနိုင်မည်ဖြစ်သည်။ အင်တာနက်လိုင်းများ မြန်ဆန်ကောင်းမွန်လာပါက ရရှိမည့်
နောက်ဆက်တွဲ အကျိုးကျေးဇူးများကို ချရေးပြပါဆိုလျှင် စာတစ်စောင် ပေတဖွဲ့ပင် ဖြစ်သွားပါလိမ့်မည်။
ထို့ကြောင့် အင်တာနက်လိုင်းများ မြန်ဆန်ကောင်းမွန်ရေးသည် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်
အလွန်ပင်အရေးကြီးသော အထူးအလေးပေး ဆောင်ရွက်ရမည့် ကဏ္ဍကြီးတစ်ရပ်ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံများ၏ အင်တာနက်အမြန်နှုန်းများနှင့်
ဈေးနှုန်းများကို ဖော်ပြပါ Link တွင် ၀င်ရောက် လေ့လာနိုင်ပါသည်။
ယခုဆိုလျှင် ကျွှန်တော်တို့နိုင်ငံမှာ
အင်တာနက်ကောင်းဖို့လုပ်နေဆဲ ကြိုးစားနေဆဲ ကာလတွင် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများတွင်
အင်တာနက်၂ ( Internet2 ) ဟုခေါ်တွင်သော နည်းပညာတစ်ရပ်ကို စမ်းသပ်အောင်မြင်ပြီး ဖြစ်နေသည်ကို
မြင်တွေ့ရမည်ဖြစ်သည်။ ဟူး….ကွာလိုက်သည့် ဖြစ်ခြင်း။ ကိုယ်တွေဆီမှာ အခုမှ အင်တာနက်ရယ်လို့
ရဲရဲဝံ့ဝံ့ကြွေးကျော်ပြီး အသုံးပြုလာနိုင်တာ အော်ရီဒူးတို့ တယ်လီနောတို့ ရောက်လာမှ
အရင်တုန်းကဆို အင်တာနက်ဆိုင်နဲ့ဘဲ နှစ်ပါးသွားလာရတာ။ ဘာဘဲဖြစ်ဖြစ် ကျွှန်တော်တို့ ကြိုးစားတည်ဆောက်ရပေဦးမည်။
အင်တာနက်၂ ရဲ့ ၁၉ နှစ်မြောက်မွေးနေ့ကတော့
ဒီနှစ်ထဲမှာ ဖြစ်ပါတယ်။ အတော်တောင်ကြာပြီဘဲ ၁၉ နှစ်တောင်ရှိပြီတဲ့။ အင်တာနက်၂ နည်းပညာ
( Internet2 Technology ) ဖြင့် အံ့သြလောက်စရာကောင်းသော 10 မှ 100 Gbps ကြားတွင်ရှိသော
အင်တာနက် အမြန်နှုန်းကို ထုတ်လွတ်နိုင်မည် ဖြစ်သည်။ သို့သော် အင်တာနက်၂ သည် ပုံမှန်အသုံးပြုသူများတွက်
မဟုတ်သေးပေ။
အင်တာနက်၂ ကို အမေရိကန်ရှိ သုတေသန ကျောင်းပေါင်း
၃၄ ကျောင်းတွင် တပ်ဆင်ပြီး ဖြစ်သည်။ အင်တာနက်၂ ကို တပ်ဆင်အသုံးပြုထားရသည့် ရည်ရွယ်ချက်မှာ
သုတေသနလုပ်ငန်းများကို တစ်ဘက်မှ တစ်ဘက်သို့ ပေးပို့ရာတွင် လုံခြုံစိတ်ချစေရန်နှင့်
လျှင်မြန်စွာ ပေးပို့နိုင်စေရန်ဖြစ်ပြီး အင်တာနက် နည်းပညာ ဖွံ့ဖြိုးတိုးတက် စေရန်အတွက်
ဖြစ်သည်။
အင်တာနက်၂ ၀န်ဆောင်မှူ့ကို အခမဲ့ရမည်တော့
မဟုတ်ချေ။ ယခုမူ အင်တာနက်၂ ၀န်ဆောင်မူ့ကို အသုံးပြုနေသော အဖွဲ့အစည်းများမှာ - တက္ကသိုလ်များ
၊ စီးပွားရေးလုပ်ငန်းများ ၊ စက်ရုံများနှင့် အစိုးရ ဌာနဆိုင်ရာ များတွင် ဖြစ်သည်။ အင်တာနက်၂
၏ ပင်မရုံးချူပ်မှာ Ann Arbor , Michigan မြို့တွင်ရှိပြီး ရုံးခွဲများမှာ Washington,
D.C နှင့် Emeryville , California မြို့တို့တွင် တည်ရှိပါသည်။
အင်တာနက်၂ ကို အင်တာနက်၂ ကွန်ယက်
(Internet2 Network) အသုံးပြုထားပြီး အထူးဖန်တီးထားသော အင်တာနက် ကေဘယ်ကြိုး (
Optical Fiber Cables ) များဖြင့် ချိတ်ဆက်ထားပါသည်။ အင်တာနက်များ ချိတ်ဆက်မိစေရန်
အလွန်ကောင်းမွန်သော Routers များကို အသုံးပြုထားပြီး လုံခြုံရေးအားဖြင့် များစွာ စိတ်ချရသည့်
အနေအထားဖြစ်သည်။
နည်းပညာရှင်များသည် ယနေ့အထိ အင်တာနက်၂
နည်းပညာ ( Internet2 Technology ) ကို စမ်းသပ်လျှက် ရှိနေကြပြီး မဝေးတော့သည့် အနာဂတ်မှာ
ပြည်သူများဆီသို့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ကျွှန်တော်တို့ နိုင်ငံမှ ပြည်သူပြည်သားများလည်း
ထိုကဲ့သို့သော အလွန်လျှင်မြန်သည့် အင်တာနက်လိုင်းများ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အသုံးပြုနိုင်ကြပါစေလို့
တောင်းဆုပြုရင်း…..
15-3-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN
Team)
အံ့သြစရာ တစက္ကန့်ကို 10GB မှ 100GB အထိ ၀န်ဆောင်မှူ့ပေးနိုင်သော အင်တာနက်၂ ( Internet2 )
Reviewed by Myanmar Ethical Hacking News
on
7:16 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:16 PM
Rating:

No comments: