အမေရိကန် ဒေါ်လာ ၁လီလီယံ ခိုးခံလိုက်ရတဲ့ ဘင်္ဂလားဒေ့ခ်ျ ဗဟိုဘဏ်
ဆိုက်ဘာသူခိုးများဟာ
ဘင်္ဂလားဒေ့ခ်ျ ဗဟိုဘဏ်ကို ပစ်မှတ်ထားပြီးတော့ အမေရိကန် ဒေါ်လာ ၁ဘီလီယံ( ယူရိုဒေါ်လာ ၇၀၀
သန်း) ကို ခိုးယူဖို့  ကြိုးစားခဲ့တယ်လို့ Reuters
ထံမှ သိရှိခဲ့ရပါတယ်။
ဘဏ်အရာရှိများ၏
ကောက်နုတ်ချက်အရတော့ ခိုးယူမှု နောက်ကွယ်က ဂိုဏ်းတစ်ခုက သက်ဆိုင်ရာ ထောက်ခံချက်တွေရယူပြီးတော့ တရားဝင် ငွေကြေးလွှဲပြောင်းမှု တောင်းခံတဲ့ ပုံစံမျိုး
အသုံးပြု သွားတာဖြစ်တယ်လို့ပြောသွားခဲ့ပါတယ်။
တကယ်လို့
တောင်းခံမှုတွေဟာ အခက်အခဲ မဖြစ်ခဲ့ဘူးဆိုရင်တော့ သူခိုးဂိုဏ်းဟာ ဒေါ်လာ ၁ဘီလီယံကို ရရှိသွားမှာ
ဖြစ်ပါတယ်။ ဒါပေမယ့် အခြားသော ဘဏ်တွေရဲ့ မသင်္ကာဖွယ် တောင်းဆိုမှုတွေကြောင့် ငွေလွှဲပြောင်းမှုတွေက
ရပ်တန့်  ခဲ့ပါတယ်။
ဖောက်ထွင်းမှုနောက်ကွယ်က
ဟက်ကာတွေကတော့ သမိုင်းထဲက အကြီးမားဆုံး ဖောက်ထွင်းမှု တစ်ခု ဖြစ်တဲ့ Robberies ဘဏ်မှ ဒေါ်လာ သန်း ၈၀ ဖောက်ထွင်းမှုလိုမျိုး
ရမယ်လို့  ယုံကြည်ထားခဲ့ကြပါတယ်။ ဖောက်ထွင်းမှု
မတိုင်မီ တစ်လကျော်လောက်ကပင် သူခိုးဂိုဏ်းဟာ
ဘဂ်လားဒေ့ခ်ျ ဗဟိုဘဏ်ရဲ့ ဘဏ်တွင်းလုပ်ဆောင်မှုတွေကို လေ့လာနေခဲ့တာဖြစ်ပါတယ်။ ဒါဟာ ငွေတွေလွှဲပြောင်းနေချိန်မှာတောင်
သူတို့ဟာ တရားဝင် လွဲပြောင်းနေတဲ့ ပုံစံမျိုး လှည့်စားဟန်ဆောင်နိုင်ခဲ့စေပါတယ်။
မသင်္ကာဖွယ်ရာ
ငွေလွှဲပြောင်းမှု ခေါင်းစဉ်တွေနဲ့  စာလုံးပေါင်းမှားမှုတွေက ဘဏ်ဝန်ထမ်းတွေကို ခိုးယူ
ခံနေရပြီဆိုတာကို သတိပေးဖို့  ကူညီခဲ့တာလို့ Reuters က ပြောသွားပါတယ်။ စာလုံးပေါင်းမှား
မှုတွေထဲက တခု ဖြစ်တဲ့ Deutsche ဘဏ်ကို ငွေလွှဲပြောင်းမှုဟာ ဗဟိုဘဏ်ကို
လွှဲပြောင်းမှုတွေ အားလုံး ရပ်တန့် ဖို့  ညွှန်ကြားစေခဲ့ပါတယ်။
တချိန်တည်းမှာပဲ
နယူးရောက်မှာရှိတဲ့ အရန်ငွေကြေးတွေ ထားတဲ့
ဘဏ်မှ ဘင်္ဂလားဒေ့ခ်ျ ဗဟိုဘဏ်သည် မင်္သကာဖွယ် ငွေကြေးလွှဲပြောင်းတောင်းခံမှုတွေ အစဉ်လိုက်ပြု
လုပ်လာတယ်လို့ သတိထားမိလာစေပါတယ်။ ဒီတောင်းဆိုမှုတွေဟာလည်း ကောင်းမွန်စွာ တောင်းဆိုတယ်လို
့ ယုံကြည်လာစေခဲ့ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူတို့ဟာ မူပိုင်အကောင့်တွေလည်း ဖြစ်သလို၊
သူတို့ဟာ အရမ်းများပြားသောကြောင့်လည်း ဖြစ်ပါ တယ်။
အကယ်လို့သာ
ငွေလွှဲပြောင်းမှုတွေ အားလုံးပြီးသွားခဲ့ရင် သူခိုးတွေဟာ ဒေါ်လာ ၉၅၀ မီလီယံလောက် ရရှိသွား
စေနိုင်မှာ ဖြစ်ပါတယ်။ ဒေါ်လာ ၈၀ မီလီယံလောက် ကိုတော့ သီရီလကာင်္ အကောင့်တွေ၊ ဖီလစ်ပိုင် အကောင့် တွေကနေ နောက်ဆုံးခိုးယူသွားတယ်လို
့ Reuters ကပြောသွားပါတယ်။
ဗဟိုဘဏ်ကတော့
ငွေတွေပြန်ရဖို့အတွက် တရားစွဲဆိုမှုတွေစတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ခ်ျ
အစိုးရကတော့ နယူးရောက်ကို မသင်္ကာဖွယ်ရာ ငွေလွှဲ ပြောင်းမှုတွေကို စောစီးစွာ မပြော တဲ့အတွက် လူသိရှင်ကြား ပြစ်တင်ပြောဆိုထားပါတယ်။
ဘင်္ဂလားဒေ့ခ်ျ
ဘဏာရေးဝန်ကြီး Abul Maal Abdul Muhith ကတော့
အမေရိကန် အကူအညီယူပြီးတော့ တရားဥပဒေနှင့်အညီ ငွေတွေပြန်ရအောင် လုပ်သွားမယ်လို့ပြောသွားခဲ့ပါတယ်။
ဒီမကျေနပ်မှုအတွက် တုန့်ပြန် သွားမယ်လို့လည်း ပြောသွားခဲ့ပါတယ်။
နယူးယောက်
ကတော့ ကျွန်တော်တို့ စနစ်ထဲကို ဟက်ကာတွေ ထိုးဖောက် လို့ မရောက်နိုင်ပါဘူး။ ဘင်္ဂလား ဒေ့ခ်ျ
ဗဟိုဘဏ်ကိုသာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာ စုံစမ်းသင့်ကြောင်း ပြောကြားသွားပါတယ်။
လုံခြုံရေးနှင့်
မူခင်းဆိုင်ရာ လုပ်ပိုင်ခွင့်ရ အဖွဲ့ ကလည်း ဘင်္ဂလားဒေ့ခ်ျ စုံစမ်းထောက်လှမ်းရေးအား ငွေကြေး
ခိုးယူ ခံရမှုနဲ့  ပတ်သက်ပြီးတော့ကူညီသွားမယ်လို့ ပြောကြားသွားပါတယ်။
16-3-2016
သတင်းစီစဉ် တင်ဆက်သူ - |)3@|) $"!"@r (MEHN Team)
သတင်းစီစဉ် တင်ဆက်သူ - |)3@|) $"!"@r (MEHN Team)
အမေရိကန် ဒေါ်လာ ၁လီလီယံ ခိုးခံလိုက်ရတဲ့ ဘင်္ဂလားဒေ့ခ်ျ ဗဟိုဘဏ်
Reviewed by Mr.Thein
on
9:03 AM
Rating:
Reviewed by Mr.Thein
on
9:03 AM
Rating:

No comments: