FBI မှ အကြမ်းဖက်သမားများ၏ အိုင်ဖုန်းများကို လော့ဖြည်နိုင်သွားခြင်း
MEHN ၀ိုင်းတော်သားများအနေဖြင့်
Apple နှင့် FBI (Federal Bureau of Investigation) တို့၏ တင်းမာမှူ့ အခြေအနေများကို
ပြဿနာ စတင်ဖြစ်ပွားသည့် အချိန်မှ စတင်ပြီး အမြဲမပြတ် သတင်းများကို ရေးသားတင်ဆက်ခဲ့ပါတယ်။
MEHN ကို တစိုက်မတ်မတ် အားပေးခဲ့သော စာချစ်သူ ပရိသတ်များအနေဖြင့် Apple နှင့် FBI တို့အကြား
အခြေအနေများကို သိရှိထားပြီးဖြစ်ပါလိမ့်မယ်။ ယခုနောက်ဆုံးမှာတော့ FBI အနေဖြင့်
Apple ၏ အကူအညီမပါဘဲနှင့် အကြမ်းဖက်သမား၏ iPhone 5C ကို လော့ဖြည်နိုင်သွားပါပြီ။
San Bernardino တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှူ့တွင်
ပါဝင်ခဲ့သည့် သေနတ်သမား Syed Farook ၏ အိုင်ဖုန်းဖိုက်စီ (iPhone 5C) ကို လော့ဖြည်ရန်အတွက်
FBI မှ Apple ကုမ္ပဏီသို့ အကူအညီတောင်းခဲ့သည်။ သို့သော် Apple ကုမ္ပဏီမှ Apple အသုံးပြုသူများ၏
အခွင့်အရေးကို မချိုးဖောက်လိုသောကြောင့် အကူအညီမပေးခဲ့ဘဲ ငြင်းဆန်ခဲ့သည်။ ထို ကိစ္စကြောင့်လည်း
Apple နှင့် FBI တို့အကြားတွင် အခြေအနေများမှာ များစွာ တင်းမာမှူ့များ ဖြစ်ပေါ်ခဲ့သည်။
အခြားသော နည်းပညာကုမ္ပဏီများကလည်း
Apple ဘက်မှ မှန်သည်ဟု ထောက်ခံသူများရှိခဲ့သလို အကူအညီပေးသင့်သည်ဟု ဝေဖန်ပြောဆိုမှူ့များလည်းရှိခဲ့သည်။
Twitter , Facebook နှင့် Whatsapp တို့မှ Apple ကို ထောက်ခံခဲ့ကြပြီး Microsoft ကုမ္ပဏီ၏
အကြီးအကဲဖြစ်သူ Bill Gates ကမူ “Apple အနေဖြင့် အစိုးရအပေါ်ကူညီသင့်ပါတယ်” ဟု မှတ်ချက်
ပြုခဲ့သည်။ အဆိုပါ ဖြစ်စဉ်သည် နည်းပညာလောကအကြားတွင် အတော်ပင် ဂယက်ထခဲ့ပြီး ရေပန်းစားသော
သတင်းတစ်ခု ဖြစ်ခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် အနာဂတ်နည်းပညာများနှင့် ပတ်သက်သည့် အရေးကြီးသော
အချက်အလက်အချို့သည် ထိုကိစ္စ အပေါ်တွင် မှီခိုနေခြင်းကြောင့်ဖြစ်သည်။
“FBI အနေဖြင့် Undisclosed
Alternative Method ကို အသုံးပြုပြီး အကြမ်းဖက်သမားများ၏ အိုင်ဖုန်းများကို လော့ဖြည်နိုင်သွားပါပြီ
Apple ရဲ့ အကူအညီမလိုတော့ပါဘူး” ဟု The Department of Justice (DOJ) မှ ထိပ်တန်းအကြီးအကဲမှ
ထုတ်ဖော် ပြောကြားခဲ့ပါသည်။
FBI မှ နည်းပညာရှင်များသည် အကြမ်းဖက်သမားများ၏
အိုင်ဖုန်းများကို လော့ဖြည်ရန် အချိန်အတော်ကြာ အကြပ်ရိုက်ခဲ့သည်။ ထို့နောက် NAND
Mirroring ကို သံသယရှိခဲ့ပြီး စမ်းသပ်စစ်ဆေးခဲ့သည်။ NAND Mirroring နည်းလမ်းသည် ဖုန်း၏
NAND Memory ထဲတွင်ရှိသော အရာများကို ပုံတူပွားရန်နှင့် Passcode အများဆုံး ရိုက်ထည့်နိုင်သည့်
အရေအတွက် ကျော်လွန်သွားပါက ပြန်လည်စတင်နိုင်သည့် အချက်အလက်များသည် NAND Memory အပေါ်တွင်
တည်ရှိနေသည့်အတွက် ဖြစ်သည်။ အချက်အလက်များကို ရရှိပါက သတ်မှတ်ထားသည့် အကြိမ်အရေအတွက်ထက်
ကျော်လွန်ပြီး Pass Code ကို Bruteforce နည်းလမ်းဖြင့် တိုက်ဆိုင် စစ်ဆေးကြည့်နိုင်မည်
ဖြစ်သည်။
ထိုနည်းလမ်းဖြင့် အကြမ်းဖက်သမားများ၏
အိုင်ဖုန်းများ၏ လော့ကုတ် (Lock Code) များကို ဖြည်နိုင်သွားခဲ့ခြင်း ဖြစ်သည်။ လော့ကုတ်များ
ဖြည်နိုင်သွားခဲ့သည့်အတွက် Apple နှင့် FBI တို့အကြား တင်းမာမှူ့များ ပြေလျှော့သွားခဲ့သော်လည်း
Apple အသုံးပြုသူများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် လုံခြုံရေးတို့ကို FBI မှ ခြိမ်းခြောက်ထားနိုင်ပြီ
ဖြစ်သည်။
“ဒီကိစ္စမှာ အစကတည်းက FBI ရဲ့ ကမ်းလှမ်းချက်ကို
ကျွှန်တော်တို့အနေနဲ့ ငြင်းဆန်ခဲ့ပါတယ်။ အိုင်ဖုန်းတွေမှာ Backdoor တွေထည့်ပေးဖို့အတွက်
ကျွှန်တော်တို့အနေဖြင့် မလုပ်ဆောင်ပေးနိုင်ပါဘူး။ Backdoor များထည့်သွင်းလိုက်ပါက
Apple အသုံးပြုသူများအတွက် အလွန်ဆိုးရွားသော အန္တရာယ်တစ်ခုကို ဖိတ်ခေါ်နေသလို ဖြစ်စေမှာပါ။
ကျွှန်တော်တို့အနေဖြင့် အစိုးရကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးဖို့အဆင်သင့်ရှိပါတယ်။ တိုက်ခိုက်သူများ၏
အန္တရာယ်မှ ကာကွယ်နိုင်ရန်တွက် ကျွှန်တော်တို့ရဲ့ ထုတ်ကုန်များကိုလည်း လုံခြုံရေးထပ်မံမြှင့်တင်ပြီး
Apple အသုံးပြုသူများကို စိတ်အေးလက်အေး အသုံးပြုစေမှာ ဖြစ်ပါတယ်။ Apple အသုံးပြုသူများအတွက်
လုံခြုံမှူ့နှင့် ကာကွယ်မှူ့ အပြည့်အ၀ ပေးနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့
Apple မှ ဆွေးနွေးပွဲတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
FBI မှ Apple အသုံးပြုသူများ၏ အချက်အလက်များ
လုံခြုံမှူ့နှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်များကို ခြိမ်းခြောက်နေဦးမှာလား ဆိုတာကိုတော့
စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
31-3-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN
Team)
FBI မှ အကြမ်းဖက်သမားများ၏ အိုင်ဖုန်းများကို လော့ဖြည်နိုင်သွားခြင်း
Reviewed by Myanmar Ethical Hacking News
on
8:09 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:09 PM
Rating:

No comments: