Cyber Space ထဲမှာ တိုက်ခိုက်နေရတဲ့ Invisible War များ

          လွန်ခဲ့တဲ့ ဒီဇင်ဘာကို ပြန်ကြည့်ရင် ယူကရိန်းရဲ့လျှပ်စစ် ဓါတ်အားဆက်သွယ်မှုတွေဟာ ပြတ်တောက်ပြီး ရုတ်တရက် အမှောင်ကျသွားခဲ့ပါတယ်။ ဒါကို မည်သူမှ ချက်ချင်း မတုံ့ပြန်နိုင်ခဲ့ကြပါဘူး။ အကြောင်းရင်းကတော့ အွန်လိုင်းကနေ လျှပ်စစ်ဓါတ်အားလိုင်း ဆက်သွယ်မှုတွေကို အဝေးမှထိန်းချုပ်မှု ရယူပြီးတိုက်ခိုက်သွားခြင်းကြောင့်ဖြစ်ပါတယ်။ ဒါဟာ ပထမဆုံး ဓါတ်အားလိုင်းတွေကို တိုက်ခိုက်လိုက်တဲ့ ဆိုက်ဘာတိုက်ခိုက်မှု တစ်ခုထွက်လာခြင်းပဲ ဖြစ်ပါတယ်။
ဒီလို ဓါတ်အား ပြတ်တောက်မှုဟာ ဆိုက်ဘာစစ်ပွဲတွေ တိုးတက်လာတယ်ဆိုတဲ့  ဥပမာတခုလည်း ဖြစ်ပါတယ်။ ဒါဟာ တကမ္ဘာလုံးက အစိုးရတွေနဲ့ အကြမ်းဖက်သမားတွေ ထိပ်တိုက်တွေ့ဆုံမှုတစ်ခုလည်းပဲ ဖြစ်ပါတယ်။ အဲ့ဒီအခြေခံချက်ကြောင့် အမေရိကန်နိုင်ငံဟာလည်း သူတို့ရဲ့ တိုက်ခိုက်မှုတွေကို လူထုကို ထုတ်ဖော်ပြသလာကြပါတယ်။ ပြီးခဲ့တဲ့ တနလာင်္နေ့တုန်းက အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အတွင်းရေးမှုး အာခ်ျ ကာတာ(Ash Carter)ဟာ အိုက်အစ်(ISIS) အစွန်းရောက် အကြမ်းဖက်သမားတွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်လို့  ပြောကြားသွားခဲ့ပါတယ်။
          အဲ့ဒီတိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်ကတော့ သူတို့ရဲ့ နက်ဝက်တွေအပေါ် ယုံကြည်မှု နည်းပါးစေရန်၊ သူတို့ရဲ့ နက်ဝက်ပေါ်က လုပ်ငန်း ဆောင်ရွက်မှုတွေ မလုပ်နိုင်အောင် နက်ဝက်ကို ၀န်ပိစေရန် ဆိုတဲ့ အချက်တွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ဆိုက်ဘာ ဌာနချုပ်မှ ဒါရိုက်တာ မစ်ချယ် ရိုဂျာစ်(Michael Rogers)က ပြောကြားသွားပါတယ်။


                            Director of US Cyber Command, Adm. Michael Rogers

တကယ်လို့သာ ကျွန်တော်တို့ ကြိုမသိထားခဲ့မိရင်  ယူကရိန်း တိုက်ခိုက်ခံရမှုတွေ၊ အာခ်ျ ရဲ့မှတ်ချက်တွေဟာ ဆိုက်ဘာလောကမှာ ဖျက်လိုဖျက်ဆီး တိုက်ခိုက်မှုတွေပဲ ဖြစ်တယ်ဆိုတာ ရှင်းလင်းသွားပါ့လိမ့်မယ်။ ဆိုက်ဘာ တိုက်ခိုက်မှုတွေဟာ နိုင်ငံရဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အဦးတွေကို တိုက်ခိုက်ဖို့ ပုံဖော်လာ ကြပါတယ်။ ပုံစံအားဖြင့်ကတော့ ယူကရိန်း ဓါတ်အားလိုင်းစနစ်တွေကို တိုက်ခိုက်သွားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
ဒီထက် ပိုတိုက်ခိုက်ပြီးတော့လည်း  အစိုးရရဲ့ အရေးကြီးလျှို့ဝှက်အဆင့် အချက်အလက်တွေကိုလည်း ခိုးယူလာကြပါတယ်။ လွန်ခဲ့တဲ့နှစ်က အမေရိကန် ကိုယ်ရေးအချက်အလက် စီစစ်ရေးဌာန၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရဲ့ ၀န်ထမ်းကိုယ်ရေးအချက်အလက်များ ခိုးယူခြင်းခံခဲ့ရတာမျိုး ဖြစ်ပါတယ်။ ဒါအပြင် နိုင်ငံရေးအရလည်း  ကိုယ်ပိုင် company မျိုးတွေကိုလည်း တိုက်ခိုက်လာကြပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအင်(kim Jong Un)ကို လှောင်ပြောင်သရော်ထားတဲ့ Sony company ရဲ့ ဇာတ်ကားပြသခြင်းကို တိုက်ခိုက်မှု ပုံစံမျိုး ဖြစ်ပါတယ်။
          ၂၀၁၂ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့  အီရန် နှူကလီးယား စက်ရုံ၏ Stuxnet စနစ်ထဲကို အန္တရာယ် ဖြစ်စေတဲ့ ဆော့ဝဲလ်ထည့်ပြီး အမေရိကန်နဲ့ အစ္စရေး တို့တိုက်ခိုက်ခဲ့မှုဟာ ဆိုက်ဘာသုတေသန သမားတွေနဲ့ ဂျာနယ်လစ်တွေကို အံ့သြ စေခဲ့ရပါတယ်။
 အမေရိကန် ဆိုက်ဘာ ဌာနချုပ်မှ မစ်ချယ် ရိုဂျာစ် က လွန်ခဲ့တဲ့ ကြာသာပတေးနေ့က ဆန်ဖရန်စစ်စကို မြို့မှာ ပြုလုပ်ခဲ့တဲ့ cybersecurity-focused RSA Conference တွင် အိုင်အက်စ်တွေကို တိုက်ခိုက်မှုဟာ စစ်တပ်ရဲ့ ဆိုက်ဘာတိုက်ခိုက်မှုကို ဖော်ပြလိုက်ခြင်းဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရဲ့  အရေးကြီးတဲ့ အခြေခံအပိုင်းတွေကို တိုက်ခိုက်မှုလို့ ဖော်ပြသွားခြင်းလည်းဖြစ်ပါတယ်။
 အမေရိကန်နိုင်ငံရဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်ဦတွေကို ကာကွယ်ရမယ်ဆိုတဲ့ ကိစ္စလည်း ဖြစ်လာပါပြီလို့ ရိုဂျာစ်ကပြောသွားပါတယ်။ ယူကရိန်းတိုက်ခိုက်ခံရမှု အပြီးမှာပဲ Whitehouse နဲ့ အမိမြေလုံခြုံရေး အဖွဲ့မှ နိုင်ငံရဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အဦ ထိန်းသိန်းစောင့်ရေး အဖွဲ့တွေကို အလားတူ တိုက်ခိုက်မှုမျိုးကို ခုခံကာကွယ်ဖို့ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
          မတ် လ ဆီးနတ်လွှတ်တော် အစည်းအဝေးမှာ ရိုဂျာစ်က ကာကွယ်ခုခံမှုတခုထဲနဲ့တော့ ကျွန်တော်တို့ မလုံလောက်တော့ပါဘူး။ ကာကွယ်ရေးနည်းဗျူဟာသည် ကောင်းတာတွေလုပ်နိုင်ရန် အတွက် အလွန်နောက်ကျစေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ တိုက်ခိုက်ရေးအမြင်ဘက်ကနေ တွေးပြီးတော့ ကျွန်တော်တို့ စွမ်းရည်ကို ဘယ်လိုမြှင့်တင်ရမယ်ဆိုတာ လိုအပ်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် ယခင် အိမ်ဖြူတော် အကြမ်းဖက်တန်ပြန်တိုက်ခိုက်ရေးမှ ရစ်ချက်စ်အေ ကလခ်(Richard A. Clark)က  ဆိုက်ဘာစစ်ပွဲတွေဟာ အရိပ်အဖြစ်ပဲ ရှိနေပါသေးတယ်။ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ လူထုကြားထဲမှာ ဆွေးနွေးခြင်း၊ မီဒီယာတွေမှာ ဆွေးနွေးခြင်း၊ အရေးကြီး အစည်းအဝေး အကြောင်းအရာ၊တက္ကသိုလ်ဆိုင်ရာ စမ်းသပ်မှုတွေရဲ့ အပြင်ဘက်တွေမှာပဲ ရှိနေခဲ့ပါသေးတယ်လို့ ၂၀၁၀ ခုနှစ် Cyber War စာအုပ် မှာရေးသားခဲ့ပါသေးတယ်။
RSA Conference မတိုင်မီ luncheo မှာတော့ မရိမ်းတပ်ဖွဲ့မှ အငြိမ်းစား ဗိုလ်ချုပ် ပီတာ ပေ့စ် က အမေရိကန်ရဲ့ ဆိုက်ဘာတိုက်ခိုက်စွမ်းဆောင်ရည်ဟာ တိုက်ခိုက်မည့်သူတွေ အတွက်အသေးစားလေး မဟုတ်နိုင်ပါဘူးလို့ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဆိုက်ဘာလက်နဲ့တော့ အကျိုးသောက်ရောက်မှုကြီးကြီးမားမား မလုပ်နိုင်သေးပါဘူး။ ကုဒ်တစ်ခုနဲ့ တကြိမ်လောက်ပဲ ရန်သူရဲ့ အရေးကြီးအခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်နိုင်တာပါ။ ထို့အတူ ရန်သူကလည်း အသုံးပြုနိုင်ပါတယ်။ဒီလိုပဲ ပေ့စ်က ဆိုက်ဘာလက်နက်တွေဟာ ပြုလုပ်ရလွယ်ပါတယ်။ ဒါပေမယ့် ကာကွယ်ဖို့တော့ အင်မတန်မှခက်ခဲ လှပါတယ် လို့ ပြောသွားပါတယ်။ ဒါကြောင့် ကျွန်တော်သိလိုက်ရတာက ကျွန်တော်တို့တိုက်ခိုက်မှု မလုပ်နိုင်ရင် ကာကွယ်မှုလည်း လုပ်နိုင်မှာ မဟုတ်ပါဘူးလို့လည်း ပြောကြားသွားခဲ့ပါတယ်။

11.3.2016
စီစဉ်တင်ဆက်သူ - |)3@|) $T@r (MEHN Team)
Cyber Space ထဲမှာ တိုက်ခိုက်နေရတဲ့ Invisible War များ Cyber Space ထဲမှာ တိုက်ခိုက်နေရတဲ့ Invisible War များ Reviewed by Mr.Thein on 9:42 AM Rating: 5

No comments:

MEHN Team. Powered by Blogger.