Bash Shell ပါဝင်လာမည့် Window 10


ပြီးခဲ့တဲ့Microsoft's Build Developer ကွန်းဖရင့်တစ်ခုဖြစ်တဲ့ Stable feature of Linux(and Unix) is coming to Window 10 မှာ ထင်မှတ်မထားတဲ့ အကြောင်းအရာတစ်ခု ထွက်ပေါ်လာပါတယ်။ 

အဲဒါကတော့ Linux Bash Shell ကို Window OS မှာ ထည့်သွင်းအသုံးပြုဖို့နဲ့ Ubuntu Linux ရဲ့ Binaries တွေကို Support ပေးတော့မယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဒါဟာ တကယ့် သတင်းကြီးဖြစ်သွားရပါတယ်။ ဘာကြောင့်လဲဆိုတော့ Developer တွေအနေနဲ့ Linux commands တွေကို application တွေ Develope လုပ်မဲ့ အချိန်မှာ ထည့်သွင်းအသုံးပြုလာနိုင်မှာ ဖြစ်သောကြောင့်ဖြစ်ပါတယ်။  

ဒါအပြင် Third-party tools တွေဖြစ်တဲ့ Cygwin၊ Virtual machine တွေကို သုံးနေတဲ့ power user တွေအတွက်လည်း အရေးကြီးတဲ့ သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။ Bash ကို အသုံးပြုခြင်းဟာ Linux User မဟုတ်သူတွေအတွက်တော့ လုံးဝ အသစ်အဆန်းဖြစ်နေမှာတော့ အမှန်ပါပဲ။ Apple's OS X အသုံးပြုသူတွေကတော့ စကတည်းက Apple ဟာ unix roots ကို သုံးထားတာမို့ ထူးဆန်းတာ ဘာမှ မရှိပါဘူး။


သို့ပေမယ့်လည်း Microsoft ကတော့ ခုလို Linux Bash Shell ကို ထည့်သုံးတာအပြင် တခြားသော feature တွေဖြစ်တဲ့ Double Click နှိပ်ရုံနဲ့အဆင်ပြေစွာ window app တွေကို install လုပ်နိုင်တဲ့ အချက်တွေကို ထည့်သွင်းအသုံးပြုထားပါတယ်။

စာဖတ်သူတို့လည်း Linux Bash Command လေးတွေနဲ့ ထိတွေ့ကြရမှာပေါ့ ...

31-3-2016
သတင်းစီစဉ် တင်ဆက်သူ: ကိုသိန်း ( MEHN Team )
Bash Shell ပါဝင်လာမည့် Window 10 Bash Shell ပါဝင်လာမည့် Window 10 Reviewed by Mr.Thein on 12:56 PM Rating: 5

No comments:

MEHN Team. Powered by Blogger.