Online မှ GM Bot (Andrioid Malware)Source Code အား ရှာဖွေတွေ့ရှိခြင်း



မကြာသေးမီက ဒီ Source code ကို Android banking Trojan မှာ ရှာဖွေတွေ့ရှိခဲ့ကြ ပါတယ်။ Online ပေါ်မှာရောက်နေပြီးသား ဒီ Source code ဟာ ကျနော်တို့ရဲ့ Smart Phone တွေကို ဒုက္ခပေးချင်တဲ့သူတွေအတွက် administrator နဲ့ ဝင်ခွင့်ရအောင်လုပ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးဘဲ ကျနော်တို့ Smart Phone တွေထဲမှာ သိမ်းထားတဲ့ data တွေကို ဒုက္ခရောက် အောင် ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်ကြပါတယ်။ Banking Trojan family ကို အမည်များစွာဖြင့် သိကြပါတယ်။ ထိုအမည်များကတော့ Security researchers from FireEye အတွက် SlemBunk၊ Symantec အတွက် Bankosy ဖြစ် ကြပြီး နောက်ဆုံးအပါတ်မှာတော့ Heimdal Security uncoverd အတွက် MarzarBot အဖြစ် အမည်ပေးခဲ့ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ အမည်မျိုးစုံသော Ardroid banking Trojans သည် common threat familyမှ အစပြုခဲ့ ပါသည်။ အဲဒီ common threat family ကို GMBot အဖြစ် အမည်ပေးခဲ့ ကြပါတယ်။ လွန်ခဲ့သော ၂၀၁၄ ခုနှစ်ထဲကနေ IBM ဟာ GMBot ကို ခြေရာခံခဲ့ပါတယ်။

ယင်း GNBot ဟာ Russian cybercrime underground forums (ရှရုားနိုင်ငံအခြေဆိုက် ဆိုက်ဘာပြစ်မှုများ လုပ်ဆောင်နေသော လျှို့ဝှက် online အဖွဲ့အစည်း) မှထွက်ပေါ်လာခဲ့တာ ဖြစ် ပြီး $500/€450 နဲ့ ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ဒီဇင်ဘာမှာ တစ်စုံတစ်ဦးဟာ ယင်း forum မှ GNBot ကို ဝယ်ယူပြီး Online မှာအခမဲ့ဖြန့်ဝေခဲ့တယ်လို့ IBM X-Force team မှထုတ် ပြန်ခဲ့ပါတယ်။

GM Bot ဆိုတာ ဘာလဲ၊ ဘာကြောင့် ကျနော်တို့ သူကို စိုးရိမ်သင့်တာလဲ
MazarBoT ဟုခေါ်သော GM Bot ရဲ့ မကြာသေးမီက version ရဲ့ စွမ်းဆောင်ရည်ကတော့ လူလိမ်တွေက သူတိုကို ယုံကြည်အောင် လုပ်ပြီး Android အသုံးပြုတွေရဲ့ ငွေရေးကြေးရေး တွေကို လိမ်လည်လှည်ဖျားဖို့အတွက် mobile banking applications တွေရဲ့ webpage တွေမှာ phishing page တွေကိုထားပြီး applications ဝယ်ယူသူတွေရဲ့ ငွေတွေကိုလိမ်ယူနိုင်တဲ့အထိ စွမ်းဆောင်ရည်မြင့်ကြပါတယ်။

ဒါရဲ့ အခြားတစ်ဖက်မှာဆိုရင် the banking Trojan တွေဟာ bank security mechanisms ရဲ့ application layer နဲ့ device ရဲ့ secreen lock တို့ကို လူလိမ်တွေ ကျော်ဖြတ်လို့ရအောင် ကူညီ ရာရောက်တဲ့ ဝယ်ယူသူတွေကို ဖုန်းခေါ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်တွေ၊ SMS message တွေကို ကြားဖြတ်ဖမ်းပေးနိုင်တဲ့ စွမ်းဆောင်ရည်များကိုလည်း စွမ်းဆောင်နိုင်ပါတယ်။

Cyber ပြစ်မှုများအတွက် အောက်ပါတို့ကိုပြုလုပ်ရန် Malware တွေကိုသုံး ကြပါတယ်။

  • တိုက်ခိုက်မည့် device ကို ထောက်လှမ်းခြင်း၊
  • တိုက်ခိုက်ခံရသည် device မှ အချက်အလက်များကို ဖျက်ဆီးခြင်း၊
  • တိုက်ခိုက်သူတို့အတွက် ခက်ခဲသော restart ပြုလုပ်ခြင်း၊
  • ကျနော်တို့၏ message များအား ကျနော်တို့ မသိဘဲ အခြားတစ်ယောက်အား ပို့ခြင်း၊ ဖျက်ဆီးခြင်း၊
  • ကျနော်တို့၏ ဖုန်းနံပါတ်စာရင်းများထဲမှ ဖုန်းနံပါတ်များအား မသိအောင် ခေါ်ယူခြင်း၊
  • တိုက်ခိုက်ခံရသော device ၏ အချက်အလက်များအား ဖတ်ခြင်း၊
  • တိုက်ခိုက်ခံရသော phone ၏ အဓိကလုပ်ဆောင်ချက်များအား ဖျက်ဆီးခြင်း၊
  • တိုက်ခိုက်ခံရသော phone ၏ chrome browser မှတဆင့် တိုက်ခိုက်ခြင်း၊
  • တိုက်ခိုက်ခံရသော phone ၏ setting များအား ပြောင်းလဲခြင်း၊
  • တိုက်ခိုက်ခံရသော phone အား ခေတ္တခဏအတင်းပိတ်ခြင်း၊
  • တိုက်ခိုက်ခံရသူ အသုံးပြုသော network သတင်းအချက်အလက်များ ရယူခြင်း၊
  • အင်တာနက် ဝင်ခွင့်ရအောင် ပြုလုပ်ခြင်း၊
  • တိုက်ခိုက်ခံရသူ၏ phone storage အတွင်းတွင် ရှိသော သတင်းအချက်အလက်များအား ဖယ်ရှားနိုင်ခြင်း ( ယင်းအချက်သည် malware ရဲ့အများဆုံးစွမ်းဆောင်နိုင်သော အရေးပါသည့် အချက်ဖြစ်သည်)။
လေ့လာတွေ့ရှိချက်တွေအရ Malware source code ရေးသူအပေါ် မူတည်၍ Malware တွေရဲ့ ဖျက်ဆီးတိုက်ခိုက်မူတွေဟာ ပိုပြီးပြင်းထန်နိုင်ပါတယ်။

GM Bot Android Malware Source Code တွေကို လွယ်လင့်တကူ ရရှိနိုင်လား
ယခုအခါမှာတော့ ဆိုက်ဘာပြစ်မှုကျုးလွန်သူများ နှင့် လူလိမ်များ အတွက် GM Bot Android Source Code နှင့် ယင်း၏ control panel များကိုပါ လွယ်လင့်တကူရရှိနေပါပြီ။

ကျနော်တို့ ဘယ်လိုကာကွယ်မလဲ
အထက်ပါ ဖော်ပြချက်အရ Online အသုံးပြုတွေကို တိုက်ခိုက်ခြင်းမှ ကာကွယ်ဖို့ အောက်ဖော်ပြပါ နည်းလမ်းတွေကို အသုံးပြုရန် အကြုံပြုပါသည်။

  • ကိုယ်တိုင်မသိသော source တွေကို ဘယ်တော့မှ မဖွင့်ပါနှင့်၊
  • ကျနော်တို့ phone ကို ပေးပို့လာသော ကျနော်တို့မသိသော SMS သို့မဟုတ် MMS messages တွေရဲ့ link တွေကို ဘယ်တော့မှ မဝင်ရောက်ပါနှင့်၊
  • ကျနော်တို့ဆီ တရားဝင် ဝင်ရောက်လာသော email ဖြစ်စေကမူ ထို email ၏ source website ကို ဝင်ရောက်ပြီး မှန်မမှန် စစ်ဆေးပြီး လိုအပ်သော updates သာလျှင် လုပ် ဆောင်ပါ၊
  • ကျနော်တို့ device အတွက် Anti-virus applications တွေကို up-to-date ဖြစ်မဖြစ် အမြဲ စစ်ဆေးပေးပါ၊
  • မိမိ phone ရဲ့ settings ထဲမှ Security setting တွင်ရှိသော “Allow installation of applications from sources other than the Play Store” လုပ်ဆောင်ချက်ကို အမြဲပိတ် ထားရန်၊
  • မသိသော wifi နှင့် လုံခြုံမှု မရှိသော wifi hotspots ကို အသုံးပြုပြီး online အသုံးခြင်း များမှ ရှောင်ရှားရန် နှင့် အသုံးမပြုပါက wifi ကိုအမြဲပိတ်ထားရန် တို့ဖြစ်ပါသည်။

14.3.2016
စီစဉ်တင်ဆက်သူ - ကြယ်ကလေး(MEHN Team)
Online မှ GM Bot (Andrioid Malware)Source Code အား ရှာဖွေတွေ့ရှိခြင်း Online မှ GM Bot (Andrioid Malware)Source Code အား ရှာဖွေတွေ့ရှိခြင်း Reviewed by Mr.Thein on 10:41 AM Rating: 5

No comments:

MEHN Team. Powered by Blogger.