CentOs-7 အား Password Reset ပြုလုပ်ခြင်း



ကဲ စာဖတ်သူအားလုံးပဲ မင်္ဂလာပါဗျ အခု Tutorial လေးကတော့ CentOs 7 မှာ Root Password သို့မဟုတ် Other User Password တွေပေးခဲ့ပြီးတော့ ပြန်ဝင်တဲ့အခါ Password မေ့နေတာမျိုးဖြစ်ခဲ့ရင် ဘယ်လို Password Reset ပြန်လည်ပြုလုပ်မလဲဆိုတာကို ပြောပြမှာ ဖြစ်ပါတယ်ဗျ။ ကဲ အားလုံးလိုက်စမ်းဖို့ အဆင်သင့်ဖြစ်ရင် စ လိုက်ကြတာပေါ့။

Password မေ့နေပြီဆိုရင် ဒါမှမဟုတ် ဘယ်လိုမှ Password ကို စဉ်းစားလို့ မရတော့ဘူးဆိုရင်တော့ အခု  ကျွန်တော်ပြောတဲ့ နည်းလမ်းအတိုင်း လိုက်လုပ်ကြည့်လိုက်ပါ။
 
အရင်ဆုံး လုပ်ရမှာကတော့ ကွန်ပြူတာကို Reboot လုပ်လိုက်ပါ။ Reboot ပြန်တက်လာတဲ့အခါ Boot Menu မှာ ပေးထားတဲ့ 5 Second အတွင်း Kernel ထဲကိုပြင်ဖို့ ၀င်ရန် “ e ” ကိုနှိပ်ပါ အောက်ပါ ပုံ ( 1 ) ကိုကြည့်ပါ။






“ e ” ကို နှိပ်ပြီး Bash Shell ထဲ ၀င်လာပြီဆိုရင်တော့ ကျလာတဲ့ စာကြောင်းတွေထဲမှာ ro rd.lvm.lv ဆိုပြီးစတဲ့ စာကြောင်းကိုလိုက်ရှာပါ။ အောက်ပါ ပုံ ( 2 ) ကိုကြည့်ပါ။






အဆိုပါ ro rd.lvm.lv ဆိုတဲ့ စာကြောင်းကို တွေ့ပြီးဆိုရင်တော့ အဓိက ပြင်ရမှာက ro ဆိုတဲ့ စာလုံးနေရာမှာပါ ကဲ အခုပြင်ပါမယ် ro ကိုဖျက်လိုက်ပါ ပြီးရင်တော့ rw init=/sysroot/bin/sh ဆိုပြီး ရိုက်လိုက်ပါ။
အောက်ပါ ပုံ ( 3 ) ကိုကြည့်ပါ။






စာရိုက်ပြီး ပြင်ပြီးသွားပြီဆိုရင်တော့ Single User Mode ထဲဝင်ဖို့ Keyboard ကနေတစ်ဆင့် Ctrl + X ကိုနှိပ်ပေးပါ။ Single User Mode ထဲရောက်ပြီဆိုရင်တော့ chroot /sysroot ဆိုတဲ့ command လေးကိုရိုက်ပေးပါ အောက်ပါ ပုံ ( 4 ) ကိုကြည့်ပါ။






အပေါ်က command ရိုက်ပြီးသွားပြီဆိုရင်တော့ နောက်တစ်ကြောင်းအနေနဲ့ passwd root ဆိုတဲ့ command ကိုရိုက်ပေးပါ အောက်ပါ ပုံ ( 5 )ကိုကြည့်ပါ။


 


ဒီနေရာမှာ တစ်ခုပြောချင်တာက root နေရာမှာ ကိုယ် change ချင်သော user name တွေ ထည့်လို့ရပါတယ်။ ( ဥပမာအနေနဲ့ belo ဆိုတဲ့ user ac ရဲ့ password change ချင်ရင် passwd belo ဆိုပြီးရိုက်ပေးပါ ) ကျွန်တော်က root ရဲ့ password ကို change မှာမို့လို့ root ဆိုပြီးထည့်တာဖြစ်ပါတယ်။ ကဲ ဆက်ကြည့်ရအောင် passwd root ဆိုတဲ့ cmd ရိုက်ပြီးသွားရင် password ပြန်ပေးလို့ရပါပြီ ထုံးစံအတိုင်း re-type ပြန်ရေးခိုင်းပါလိမ့်မယ်။ ရေးပြီးသွားရင် SELiux parameters ကို update လုပ်ဖို့အတွက် အောက်က command လေးကိုရိုက်ပေးပါအုံး

touch /.autorelabel

ကဲ command ရိုက်တဲ့အပိုင်းကတော့ ပြီးသွားပါပြီ ခု exit လုပ်ပြီး reboot ချလိုက်ပါ ပြန်တက်လာပါမယ်။ ခဏစောင့်ပါ အောက် command လိုင်းအဆုံးမှာ ရေတွက်နေတဲ့ ရာခိုင်နှုန်း 100% အထိပြည့်အောင် စောင့်ပါ 100% ပြည့်သွားပြီးသောအခါ reboot ထပ်ကျပါမယ် ပြန်တတ်လာရင်တော့ အားလုံးပြီးပါပြီခင်ဗျ။ အားလုံးဘဲ အဆင်ပြေကြပါစေ။

10-3-2016
စီစဉ်တင်ဆက်သူ - bel0 ( MEHN Team )

CentOs-7 အား Password Reset ပြုလုပ်ခြင်း CentOs-7 အား Password Reset ပြုလုပ်ခြင်း Reviewed by Myanmar Ethical Hacking News on 7:46 PM Rating: 5

No comments:

MEHN Team. Powered by Blogger.