အမေရိကန် အစိုးရမှ ၁၂ လုံးထက်ပိုသော Apple iPhones များကို Unlock လုပ်စေခြင်း



FBI မှ အကြမ်းဖက်သမားတစ်ဦး ပိုင်ဆိုင်သည့် iPhone ကို Unlocking လုပ်ပေးဖို့အတွက် Apple ကို ကူညီပေးရန် ကမ်းလှမ်းခဲ့ပါတယ်။ San Bernardino တွင် ပြီးခဲ့သည့် December လတုန်းက ဖြစ်ပျက်ခဲ့သည့် သေနတ်ဖြင့် ပစ်ခတ်မှုတွင် သေဆုံးသူ ၁၄ ဦး နှင့် ဒဏ်ရာရရှိသူ ၂၄ ဦး ရှိခဲ့ပါတယ်။ အကြမ်းဖက် တိုက်ခိုက်သူမှာ ပါကစ္စတန်နွယ်ဖွား အမေရိကန်နိုင်ငံသား ဖြစ်သည်။

အမေရိကန် တရားရုံးမှ San Bernardino မြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တရားခံ Syed Farook အပါအ၀င် အခြားသော ရာဇ၀တ်တရားခံများ၏ iPhone Lock များကို ဖြည်ပေးရန် Apple ကုမ္ပကို အကူအညီပေးရန် ဆင့်ခေါ်စာပို့ခဲ့သည်။

Wall Street Journal ၏ အစီရင်ခံစာမှာတော့ အစိုးရအာဏာပိုင်များသည် iPhone ထဲမှ ရာဇ၀တ်မှူ့များနှင့် ဆက်နွယ်နေသော အချက်အလက်များကို ဖော်ထုတ်ရန်အတွက်ဖြစ်သည်။ နောက်ထပ် အကြမ်းဖက်မှူ့များ ဖြစ်ပွားနိုင်ခြင်း ရှိ မရှိနှင့် အခြားသော အကြမ်းဖက်မှူ့များနှင့် ဆက်နွယ်နေမှူ့များ အဓိကကြိုးကိုင်နေသည့် တရားခံများကို ဖော်ထုတ်ရန်အတွက် ရာဇ၀တ်သားများ၏ iPhone ထဲတွင် ရှိနေနိုင်မည့် အချက်အလက်များထဲမှ ရှာလိုသည့်အတွက် Phone Lock ကို ဖြည်ပေးရန် Apple ကုမ္ပဏီသို့ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်သည်။

Microsoft ကုမ္ပဏီ၏ အမှူ့ဆောင်အရာရှိချူပ်ဖြစ်သူ Bill Gates မှ Apple ကုမ္ပဏီအနေဖြင့် အစိုးရ၏ လိုလားချက်များကို လိုက်လျောပေးစေလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။ သို့သော် Apple မှ iPhones များကို Lock ဖြည်ပေးရန် ငြင်းဆန်ခဲ့ပါတယ်။ Apple ၏ ရပ်တည်ချက်ကို Facebook , WhatsApp နှင့် Google တို့မှ ထောက်ခံခဲ့ကြပါတယ်။ နိုင်ငံရေးသမားအများစု၏ ထောက်ခံမှူ့ကို ရရှိထားသော Donald Trump မှာ Apple ကုမ္ပဏီအနေဖြင့် အစိုးရ၏ တောင်းဆိုချက်များကို လိုက်လျောသင့်ကြောင်း အစိုးရသည် အကြမ်းဖက်မှူ့များကို တားဆီးနှီမ်နင်းခြင်းဖြစ်ကြောင်း နောက်ဖြစ်ပေါ်လာမည့် အကြမ်းဖက်မှူ့များကိုလည်း ကြိုတင်တားဆီးရာရောက်ကြောင်း စသည်ဖြင့် ဖွင့်ဟခဲ့ပြီး Apple ကုမ္ပဏီမှ Lock ဖြည်ပေးရန်လိုအပ်ကြောင်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

Bill Gates မှ “အစိုးရအာဏာပိုင်များအနေဖြင့် Apple ကုမ္ပဏီကို iPhones တွေမှာ Backdoor ထည့်ဖို့ ဘယ်သူမှ မပြောခဲ့ပါဘူး အခုဖြစ်ပျက်နေသည့် အဖြစ်အပျက်တွင်ပါဝင်နေသော အကြမ်းဖက်သမားများ၏ iPhones များကိုသာ Lock ဖြည်ဖို့ အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။ Apple အနေဖြင့် အစိုးရအဖွဲ့အစည်းကို တဖက်တလမ်းမှ ကူညီသင့်တယ်” ဟု Financial Times ကို ပြောကြားခဲ့ပါတယ်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် Microsoft ကုမ္ပဏီသည် အစိုးရအာဏာပိုင်များနှင့် ပူးပေါင်းပြီး အသုံးပြုသူများ၏ အချက်အလက်များကို ရယူနိုင်စေရန် အကူအညီပေးခဲ့ပါတယ်။ ထို့အပြင် Microsoft ကုမ္ပဏီ၏ ၀ှက်စာစံနစ်ကိုလည်း ဖောက်ထွင်းနိုင်သည့် နည်းလမ်းများကို NSA (National Security Agency) သို့ပေးအပ်ခဲ့ပြီး အသုံးပြုသူများ၏ စံနစ်အတွင်းသို အလွယ်တကူ ၀င်ရောက်နိုင်စေရန် အကူအညီပေးခဲ့ပါတယ်။ Outlook , Skype နှင့် Skydrive များတွင် Backdoor များထည့်သွင်းထားသည့်အကြောင်းကို Edward Snowden မှ စာတမ်းတစ်ခုတွင် ဖွင့်ချခဲ့သည်။

San Bernardino အကြမ်းဖက်မှူ့တွင် သေဆုံးခဲ့သော ဓားစာခံများ၏ မိဘများကတော့ Apple ကို ထောက်ခံခဲ့ပါတယ်။ “FBI,DoJ နှင့် Donald Trump ကဲ့သို့သော နိုင်ငံရေးသမားတွေကတော့ ကိုယ်ပိုင် လွတ်လပ်ခွင့်အကြောင်းကို ဘယ်နားလည်မှာလည်း ကျွှန်မတို့ ဆွေမျိုးသားချင်းတွေ ညီအစ်ကို မောင်နှမတွေ အကြမ်းဖက်တိုက်ခိုက်မှူ့မှာ ကွယ်လွန်ခဲ့ရပေမယ့် Apple ကုမ္ပဏီရဲ့ အသုံးပြုသူများအပေါ် အပြည့်အ၀လုံခြုံမှူ့ ပေးနိုင်သည့်အချက်ကိုတော့ ထောက်ခံပါတယ်” လို့ အကြမ်းဖက်တိုက်ခိုက်မှူ့တွင် ကွယ်လွန်ခဲ့သူများ၏ ကျန်ရစ်သူ မိသားစုများမှ ပြောကြားခဲ့ပါတယ်။

Apple ၏ အသုံးပြုသူများအပေါ် လုံးဝလုံခြုံမှူ့ပေးထားသည့်အချက်ကို စာရူ့သူတို့ သတိပြုမိမည် ဖြစ်သည်။ ထိုအချက်သည် Apple ကုမ္ပဏီ၏ အထူးပင် လေးစားထိုက်ဖွယ် အချက်တစ်ချက် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

9-3-2016
သတင်းစီစဉ် တင်ဆက်သူ - Zarni (MEHN Team)
အမေရိကန် အစိုးရမှ ၁၂ လုံးထက်ပိုသော Apple iPhones များကို Unlock လုပ်စေခြင်း အမေရိကန် အစိုးရမှ ၁၂ လုံးထက်ပိုသော Apple iPhones များကို Unlock လုပ်စေခြင်း Reviewed by Myanmar Ethical Hacking News on 9:14 PM Rating: 5

No comments:

MEHN Team. Powered by Blogger.