Mac OS အတွက် ပထမဆုံးသော Ransomeware ကို မိတ်ဆက်ပေးလိုက်သည့် Bit Torrent Transmission
Bit
Torrent သည် လူကြိုက်များပြီး အလွန်ပင် အသုံးဝင်သည့် Software
တစ်ခုဖြစ်ပါတယ်။ ယခုလက်ရှိအနေအထားအရမှာတော့ Bit Torrent သည် KeyRanger လို့အမည်ရတဲ့ Ransomeware အနွယ် Maleware ကို Mac OS ဆီသို့
ကူးစက်ခွင့်ပြုခဲ့သလို ဖြစ်သွားခဲ့ပါတယ်။ Security
ပိုင်းမှာ ကောင်းမွန်လှတဲ့ Mac အတွက် Ransomeware ကို ပထမဆုံး သယ်ဆောင်ကူးစက်ပေးတဲ့
OS X Program တစ်ခုအဖြစ် နာမည်ရသွားခဲ့ပါတယ်။
Transmissionbt.com
Website တွင် ဖော်ပြထားချက်အရ အသုံးပြုသူများသည် Version
2.90 ကနေ 2.92 ကို Upgrade လုပ်နေသောအချိန်တွင် Malware ရှိတဲ့ ဖိုင်ကိုပါ Download
ချမိပြီး ကူးစက်ခံရခြင်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းကပင် Window
OS တွေမှာ Ransomeware အမည်ရှိတဲ့ Maleware
ဟာ ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။
Rasomeware
သည် အသုံးပြုသူများ၏ အချက်အလက်တွေကို Encrypt လုပ်ပြီးတော့
Decrypt ပြန်လုပ်ပေးရန်အတွက် ခြိမ်းခြောက်ကာ ငွေညှစ်ပါတယ်။
အချိန်အားဖြင့် Restore ခေါ်ယူအသုံးပြုလို့ရတဲ့ Backup
ဖိုင်တွေကိုပါ Encrypt လုပ်ပစ်နိုင်ပါတယ်။
ဒါကြောင့် အချိန်နောက်ပြန် Restore ပြုလုပ်ခြင်းဖြင့်
အချက်အလက်တွေကို ပြန်လည် မရယူနိုင်အောင်လည်း သူ့ကိုယ်သူ ကာကွယ်ပေးထားနိုင်စွမ်း ရှိပါတယ်။
အမည်မဖော်လိုသူ Security သုတေသနပညာရှင်တစ်ယောက်၏
ရေးသားဖော်ပြချက်အရ KeyRanger ၏ အလုပ်လုပ်ဆောင်ပုံကို သိရှိခဲ့ရပါတယ်။ ကူးစက်ခံရတဲ့ ဖိုင်၂ခုရှိပါတယ်။ Installer
ဖိုင်၏ Certificate လက်မှတ်သည် Apple ၏ တရားဝင်ထုတ်ပေးထားသော
လက်မှတ်တစ်ခုဖြစ်နေပြီး သူ့ရဲ့ Developer ID နံပါတ်မှာတော့
အရင် Version အဟောင်နှင့် ကိုက်ညီမှုမရှိတော့ကြောင်း တွေ့ရှိရပါ့တယ်။ တွဲလျက်ပါလာတဲ့ ဒုတိယ ဖိုင်တစ်ခုက General.rtf အဖြစ်
အမည်ပေးထားပြီး rtf စာဖိုင်အစစ်မဟုတ်ဘဲ OS X အပေါ်မှာ အလုပ်လုပ်ဆောင်နိုင်သော အယောင်ဆောင် Executable ဖိုင် တစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ Installer ဖိုင်ကို
Run မိလိုက်တာနှင့် rtf Executable File ကို ~/library/kernel_service
ဆီသို့ သွားရောက်ထပ်ပေါင်းလုပ်ဆောင်စေပါတယ်။ Computer စဖွင့်ခြင်း User
Login မဝင်ရသေးခင်တောင်မှ အဆိုပါ Malware သည် Kernel
Service အနေဖြင့် စတင်လုပ်ဆောင်နေကြောင်း သိရှိခဲ့ရပါတယ်။
General.rtf
ဖိုင်၏ အလုပ်လုပ်ဆောင်ချက်ကတော့
စက်၏ Device Information အချက်အလက်တွေကို ရယူပြီးတော့
Command & Control Server ဆီသို့ လှမ်းပို့ပေးပါတယ်။
အဆိုပါ C2 Server ကိုတော့
Tor အနေဖြင့်သာ ဝင်ရောက်နိုင်ပါ့မယ်။
Malware Service သည် C2 Server နှင့် ချိတ်ဆက်နိုင်ပြီဆိုရင်တော့ Text
ဖိုင်တစ်ခုကို Download
ဆွဲပေးပြီးတော့ Bitcoin ဖြင့် ငွေပေးချေမှု ပြုလုပ်ရန် အသိပေးပါတယ်။
ပို့ပေးရမယ့် လိပ်စာကိုတော့ 1PGAUBqHNcwSHYKnpHgzCrPkyxNxvsmEof ဖြင့်သတ်မှတ်ပေးထားပါတယ်။ ပေးချေရမည့် တန်ဖိုးဈေးနှုန်းကိုတော့ Bitcoin
ဖြင့် သတ်မှတ်ပေးထားပြီး 1
Bitcoil=400$ ခန့်ရှိကြောင်းသိရပါတယ်။
ကာကွယ်နည်း
***********
အောက်ပါအတိုင်း အဆင့်ဆင့်လုပ်ဆောင်ပေးရပါ့မယ် …
၁။ /Applications/Transmission.app/Contents/Resources/General.rt သို့မဟုတ် /Volumes/Transmission/Transmission.app/Contents/Resources/
General.rtf ဖိုင်များကို ဖျက်ပစ်ပါ။
၂။ OS X
၏ Activity Monitor ကိုဖွင့်ပြီး Kernel
Service အမည်ရှိ Process တစ်ခု Run ခြင်း ရှိ
မရှိ
စစ်ဆေးပါ။ တွေ့ရှိပါက "Open File and port” option ကိုရွေးချယ်ပေးပြီး အဆိုပါ Location သို့သွားရောက်ပါ။
များသောအားဖြင့် /Users/<username>/Library/ker nel_service နေရာတွင် ရှိသည်။ အဆိုပါ Process အား Kill ပါ။ သာမန် Kill ဖြင့်
မရပါက Force Quit ဖြင့် Kill ရမည်။
အဆိုပါဖိုင်သည် KeyRanger ၏ အဓိကလုပ်ဆောင်သည့်
ဖိုင်တစ်ခုဖြစ်သည်။ General.rtf ဖိုင်ကိုလည်း ဖျက်ပစ်ပါ။
၃။ အထက်ပါ နှစ်ဆင့်စလုံးကိုလုပ်ဆောင်ပြီးပါက Library
Folder ထဲတွင် .kernel_pid,
.kernel_time, .kernel_complete or kernel_service အစရှိသော
ဖိုင်များရှိမရှိ ထပ်မံစစ်ဆေးပါ။ ရှိသည်ကိုတွေ့ရှိပါက ဖျက်ပစ်ရမည်ဖြစ်သည်။
Apple
သည်အဆိုပါ Ransomeware အတွက် ကာကွယ်မှု X
Protect Update ကိုထုတ်ပေးထားပြီဖြစ်သောကြောင့် Update တင်ထားသော OS X များအတွက် Transmission
Warning Sign တက်လာသည်ကိုတွေ့ရှိပါက Apple ၏ ညွန်ကြားချက်အတိုင်း
လိုက်ပါလုပ်ဆောင်ပေးရန် အထူးအရေးကြီးလှပါတယ်။
18-3-2016
သတင်းစီစဉ် တင်ဆက်သူ - Friday (MEHN Team)
Mac OS အတွက် ပထမဆုံးသော Ransomeware ကို မိတ်ဆက်ပေးလိုက်သည့် Bit Torrent Transmission
Reviewed by Myanmar Ethical Hacking News
on
9:07 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
9:07 PM
Rating:

No comments: