အစ္စရေး ဒရုန်းများအား NSA မှ ထိုးဖောက်တိုက်ခိုက်ခြဲ့ခင်း



အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေး တပ်ဖွဲ့ဖြစ်သော NSA (National Security Agency) နှင့် ဗြိတိသျှ နည်းပညာဆိုင်ရာ တပ်ဖွဲ့ GCHQ (Government Communications Headquarters) တို့ပူးပေါင်းပြီး အစ္စရေး၏ စစ်ဆင်ရေးဆိုင်ရာ ဒရုန်းများနှင့် Fighter Jets များကို ဖောက်ထွင်းပြီး ဝေဟင်မှရိုက်ကူးထားသော ဗွီဒီယိုများကို ရယူနိုင်ခဲ့သည်။

အစ္စရေးတို့အတွက် ဒရုန်းများ ထိုးဖောက် တိုက်ခိုက်ခံရခြင်းသည် မကြံစဖူး ထူးကဲလှသော အကြောင်းအရာတစ်ရပ်ဖြစ်ပြီး အမေရိကန်နှင့် မဟာမိတ်များအတွက် အမှန်တကယ်ပင် အကျိုးရှိစေသော ရလဒ်များကို ရရှိစေခဲ့သည်။ The Intercept ၏ စာစောင်တစ်ခုတွင် Edward Snowden မှ အမေရိကန် အစိုးရနှင့် ဗြိတိန်အစိုးရတို့ပူးပေါင်းပြီး “Anarchist” ဟု ခေါ်သော စစ်ဆင်ရေးအမည်ဖြင့် အစ္စရေး ဒရုန်းများကို အမြဲတစေ ဖောက်ထွင်းရန် ကြိုးစားလျှက် ရှိကြောင်း ရေးသားဖော်ပြထားသည်။

ဗြိတိန်အစိုးရသည် မဟာမိတ်တပ်များစုပေါင်းထားသည့် Royal Air Force အမည်ရှိ စစ်ဘက်ဆိုင်ရာထောက်လှမ်းရေး စခန်းများကို ဆိုက်ပရပ်ရှိ Troodos တောင်တန်းများအပေါ်တွင် တည်ဆောက်ထားသည်။ ထိုတောင်တန်းများသည် အစ္စရေး ၊ ဆီးရီးယား တို့နှင့် အလွန်ပင်နီးကပ်စွာ တည်ရှိသည့်အတွက် အချက်အချာ မဟာဗျူဟာမြောက် နယ်မြေဖြစ်သည်။ ထို ထောက်လှမ်းရေးစခန်းများမှနေပြီး အစ္စရေးနှင့် ဆီးရီးယားတို့၏ စစ်ဘက်ဆိုင်ရာ ဒရုန်းများကို တိုက်ခိုက်ခြင်း ဖြစ်သည်။ အသုံးပြုသော Software များမှာ Imaage Magick and AntiSky တို့ကဲ့သို့သော ၀ှက်စာစံနစ်များကို ချိုးဖျက်နိုင်သော Software များကို အသုံးပြုပြီး ဒရုန်းများဖြင့် ရိုက်ကူးထားသော ဗွီဒီယိုဖိုင်များကို ဖောက်ထွင်း ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။


၂၀၀၉ ခုနှစ် နှင့် ၂၀၁၀ ခုနှစ် များတွင် အစ္စရေးဒရုန်းများတွင် ဒုံးကျည်များ တပ်ဆင်ထားပြီး တိုက်ခိုက်ရေးစွမ်းရည်ရှိကြောင်းကို မှတ်တမ်း ဓာတ်ပုံများအရ သိရှိခဲ့ရသည်။ ထိုအကြောင်းကို အစ္စရေးတို့ဘက်မှ ပွင့်လင်းမြင်သာစွာ ချပြခြင်း မရှိခဲ့ချေ။

IAI Heron Drone အား ဖောက်ထွင်းမှူ့မှ ရရှိခဲ့သော မှတ်တမ်းဓာတ်ပုံတစ်ခုတွင် အလွန်ထူးခြားစွာ ပေါ်ထွက်လာခဲ့သည်။ အဆိုပါ ဒရုန်းသည် တိုက်ခိုက်ရေးစွမ်းရည် မြင့်မားပြီး ၃၅၀ ကီလိုမီတာအတွင်း လှူပ်ရှား တိုက်ခိုက်နိုင်စွမ်းရှိသည်။ ထို့အပြင် တိုက်ခိုက်ရေးပစ္စည်း ၁ တန် သယ်ဆောင်နိုင်ပြီး နာရီ ၄၀ ကြာမနားတမ်း ပျံသန်းနိုင်သည်။

ထို ပေါ်ထွက်လာသော ဓာတ်ပုံသည် ပထမဆုံး လူမြင်ကွင်းတွင် ချပြသည့် ဓာတ်ပုံဖြစ်လာခဲ့ပြီး အစ္စရေးတို့၏ ဒရုန်းများဖြင့် တိုက်ခိုက်နိုင်သည့် စွမ်းရည်ကိုပါ တစ်ပါတည်း မီးမှောင်းထိုးပြ နေသကဲ့သို့ဖြစ်သည်။ နောက်ပိုင်း စစ်ပွဲများတွင် လူအချင်းချင်း တိုက်ခိုက်ခြင်းထက် နည်းပညာများဖြင့် တိုက်ခိုက်သည့် နည်းလမ်းများကိုသာ ရွေးချယ်လာသည်ကို မြင်တွေ့ရသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း နည်းပညာများကို သူ့ထက်ငါ အပြိုင်အဆိုင် တီထွင်နေကြပြီး စစ်ရေးအရ လွှမ်းမိုးရန် အစဉ် ကြိုးစားနေကြသည်။ မြန်မာနိုင်ငံသည်လည်း တနေ့မှာ နည်းပညာစစ်ပွဲကို မလွဲမသွေဝင်ရောက် တိုက်ခိုက်ရမည် ဖြစ်သည်။ ထို့ကြောင့် ကျွှန်တော်တို့အနေဖြင့် ကြိုတင်ပြင်ဆင် ထားသင့်ပြီး နည်းပညာစစ်ပွဲများအတွက် အသင့်အနေအထားဖြစ်အောင် အမြဲတမ်း သတိနှင့် နှိုးနှိုးကြားကြား နေထိုင်သင့်ပေသည်။

7-3-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
အစ္စရေး ဒရုန်းများအား NSA မှ ထိုးဖောက်တိုက်ခိုက်ခြဲ့ခင်း အစ္စရေး ဒရုန်းများအား NSA မှ ထိုးဖောက်တိုက်ခိုက်ခြဲ့ခင်း Reviewed by Myanmar Ethical Hacking News on 8:06 PM Rating: 5

No comments:

MEHN Team. Powered by Blogger.