Qualcomm Snapdragon Chipset ၏ Coding အားနည်းချက်ကြောင့် သန်းပေါင်းများစွာသော Android တို့၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ် ဖြစ်နေခြင်း
Qualcomm မှ ထုတ်လုပ်ထားသော Snapdragon
Chipset ကို Android ဖုန်းအများစုတွင် အသုံးပြုကြသည်။ Trend Micro မှ လုံခြုံမှုဆိုင်ရာ သုတေသနပညာရှင်၏ ထုတ်ဖော်ချက်အရ Chipset ကိုမောင်းနှင်ပေးသော Kenel ၏ Coding အားနည်းချက်ကြောင့် Android ဖုန်းအများစုသည်
အထူးစိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။
ကံအကြောင်းအားလျော်စွာ
Android
ကို ဖန်တီးထုတ်လုပ်သော
Google
မှ
ဆိုပါအားနည်းချက်ကို သိရှိထားပြီး
ဖာထေးပေးနိုင်သော Patch
Update ကိုယခုအချိန်တွင် ဖြန့်ဝေပေးထားပြီး ဖြစ်ပါသည်။ Qualcomm မှ Google ဆီသို့ ပထမဦးစွာ အသိပေးလျက် Update ကိုထုတ်ပေးလိုက်ပြီး … Google မှလည်း မိမိထုတ်ကုန်များဖြစ်သော Samsung, HTC အစရှိသော
ပစ္စည်းများဆီသို့ တဆင့်ပြန်လည်မျှဝေခြင်းဖြစ်နိုင်ကြောင်းသိရှိရပါသည်။
သက်ဆိုင်ရာကုမ္ပဏီများလည်း မိမိတို့ Firmware ကို
ယိုပေါက်ပိတ်ထားသော Upgrade အားဖြင့်ဖြန့်ဝေပေးပြီးဖြစ်ကြောင်း
သိရှိရသည်။
အားနည်းချက်ဖြစ်ပေါ်ခဲ့သော ဖုန်းများတွင် Google ၏ ထုတ်ကုန်များဖြစ်သော
Nexus
5X, Nexus 6P, Nexus 5, Nexus 4, Nexus 7, Nexus 10 နှင့်အခြားသော Qualcomm
Snapdragon 800 or 805 or 810 Series တို့ကို အသုံးပြုနေကြသော Smart Devices တို့လည်းပါဝင်ခဲ့ ကြောင်းသိရှိရသည်။ Kernel Version 3.x အတွင်း နှင့် Android
Version 4.x .x မှ 6.x.x
အတွင်းဖြစ်သည်။ Firmware
ကို Upgrade မလုပ်ရသေးသော ဖုန်းများတွင်
လုံခြုံရေးအားနည်းချက် ရှိနေမည်ဖြစ်သည်။
များစွာသော ဖုန်းများသည် Firmware
Upgrade မပြုလုပ်ထားသောကြောင့် လုံခြုံမှုသည် လုံးဝစိတ်မချရပါ။
မြန်မာနိုင်ငံတွင်လည်း
အင်တာနက်ဈေးနုန်း အတိုင်းအတာကြောင့်
မိမိ Firmware
ကို Upgrade မလုပ်နိုင်သော ဖုန်းများစွာ
ရှိနိုင်သည်။ ထို့ကြောင့် မိမိဖုန်းအား
Firmware
ကို တတ်နိုင်လျှင် ချက်ချင်း Upgrade ပြုလုပ်ပေးရန် အရေးကြီးလှပေသည်။
Hacker များသည်
အဆိုပါအားနည်းချက်ကို အသုံးချလျက်
Root
Access ကို အသုံးပြုသူများ မရိပ်မိနိုင်စေဘဲ ရယူနိုင်ပြီး Device တစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်းရှိကြောင်း သိရှိရသည်။
စွမ်းဆောင်ချက်များအနေဖြင့် ဖုန်းထဲတွင်ရှိသော Mail များကို Reply
ပြန်ခြင်း ၊ Forward ပြုလုပ်ခြင်း
ခိုးယူဖတ်ရှခြင်းများကို ပြုလုပ်နိုင်သည်။ Username နှင့် Password
များ Credit card နံပါတ်များ ဓာတ်ပုံများ Message
များကိုလည်း ရယူနိုင်သည်။
Qualcomm ၏ အဆိုပြုချက်အရ
အဆိုပါ Chipset သည် Smart
Phone အများစုမှာသာမက သန်းပေါင်းများစွာသော Smart Device အသုံးအဆောင်ပစ္စည်းများတွင်လည်း System
Device အဖြစ် နေရာယူထားလျက်ရှိနေသည်။
Internet
ချိတ်ဆက်အသုံးပြုနေသော ပစ္စည်းများတွင် Snapdragon Chipset ကိုအသုံးပြုနေသည်ဆိုပါက လုံခြုံမှု လုံးဝစိတ်မချရပါ။
သန်းပေါင်းများစွာသော Smart
Devices များတွင် Chipset
ကိုအသုံးပြု တည်ဆောက်ထားသောကြောင့်
ဆက်နွယ်နေသော အသုံးပြုသူများ၏ လုံခြုံရေးသည် စိတ်မချရပေ။
21-3-2016
သတင်းစီစဉ် တင်ဆက်သူ - Fr!d0y (MEHN Team)
Qualcomm Snapdragon Chipset ၏ Coding အားနည်းချက်ကြောင့် သန်းပေါင်းများစွာသော Android တို့၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ် ဖြစ်နေခြင်း
Reviewed by Myanmar Ethical Hacking News
on
6:55 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:55 PM
Rating:

No comments: