မျိုးပွားနှုန်း ထိန်းချူပ်ထားသော ထရိုဂျန် (Trojan)



ESET ကနေပြီး USB Thief လို့ နာမည်ပေးထားသော ထရိုဂျန် (Trojan) တစ်မျိုးအကြောင်းကို ဖော်ထုတ်ထားပါတယ်။ ကွန်ယက်မချိတ်ဘဲ သီးခြားထားသော ကွန်ပျူတာမျိုးတွေကို တိုက်ခိုက်ဖို့ ပုံစံထုတ်ထားတာပါ။ ထောက်လှမ်းခံရမှုနည်းအောင်နှင့် အလုပ်လုပ်ပုံကို မဖော်ထုတ်နိုင်အောင် သေသေချာချာစီမံထားတယ်။ ပြီးတော့ USB ပေါ်ကပဲ အလုပ်လုပ်သွားလို့ ခြေရာလက်ရာ မကျန်ခဲ့ပါဘူး။

ESET မှ Malware တွေကို ဆန်းစစ်ပေးသူ တစ်ယောက်ဖြစ်သော တောမတ်ဂါဒန်ကတော့ ပစ်မှတ်တစ်မျိုးမျိုးအတွက် ရည်ရွယ်ပြီး ဖန်တီးထားခြင်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ အဆိုပါ ထရိုဂျန်သည် အသုံးပြုသော ဆော့ဝဲများတွင် plug-in လိုလို၊ ဆော့ဝဲတွင်တပါတည်း ပါဝင်သော DLL ဖိုင်လိုလိုဖြင့် နေပါတယ်။ ပြီးပါက ၎င်း ဆော့ဝဲများကို ဖွင့်တာနှင့် အဆိုပါ ထရိုဂျန်ကပါ လိုက်အလုပ်လုပ်တာပါ။ လောလောဆယ်တော့ Notepad++, Firefox, TrueCrypt Portable တွေမှာ ပါနေတာ တွေ့ရှိထားပါတယ်။

"ဒီလိုအလုပ်လုပ်တာက တော်တော်အဆင့်မြင့်ပါတယ်။ နည်းနည်းပါးပါး နားလည်တဲ့သူဆိုရင် Autorun ပိတ်တာတို့ Auto Shortcut တွေကို ပိတ်တာတို့လောက်တော့ လုပ်ထားတတ်တယ်လေ။ ကိုယ်သုံးမည့် ဆော့ဝဲကိုက Malware ဖြစ်နေတာဆိုတော့ အခက်တွေ့တာပေါ့။ အသုံးပြုသူတွေအနေနဲ့တော့ ကိုယ့်သုံးမည့် USB ပစ္စည်းတွေကို ဘယ်ကရလာလဲဆိုတာ သေသေချာချာသိဖို့ လိုပါမယ်" လို့ ဂေါဒန်က သတိပေးထားလေရဲ့။


ရလာတဲ့ အချက်အလက်တွေကို Malware ပါတဲ့ USB ပစ္စည်းမှာပဲ ပြန်သိမ်းတာပါ။ ပြီးတော့ သူ့ကိုယ်သူလည်း အဆင့်ဆင့်ဝှက်စာသွင်းထားတာဖြစ်လို့ ဘယ်လိုအနေအထားနှင့် ဘယ်အချက်အလက်တွေကို ယူလိုက်တယ်ဆိုတာ မသိရပါဘူး။

အဆိုပါ Malware မှာ ဖိုင် (၆) ခုပါပါတယ်။ လေးခုက အလုပ်လုပ်ဖို့သုံးပြီး နှစ်ခုကတော့ Configuration အတွက်ပါ။ သူ့ကို ကူးလို့မရအောင် နည်း (၂) ခုနဲ့ ကာထားပါတယ်။ တစ်ခုကတော့ ဖိုင်တွေကို AES-128 နဲ့ ဝှက်စာသွင်းထားတာပါ။ နောက်တစ်ခုကတော့ ဖိုင်နာမည်တွေကို ဝှက်စာသွင်းထားတာပါ။

ဝှက်စာဂဏန်းတွေကို USB တွေရဲ့ Device ID နဲ့ တခြား Properties တွေကိုယူပြီး သုံးထားတာပါ။ ဒီတော့ Malware သာ သူနဲ့ဆိုင်တဲ့ USB မှာပဲ အလုပ်လုပ်နိုင်မယ်ပေါ့ဗျာ။ ပြီးတော့ ဖိုင်နာမည်တွေကလည်း ဖိုင်ထဲပါတဲ့ အကြောင်းအရာတွေနဲ့ ဖိုင်ကိုလုပ်တဲ့အချိန်ကို ထည့်တွက်ထားတယ်။ ဖိုင်ရဲ့ SHA512 ရဲ့ ရှေ့ဆုံး (၅) ဘိုက်နဲ့ ဖိုင်ကို လုပ်တဲ့အချိန်ကို နောက်မှာ (၈) ဘိုက်အနေနဲ့ ထည့်ပြီး နာမည်ပေးထားတယ်ပေါ့ဗျာ။

ဒီတော့ ဖိုင်နာမည်တွေက အမြဲပြောင်းနေရော။ ဒီဖိုင်တွေကို ကူးလိုက်ရင်တောင် ဖိုင်ကိုလုပ်တဲ့အချိန် ပြောင်းသွားတဲ့အတွက် အဲဒီ့ Malware က အလုပ်မလုပ်တော့ပြန်ဘူး။ ရတာတဲ့ နမူနာတွေကို စမ်းကြည့်ဖို့အတွက် Device ID ကို brute-force လုပ်လိုက်တယ်။ ပြီးတော့မှ ဖိုင်တွေကို ဝှက်စာပြန်ဖော်တယ်။ ပြီးတော့မှ အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်။ သိခဲ့ရတာကတော့ Payload ကို မော်ဂျူးအနေနဲ့ ခွဲထုတ်ထားလို့ အချက်အလက်ယူတာအပြင် တခြားအလုပ်တွေလည်း ခိုင်းလို့ရနေတယ် ဆိုတာပါပဲ။

ESET ဟာ ဒီလို ပစ်မှတ်တစ်ခုထားပြီး အလုပ်လုပ်တဲ့ Malware မျိုးကို Pawn Storm, APT28, Sednit စတဲ့ နာမည်ကြီးအဖွဲ့တွေရဲ့ Tool တွေအဖြစ်လည်း အရင်က စုံစမ်းဖော်ထုတ်ဖူးပါတယ်။ USB သုံးစွဲသူများ အနေနဲ့ကတော့ သီးခြားကြီ: ကူးမယ်လို့ မရှိပေမဲ့ တခြားနေရာမှ ယူဆောင်လာပြီး အသုံးပြုမည့် USB ပစ္စည်းတွေကိုတော့ သတိထားဖို့၊ အန်တီဗိုင်းရပ်ဆော့ဝဲ (Antivirus Software) တွေကို Update လုပ်ထားဖို့နဲ့ အချက်အလက်တွေကို ပုံမှန် Backup လုပ်ဖို့ အကြံပေးချင်ပါတယ်။

1-4-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
မျိုးပွားနှုန်း ထိန်းချူပ်ထားသော ထရိုဂျန် (Trojan) မျိုးပွားနှုန်း ထိန်းချူပ်ထားသော ထရိုဂျန် (Trojan) Reviewed by Myanmar Ethical Hacking News on 7:38 PM Rating: 5

No comments:

MEHN Team. Powered by Blogger.