Window တွင်ပါဝင်သော Samba အားနည်းချက်
Samba
သည် Network File Sharing အတွက် Free & Open Source Software တစ်ခုဖြစ်သည်။
Window တွင် Built in ပါရှိသော Protocol တစ်ခုလည်းဖြစ်သည်။ Window ၏ File Sharing စနစ်တွင်
Samba ကိုအသုံးပြုထားခြင်းဖြစ်သည်။ သုံးစွဲမှုများလှသော OS များဖြစ်ကြသည့် Window,
Linux, Unix, IBM, System 390, OpenVMS တို့ပေါ်တွင်လည်း Samba ကိုအသုံးပြုနိုင်သည်။
Samba ၏ကျေးဇူးကြောင့် GNU/Linux Mac Osx တို့နှင့် Window တို့နှစ်ခုကြားအလွယ်တကူ
File Sharing ပြုလုပ်နိုင်ပေသည်။
လက်ရှိအချိန်တွင်
Samba အားနည်းချက်ကြောင့် Window Version အားလုံးအတွက် စိုးရိမ်ဖွယ် ယိုပေါက်တစ်ခု
ဖြစ်ပေါ်နေကြောင်း Security သုတေသနပညာရှင်များမှ ထုတ်ပြန်ထားကြသည်။ ဖာထေးပေးမည့်
Patch Update ကို လာမည့် Apirl 12 ရက်နေ့တွင် ထုတ်ပေးဖြန့်ချီမည်ဖြစ်ကြောင်း
Microsoft နှင့် Samba ပူးပေါင်း
Development အဖွဲ့မှ ကြေငြာထားသည်။ အဆိုပါအားနည်းချက်ကို
Badlock ဟုအမည်ပေးထားသည်။ Badlock အကြောင်း အသေးစိတ်ကိုသိလိုပါက
http://badlock.org/ တွင်ကြည့်ရှုနိုင်ပါသည်။
ယခုကဲ့သို့
ကြိုတင်အကြောင်းကြား အသိပေးထားသည့် အတွက်ကြောင့် Window Server Administrator များအနေဖြင့်
အထူးဂရုပြု ကာကွယ်နိုင်မည်ဖြစ်သော်လည်း အားနည်းချက်အကြောင်းသိသော အမှောင်လောကသား ဟက်ကာများအနေဖြင့်
ဖောက်ထွင်းနိုင်သော Exploit ကို မြေအောက်လောကတွင် အခြားအမည်တစ်ခုအနေဖြင့် ဖန်တီးပြီး ရောင်းချ ပျံ့နှံ့နေနိုင်ကြောင်း ကျွမ်းကျင်သူများက
သုံးသပ်ထားသည်။
ထို့ကြောင့်
မြန်မာနိုင်ငံမှ Window အသုံးပြုသူများလည်း
Update Patch မပြုလုပ်ရသေးမီ Samba Service ကိုဖွင့်ပြီး Internet ချိတ်ဆက်ခြင်း
ပြုလုပ်ပါက အန္တာရာယ်ရှိလာနိုင်ပါသည်။ Update Patch သည် Window အား ဝယ်ယူအသုံးပြုသူများသာ
ထောက်ပံ့ပေးထားသောကြောင့် Crack Version အသုံးပြုသူများ အနေဖြင့်လည်း အဆင်မပြေနိုင်ပါ။
ကွန်ပြူတာများ မကြာခဏ ရပ်တန့်ခြင်း အလုပ်မလုပ်တော့ခြင်း Window တက်မလာခြင်း အစရှိသည်တို့ ဖြစ်တတ်ပါသည်။
အမှန်အားဖြင့် ယခုကဲ့သို့ ယိုပေါက်များစွာသည် Window တွင်ယခင်ကတည်းက ခဏခဏ ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။
Window အားဝယ်ယူအသုံးမပြုပါက Security ပိုင်းသည်လုံးဝစိတ်မချရပါ။ မြန်မာနိုင်ငံသည်
Window ကိုဝယ်ယူအသုံးပြုသူသည် လက်ချိုးရေတွက်၍ ရသောကြောင့် လုံခြုံမှုအရေးသည် စိတ်မချရသော
အခြေအနေဖြစ်ပါသည်။ ထို့ကြောင့် Free ချပေးသော Ubuntu ကဲ့သို့သော Linux OS များကိုအသုံးပြုသင့်ကြောင်းနှင့်
ထိုကဲ့သို့အသုံးပြုမှသာ လုံခြုံရေးရာ အတော်အတန် စိတ်အေးရမည်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
31-3-2016
သတင်းစီစဉ်
တင်ဆက်သူ - Fr!d@y (MEHN Team)
Window တွင်ပါဝင်သော Samba အားနည်းချက်
Reviewed by Myanmar Ethical Hacking News
on
7:31 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:31 PM
Rating:

No comments: