ပရိုဂရမ်မင်း (Programming) အား အချိန်အနည်းငယ်သာသင်ခဲ့ပြီး သန်းကြွယ်သူဌေးဖြစ်သွားသူ
၂၀၀၅ ခုနှစ်တွင် ဖေ့ဘုတ်သည် အတော်အတန်လူသိများနေပြီ
ဖြစ်သည်။ ကျောင်းပေါင်း (၂၀၀၀) ကျော်မှ သုံ:စွဲနေပြီး နေ့စဉ်ကြည့်ရှုသူပေါင်း (၄၀၀)
ခန့် ရှိနေပြီ ဖြစ်သည်။ ထိုအချိန်တွင် မော့စကိုဗစ်တစ်ယောက်သည် ဖေ့ဘုတ်အား တွဲဖက်တည်ထောင်သူ
ဖြစ်လာသည်။
စာသင်ခန်းထဲ၌ ဇူကာဘက်မှာ ပျင်းရိဖွယ်
ကွန်ပျူတာသိပ္ပံဘာသာရပ်ကို သင်ယူနေရသည်။ အဆိုပါစာသင်ချိန်များတွင် ဖေ့ဘုတ်မှလွဲ၍ အခြားလုပ်စရာမရှိပေ။
ထိုအခြေအနေတွင် အခြားအတန်းဖော်များကလည်း လူမှုကွန်ယက်အား ချဲ့ထွင်ပေးရန် များစွာတိုက်တွန်းနေသည်။
ထိုအချိန်တွင် အတန်းဖော်တစ်ဦးဖြစ်သော မော့စကိုဗစ်က "ငါ မင်းကိုကူမယ်" ဟူ၍
ပြောခဲ့ခြင်း ဖြစ်သည်။
ဇူကာဘက်သည် ဖေ့ဘုတ်အား PHP ဖြင့် ဝက်ဆိုက်ရေးသားထားပြီး
ဖြစ်သည်။ ထို့ကြောင့် "ကောင်းတာပေါ့။ ဒါပေမဲ့ မင်းက PHP နဲ့ပတ်သက်ပြီး ဘာမှမသိသေးဘူးလေ။
ဒါပေမဲ့ မခက်ပါဘူး။ ကျောင်းမှာသင်တဲ့ C ထက်တောင်လွယ်တာ မင်းတွေ့မှာပါ" ဟူ၍ ပြန်လည်ပြောဆိုခဲ့သည်။
စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်တွင် မော့စကိုဗစ်တစ်ယောက်
Perl for Dummies စာအုပ်အားယူ၍ အိမ်ပြန်သွားသည်။ ကျောင်းပြန်ဖွင့်သည့်အခါ "ငါအဆင်သင့်ဖြစ်ပြီ"
ဟု ဆိုသည်။ ဇူကာဘက်က "ဆိုက်က PHP နဲ့ ရေးထားတာ။ PERL နဲ့ မဟုတ်ဘူးလေကွာ
…" ဟူ၍ ပြန်ဖြေခဲ့ရသည်။
ထို့နောက်တွင်မူ ရက်သတ္တပတ်အတန်ကြာ
PHP အား လေ့လာပြီးနောက် လုပ်နိုင်ကိုင်နိုင်သည့် အနေအထားသို့ ရောက်လာသည့်အခါ ဇူကာဘက်အား
အသိပေး၍ အခြားကျောင်းများလည်း ဖေ့ဘုတ်အား အသုံးပြုနိုင်စေရန် ချဲ့ထွင်ခဲ့ကြသည်။ ထို့နောက်
ဟားဗက်မှထွက်ကာ ပါလိုအယ်တိုတွင် ဖေ့ဘုတ်အတွက် အချိန်ပြည့် အလုပ်လုပ်ကြတော့သည်။
မော့စကိုဗစ်သည် ဖေ့ဘုတ်မှ ၂၀၀၈ ခုနှစ်တွင်
နှုတ်ထွက်ခဲ့သည်။ သို့ရာတွင် ဖေ့ဘုတ်၏ ရှယ်ယာဈေးကောင်းမှုကြောင့် သန်းကြွယ်သူဌေးဖြစ်နေပြီ
ဖြစ်သည်။
16-3-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN
Team)
ပရိုဂရမ်မင်း (Programming) အား အချိန်အနည်းငယ်သာသင်ခဲ့ပြီး သန်းကြွယ်သူဌေးဖြစ်သွားသူ
Reviewed by Myanmar Ethical Hacking News
on
7:29 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:29 PM
Rating:

No comments: