ဈေးဝယ်နိုင်သည့် App ၏ မျက်နှာဖုံးနောက်ရှိ မျက်နှာအစစ်



အမှန်တကယ် အလုပ်လုပ်သည့် ဆော့ဖ်ဝဲလ်အဖြစ် ဟန်ဆောင်ခြင်းသည် Hacker တို့၏ သင်ပုန်းကြီးဖတ်စာများထဲမှ တစ်ခုဖြစ်သည်. Android သုံးစွဲသူများအနေဖြင့် ညွှန်းဆိုထားသည့်အတိုင်း လုပ်ဆောင်မည်ဟု မျှော်လင့်လျက် Download ပြုလုပ်မိသော်လည်း ကြော်ငြာများဖြင့် ပြည့်နှက်နေသည့် Adware များကို မကြာခဏ ကြုံတွေ့ဖူးကြသည်. သို့ရာတွင် အလွန်ကောင်းမွန်သည့် ဆော့ဖ်ဝဲလ်အဖြစ် ဟန်ဆောင်ကာ နောက်ကွယ်မှ Malware ကဲ့သို့ ပြုမူနေပါက အခက်ကြုံစရာရှိသည်. Malwarebytes ကုမ္ပဏီသည် ထိုသို့သော Android Malware တစ်ခုကို တွေ့ရှိထားသည်.

Malwarebytes မှ Trojan.FakeUpdates.f ဟူ၍ အမည်ပေးထားသည့် Taobao Client App တစ်ခုသည် ပုံမှန် App တစ်ခုအဖြစ် အလုပ်လုပ်ကာ အချိန်အတန်ကြာပြီးနောက် Update လုပ်ဆောင်သည့်အသွင်ဖြင့် အခြားသော App Store များမှ App များကို Download ပြုလုပ်စေသည်. Taobao သည် တရုတ်နိုင်ငံရှိ လူကြိုက်များသော အင်တာနက်မှ ဈေးဝယ်နိုင်သည့် နေရာတစ်ခု ဖြစ်သည်.


ထိုသို့သော App မျိုးကို ထည့်သွင်းမိပါက မိုဘိုင်းအန်တီဗိုင်းရပ်စ်များမှ (Mobile Antivirus) ထောက်လှမ်းနိုင်မည်မဟုတ်ပေ. အကြောင်းမှာ App ကိုယ်တိုင်တွင် မည်သို့သော မသမာမှုကိုမျှ လုပ်ဆောင်ခြင်းမရှိဘဲ trojan အဖြစ်သာ နေထိုင်၍ ထပ်မံ Download ပြုလုပ်မည့် App များကသာ အဆိုပါလုပ်ငန်းများကို လုပ်ကိုင်ခြင်းကြောင့် ဖြစ်သည်.

Taobao Client သည် ထိုသို့လုပ်ဆောင်သည့် ပထမဆုံးသော App မဟုတ်ပေ. ယခင်ကလည်း Huawei Hotalk နှင့် အခြားသော တရုတ်နိုင်ငံသုံး App အချို့သည်လည်း အလားတူလုပ်ဆောင်မှုမျိုးကို ပြုမူခဲ့ဖူးသည်.

Google Play Store မဟုတ်သော အခြား App Store များရှိ လုပ်ဆောင်ချက်ပြည့်ဝသော စိတ်ချရသည့် App များသည်လည်း Malware များ ဖြစ်နိုင်သည်. Malware ရေးသားသူသည် တရားဝင် App တစ်ခုအတွင်း၌ Trojan အဖြစ် ထည့်သွင်းကာ အဆိုပါ App Store များတွင် တင်ထားနိုင်သည်. အကောင်းဆုံး အကြံပြုလိုသည်မှာ ယုံကြည်စိတ်ချရသည့် App Store များမှ Download ရယူခြင်းပင် ဖြစ်သည်.


8-3-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
ဈေးဝယ်နိုင်သည့် App ၏ မျက်နှာဖုံးနောက်ရှိ မျက်နှာအစစ် ဈေးဝယ်နိုင်သည့် App ၏ မျက်နှာဖုံးနောက်ရှိ မျက်နှာအစစ် Reviewed by Myanmar Ethical Hacking News on 7:20 PM Rating: 5

No comments:

MEHN Team. Powered by Blogger.