IP Address ကိုအသုံးပြုပြီး အားနည်းချက်ရှိသော Computer or Server ကို ဘယ်လို တိုက်ခိုက်မလဲ
Hello
Everybody!
Welcome
to Hacking World ! :)
အခုကျွန်တော်တို့တွေ
Hacking Basic လေ့လာကြရအောင်။ Hacking ဆိုတာထက် Security လို့ပြောရင် ပိုမှန်တယ်ဗျ။
ဘာလို့လဲဆိုတော့ ဒီလိုမျိုး နည်းလမ်းတွေကို သိထားတော့ ကိုယ်တိုင် ကာကွယ်တက်တာပေါ့ဗျာ။
အရင်ဆုံးလိုအပ်တဲ့ Nmap ကို Online ကနေဒေါင်းလုပ်ဆွဲလိုက်ပါ။
Download
: https://nmap.org/book/inst-windows.html
ဒီ
Hacking နည်းလမ်းကတော့ သင် Hack ချင်တဲ့ Website နှင့် သူ့ရဲ့ အရေးပါတဲ့ အချက်အလက်တွေကို
ရယူနိုင်ပါတယ်။ ပြီးတော့ Web Server နှင့် အတူ Administrator's Computer ကိုပါ ထိန်းချုပ်နိုင်ပါတယ်။
နောက်တစ်ခုက သင့်သူငယ်ချင်းရဲ့ Computer ကိုပါ သင့်ထိန်းချုပ်လို့ရနိုင်ပါတယ်။
အဲ့ဒါလုပ်ဖို့အတွက်ဆိုရင်တော့
သင့် သူငယ်ချင်း၏ Computer IP Address သိဖို့နဲ့ သင့်သူငယ်ချင်း Computer Online ဖြစ်နေဖို့တယ်လိုတယ်ဗျ။
ဘာလို့လဲဆိုတော့ Internet မချိတ်ထားတဲ့ Computer ကို Remote Hacking လုပ်ဖို့ဆိုတာက
LAN Network တစ်ခုတည်းအတွင်းမှာ မဟုတ်ရင် မလွယ်ကူပါဘူး။
အထက်မှာဖော်ပြခဲ့တဲ့
Hacking နှစ်ခုဟာ နည်းလမ်းအတူတူဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ တိုက်ခိုက်သူ
တစ်ယောက်အနေနှင့် မဟုတ်ဘဲ ကာကွယ်သူ တစ်ယောက်အနေနှင့် ကာကွယ်နိုင်ဖို့ကိုဘဲ ဦးစားပေး
ပြောပြသွားပါမယ့်။
အောက်တွင်
အဓိကကျသော အချက် ၇ ချက်ရှိပါတယ်။ Attacker ဖြစ်ချင်တဲ့သူတွေကတော့ နောက်ဆုံးအချက်ကို
သေချာလေ့လာစေချင်ပါတယ်။
1-သင်
Hack ချင်တဲ့ Website ဒါမှမဟုတ် Computer ကို သေချာစွာ စစ်ဆေးပါ။
2-IP
address သိအောင်လုပ်ပါ။
3-အဲ့
IP address Online မှာ ရှိမရှိ သိအောင်လုပ်ပါ။
4-ပွင့်နေတဲ့အပေါက်
Port ကိုရှာပါ။
5-အားနည်းချက်ရှိနေတဲ့
အပေါက် Port ကို စစ်ဆေးပါ။
6-အဲ့အပေါက်
Port ကနေ၀င်ဖို့ကြိုးစားပါ။
7-Brute-force
attack ကိုအသုံးပြုပြီး Username နဲ့ Password ကိုသိအောင်လုပ်ပါ။
ကဲ
… စလိုက်ကြရအောင်ဗျာ........
အရင်ဆုံးသင်
Hack ချင်တဲ့ Website ဒါမှမဟုတ် Computer IP Address ကို သိအောင်လုပ်ပါ။
Website
IP Address ကိုသိချင်ရင်တော့ Run box မှာ nslookup လို့ရိုက်လိုက်ပါ။
ပြီးရင်တော့
Website လိပ်စာကိုရိုက်ထည့်ပါ။ ဥပမာ - www.google.com ပေါ့ဗျာ။
အဲ့ဒါဆိုရင်တော့
Google ရဲ့ IP Address ကျလာပါပြီ။ IP Address သိပြီဆိုရင်တော့ ပွင့်နေတဲ့ အပေါက်
Port တွေရှာရတော့မယ်လေ အဲ့ဒီအတွက် Nmap ကို အသုံးပြုပြီး ရှာဖွေရပါမယ်။ ကျွန်တော်ကတော့
Google IP မသုံးဘဲနဲ့ ကျွန်တော့ရဲ့ Testing Local Server IP ကိုသုံးပြီး ရှာပေးသွားပါမယ်။
အရင်ဆုံး
Nmap ကိုဖွင့်ပါ။ ပြီးရင် Target မှာ ကိုယ် Attack လုပ်ချင်သော IP Address ကိုထည့်ပါ။
ဥပမာ - Website ကို Attack လုပ်မယ်ဆိုရင် Website IP Address ကို Target နေရာတွင် ထည့်ပါ။
Target IP Address ထည့်ပြီးရင် Profile မှာတော့ မိမိစစ်ချင်တဲ့ Scan အမျိုးအစားကို
ရွေးပေးရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူ့အတိုင်း Intense scan ထားပါမယ်။ ပြီးရင်တော့
Scan ပေါ့ဗျာ။
Ports
/ Hosts tag လေးကိုရွေးပြီး ကြည့်လိုက်ပါက ပွင့်နေသော Ports များကို မြင်တွေ့ရမည် ဖြစ်သည်။
ပွင့်နေတဲ့
အပေါက်တွေလဲ ရှာပြီးပြီဆိုတော့ ဘာဆက်လုပ်ကြမလဲ။ ရှင်းပါတယ် အဲ့အပေါက်ကနေ ၀င်ကြမှာပေါ့ဗျ။
ဘယ်လိုဝင်မလဲ Username နဲ့ Password ကိုသုံးပြီးဝင်မှာပေါ့ဗျ။ နမူနာအနေနဲ့ FPT ဖြစ်ဖြစ်
Telnet ဖြစ်ဖြစ်တစ်ခုခု စမ်းဝင်ကြည့်ကြမယ်လေ… ok…
အရင်ဆုံး
cmd ကနေ telnet 192.168.43.215 ဆိုပြီးရိုက်လိုက်ပါ။
အောက်ကပုံအတိုင်း
Username နဲ့ Password တောင်းပါလိမ့်မယ်။ (အဲ့အဆင့်ကို ဘယ်လိုလုပ်ရမလဲ ဆိုတာကို အောက်ဆုံးအဆင့်မှာ
ဖော်ပြပေးပါမယ်)
ကျွန်တော်ထင်တယ်
စာရူ့သူတို့ တော်တော်များများ cmd ကနေ Telnet ကို ၀င်လို့ရမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့
Windows OS ကို အသုံးပြုနေလို့ဘဲ ဖြစ်ပါတယ်။ Linux မှာဆိုရင်တော့ရပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့
Windows ကနေ Telnet Service ကိုအသုံးပြုဖို့အတွက် Putty (or) Supper Putty တစ်ခုခုကို
Download ဆွဲပြီးရင်သုံးလို့ရပါပြီ။
Download
: http://www.putty.org/
ဒီလောက်ဆိုရင်တော့
Telnet ကနေ၀င်တာကို သဘောပေါက်မှာပါ။ နောက်တစ်ခုကတော့ FTP ပေါ့ သူကတော့ အရမ်းအသုံးဝင်တဲ့
Protocol တစ်ခုပေါ့။ ဥပမာ - ရုံးတွေမှာဆိုရင် FTP Server တွေ ထောင်ထားလေ့ရှိပါတယ်။
အရေးကြီးတဲ့ အချက်အလက်တွေကို Share လုပ်ဖို့လည်းအသုံးပြုသလို တစ်ခါတစ်လေမှာ ၀န်ထမ်းအချင်းချင်း
Data တွေကို Share လုပ်ဖို့အတွက်လည်း အသုံးပြုပါတယ်။ ဒါဆိုရင်တော့ FTP အကြောင်းလေး
နည်းနည်းတော့ သိသွားပြီထင်ပါတယ်။
ဟုတ်ပြီ
သူ့ကိုအသုံးပြီး အထဲမှာရှိတဲ့ အချက်အလက်တွေကိုဘယ်လို ယူမလဲဆိုတာကို ဆက်ဖော်ပြပါမယ်။ သူ့ကို cmd မှာ မသုံးချင်ရင်လဲ
Browser တစ်ခုခုမှာလည်း အသုံးပြုလို့ရပါတယ်။ URL မှာ ftp://ip ဆိုပြီးရိုက်လိုက်ပါ
ကျွန်တော်ကတော့ Command Line ကနေဘဲ လုပ်ပြသွားပါမယ်။
ဟုတ်ပြီဗျာစမယ်!!!!!!!!!!!!!!!!!!!!!!!!!!!!
Command
ကတော့ ftp
192.168.34.215
Username
and Password ထည့်ပါ
Dir
ခေါ်ကြည့်လိုက်ပါက Server ထဲမှာ ထည့်ထားတဲ အချက်တွေကို မြင်ရပါပြီဆိုရင် သင့်တို့စိတ်ရှိတိုင်း
အသုံးပြုနိုင်ပါပြီ။ ဒီလောက်ဆိုရင် ၁ ကနေ ၆ အထိကို သဘောပေါက်လိမ့်မယ်လို့ ယူဆပါတယ်။
ဒါပေမယ် အခုလာမယ့် ၇ ကို ကျွမ်းကျင်မှ အပေါ်က အဆင့်တွေကို ရောက်မှာဖြစ်ပါတယ်။
ဒါဆိုရင်တော့
နောက်ဆုံး ၇ ကိုဆက်လေ့လာလိုက်ရအောင်…
အဆင့်
၇ ကို စမ်းသပ်ဖို့ အတွက်ဆိုရင်တော့ နည်းတွေက အများကြီးရှိပါတယ်။ ကျွန်တော်ကတော့
Brutus Attack နည်းလမ်းကို အသုံးပြုပြီး ဖော်ပြပေးသွားပါ့မယ်။ အချိန်တော့ နည်းနည်းပေးရတယ်။
ဒါပေမယ့် ကွက်တိနည်းပါး အဖြေရရှိတယ်။ စလိုက်ရအောင် အရင်ဆုံးဒီ Link လေးကနေ Tool ကို
Download ချပါ။
ပြီးရင်တော့
အောက်ကပုံအတိုင်း Configuration ပြောင်းပေးပြီးရင်တော့ Start ကိုနှိုပ်လိုက်ပါ။ ဒါဆိုရင်တော့
Username ကော Password ရပါပြီ။
ရရှိလာသော
Username and Password ကို အသုံးပြုပြီး Target System ထဲသို့ ၀င်ရောက်ရမှာ ဖြစ်ပါတယ်။
ဝန်ခံချက် တချို့နေရာလေးတွေမှာ ချန်ထားခဲ့တာလေးတွေ
ရှိပါတယ်။ ဘာလို့လဲဆိုတာတော့ အားလုံးလဲသိမှာပါ ကိုယ်က ပညာရပ်တစ်ခုခုကို သင်မယ်ဆိုရင်
ဘာအတွက်ကြောင့် သင်ချင်တာလဲ သူများကိုဒုက္ခပေးဖို့ အတွက်ဆိုရင်တော့ မသင်ယူတာက အကောင်းဆုံးပါဘဲ။
တစ်ကယ်လို့ ကိုယ်က ပညာရပ်တွေကို စိတ်ဝင်စားတယ် တစ်ကယ်လည်း တက်ကျွမ်းချင်တယ်ဆိုရင်တော့
စာအုပ်များကို သေချာစွာ ဖတ်ရူ့ပြီး လေ့လာကြပါ။ တက်ထားသည့် ပညာဖြင့် တိုင်းပြည်နှင့်
လူမျိုး အတွက် အကျိုးရှိတဲ့ အလုပ်လေးတွေဘဲ လုပ်ပေးကြပါလို့ မေတ္တာရပ်ခံလိုက်ပါရစေဗျာ။
အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။
17-3-2016
စီစဉ်တင်ဆက်သူ
- Zarni (MEHN Team)
IP Address ကိုအသုံးပြုပြီး အားနည်းချက်ရှိသော Computer or Server ကို ဘယ်လို တိုက်ခိုက်မလဲ
Reviewed by Myanmar Ethical Hacking News
on
7:32 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:32 PM
Rating:









No comments: