Network အတွင်း File Sharing ပြုလုပ်ခြင်း
MEHN
စာဖတ်သူတွေ အားလုံးပဲ မင်္ဂလာပါ . . .
ဒီ
တစ်ခါတော့ ကျွန်တော် ရေးမယ့် Tutorial လေးကတော့ Networking အတွက်ရည်ရွယ်ပါတယ်။ Advance
Level နှင့် Intermediate Level လေ့လာနေတဲ့ သူတွေ အတွက် မဟုတ်ဘဲ Basic Level လေ့လာနေသော သူများအတွက်ပါ။ တခြားတော့ မဟုတ်ပါဘူး
။ အခု ဖော်ပြပေးမည့် Tutorial လေးက Computer 10 လုံးအောက် သို့မဟုတ် 2 လုံး သို့မဟုတ်
2 လုံး နှင့်အထက် ရှိရင် တစ်လုံးနှင့် တစ်လုံး ချိတ်ဆက်ပြီး Data တွေ Sharing လုပ်ဖို့
Peer to Peer ချိတ်ဆက်နည်းလေးပါ။
ဒီ
Tutorial လေးမလုပ်ခင် လိုအပ်ချက်လေးတွေ နည်းနည်းပြောချင်ပါတယ်။ တခြားတော့ မဟုတ်ပါဘူး
ဒီ Tutorial လေးမလုပ်ခင် စာဖတ်သူအနေနဲ့ Network နှင့် ပတ်သက်ပြီး IP Addressing အကြောင်းတွေ
Subnet Mask အကြောင်းတွေ Permission နဲ့ Network Cable အကြောင်း ချိတ်ဆက်ပုံနည်းလမ်းတွေ
အကြောင်း သိထားဖို့ လိုအပ်ပါတယ်။ Basic
lvl အတွက်ဆိုပေမယ့် Network အကြောင်း အသေးစိတ်မပြောပဲ Peer to Peer ချိတ်ဆက်ပုံကိုပဲ
အဓိကထားပြောသွားမှာ မို့လို့ပါ။
ကျွန်တော်မှာတော့
Computer နှစ်လုံးမရှိလို့ ဒီ Tuto လေးကို Virtual Box မှာ လုပ်ပြပေးမှာပါ။ Virtual
Box ဆိုပေမယ့် Real အတိုင်းဖြစ်လို့ ကွာခြားချက်က သိပ်မရှိပါဘူး။ ကဲ . .နဲနဲ လေကြောရှည်သွားမိပြီ . . . :D ဒီတော့ စကြတာပေါ့။
ကျွန်တော်ကတော့
Window 7 တင်ထားတဲ့ Computer နှစ်လုံးကို P2P ချိတ်ဆက်ပြပါမယ်။ Computer ဖွင့်မယ်။
Network ကြိုးချိတ်မယ်။ ပြီးရင်တော့ လိုက်လုပ်ကြည့်ကြမယ်နော် . . . OK !
အရင်ဆုံး
run-box ကိုခေါ်လိုက်ပါမယ်။ ပြီးရင် IP ပေးနိုင်ဖို့အတွက် Control Pannel ထဲက
Network Setting ထဲဝင်ဖို့အတွက် Run- Box မှာ ncpa.cpl ဆိုတာလေးရိုက်ပေးပါ။ ncpa.cpl
ဆိုတဲ့ အဓိပ္ပါယ်ကတော့ ( Network Connections Properties Control Panel File ဖြစ်ပါတယ်
)
Run-Box
ကနေ ၀င်ပြီးပြီဆိုရင်တော့ Local Area Connection ဆိုတဲ့ File ကိုတွေ့ပါမယ်။ ၎င်း File
ပေါ်မှာ Right-Click နှိပ်ပြီး Properties ထဲဝင်ပါ။
ထို့နောက်
IP ပေးရန်အတွက် Internet Protocol Version 4 (TCP/IPv4) ကို Select မှတ်ပြီး Properties ထဲဝင်ပါ။
ဝင်ပြီးသွားပြီဆိုရင်တော့
Use the following IP address ကို Click နှိပ်ပြီး ရွေးချယ်လိုက်ပါ။ ပြီးရင် အောက်က
IP Address နေရာနှင့် Subnet mask နေရာမှာ ပုံမှာပြထားအတိုင်း Private IP and
Class C Subnet Mask ကိုဖြည့်လိုက်ပါ။ (IP Addressing နှင့် Subnet Mask အကြောင်းကို
လေ့လာထားသူဆိုရင်တော့ ဘာလို့ အဲ့ဒီ IP နှင့် Subnet Mask ကို ထည့်ရလဲဆိုတာ သိပါလိမ့်မယ်။
မလေ့လာထားသူဆိုပါကလည်း ပုံမှာ ပြထားသည့်အတိုင်း အမြဲဖြည့်ဖို့ ဆိုလိုတာ မဟုတ်ဘူးဆိုတာ
သိစေချင်ပါတယ် ) ပြီးရင် OK , Close စတာတွေနှိပ်ပြီး ပြန်ထွက်လိုက်ပါ။
ပြီးရင်
Run-Box ခေါ်ပြီး cmd ကို ရိုက်ထည့်ပါ။
ပြီးရင်တော့
IP Configuration လုပ်ရန်အတွက် ipconfig ဆိုတာလေး ရိုက်ပေးပါ။
ရိုက်ပြီး
enter ခေါက်လိုက်ရင်တော့ ကိုယ့်စက်ကိုပေးခဲ့တဲ့ IP က Configure ဖြစ် မဖြစ်တွေ့ရမှာပါ။
(နောက်စက်
တလုံးကိုလည်း ကျွန်တော်က 192.168.0.3 ဆိုတဲ့ IP ပေးခဲ့တဲ့ပါတယ် )
တစ်ခုသတိထားရမှာက
ပေးခဲ့တဲ့ IP Address တွေက တူလို့မရပါဘူးဆိုတာပါဘဲ။
OK
! ဒါဆို Network ကြိုးလည်းချိတ်ထားတယ် IP လည်းပေးခဲ့ပြီးပြီဆိုတော့ စက်နှစ်လုံး
Network မိ မမိ စမ်းကြည့်ရအောင်။ (Network မိ မမိစမ်းဖို့အတွက် ping ဆိုတဲ့
command လေးကိုသုံးပေးရပါတယ်) Run-Box ခေါ် cmd လို့ရိုက် Box ကျလာရင် ping
192.168.0.3 ဆိုတဲ့ ဟာလေးရိုက်ပေးပါ။ (တစ်ခုသတိထားရမှာက 192.168.03 နေရာမှာ ကိုယ်
ping လုပ်မယ့် နောက်စက်တစ်လုံးရဲ့ IP ရိုက်ပေးရမှာဖြစ်ပြီး စက်နှစ်လုံး အပြန်အလှန်
ဆက်သွယ်မှူ့ မိ မမိစမ်းဖို့ အပြန်အလှန် ping လုပ်ပေးရမှာ ဖြစ်ပါတယ်)
Ping
ကြည့်တဲ့ အခါ ပုံ ၉ မှာ မြင်ရတဲ့အတိုင်း Request time out ဆိုတာလေးပြလာပါတယ်။ ဒါဟာ
Network မမိဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ ဘာကြောင့် မမိပါလိမ့် .. . :D Network ကြိုးလည်းချိတ်ထားတယ် IP လည်းပေးပြီးပြီ။
သြော် မေ့နေတာ။ ကျွန်တော်တို့ Firewall ဆိုတာကြီးကို ပိတ်ပေးရအုံးမယ်လေဗျ။
အဲ့ဒီ့တော့
Firewall ပိတ်ဖို့အတွက် Run-Box ခေါ် firewall.cpl ဆိုတာလေးရိုက်ပေးပါ။ (နောက်က
.cpl ဆိုတာလေး ထည့်နေရတာဟာ control panel ထဲ ၀င်လုပ်နေရလို့ပါ။ Control panel ထဲက ဘာလုပ်လုပ်
Run-Box command နဲ့ သွားမယ်ဆိုရင် .cpl ဆိုတာပါပါတယ် )
Firewall
ထဲဝင်ပြီးတဲ့ အခါ စိမ်းနေတာလေးတွေ့ပါလိမ့်မယ် ဒါဟာ firewall ဖွင့်ထားလို့ပါ။ Firewall
ပိတ်ဖို့အတွက် ဘယ်ဘက်ဘေး Panel ထဲက Turn Windows Firewall on or off ဆိုတာလေးတွေ့ပါမယ်။
နှိပ်ကာ ၀င်ပြီးတော့ ပိတ်လိုက်ပါ။
ပြီးရင်တော့
စောစောကအတိုင်း ပြန် ping ကြည့်ပါ reply ပြန်တာတွေ့ရပါလိမ့်မယ်။
ဒါဆိုရင်တော့
စက်နှစ်လုံးဟာ Network မိပါပြီ ဒီတော့ Data တွေ Sharing လုပ်ပါမယ်။ Data တွေ Share
ဖို့ Desktop ပေါ်မှာ Folder တစ်ခုအရင်ဆောက်ထားရပါမယ်။
ဒါမှ Share လုပ်မယ့် Data တွေကို ထို Folder ထဲထည့်ပြီး Share လို့ရမှာ ဖြစ်ပါတယ်။
(Folder ဆောက်တာကိုတော့ မပြောပြတော့ဘူးနော် )
Folder
ဆောက်ပြီးသွားပြီဆိုရင်တော့ ၎င်း Folder ကို Share လုပ်ဖို့ Folder ပေါ် Right Click ထောက်
Properties ထဲဝင် နောက် Sharing ဆိုတဲ့ Tab ထဲဝင်ပြီး Advance Sharing ထဲဝင်ပါ။
ပြီးရင်
Share this folder ဆိုတဲ့ နေရာမှ Tick လေးလုပ်ပါ။ (ဒါက ဒီ folder ကို Share လုပ်မယ်ဆိုပြီးပြောတဲ့
သဘောပါ) ပြီးရင် အဲ့ဒီအောက်မှာပဲ Permission ဆိုတာလေးတွေ့ပါမယ် အဲ့ဒါလေးကိုနှိပ်ပါ။
Permission
ထဲမှာ ကြိုက်တဲ့ permission ပေးလို့ရပါတယ်။
ကျွန်တော်ကတော့ Full Permission ဆိုပြီးပေးထားပါတယ်။ Full Permission ပေးထားလိုက်တဲ့
အခါ တဖက်စက်ကနေပြီး ကိုယ် Share ထားတဲ့ Data တွေကို ကြည့်ခွင့် ရေးခွင့် ဖျက်ခွင့်
အကုန် ရရှိမှာ ဖြစ်ပါတယ်။
ဒီလို
Folder ဆောက်ပြီး Share တာ Permission ပေးတာတွေ ကို P2P ချိတ်မယ့် စက်တွေ အကုန်လုံးမှာ
လုပ်ပေးရပါမယ်။ အခု ကျွန်တော် Data Share မယ့် Folder ဆောက်ပြီးပြီ အဲ့ Folder ထဲကို
Share မယ့် Data တွေထည့်ပြီးပြီ။ အဲ့လိုပဲ နောက်စက်တစ်လုံး ကိုလည်း ခုလုပ်ခဲ့သလိုမျိုး
အကုန်လုပ်ခဲ့ပြီးပြီ။
ဒီတော့
P2P ချိတ်ဆက်တာတော့ ပြီးပါပြီ။
အခု
စက်တစ်လုံးကနေ P2P ချိတ်ထားတဲ့ နောက်စက်တစ်လုံးရဲ့ Share ထားတဲ့ Data တွေကိုယူသုံးပါမယ်။
ဒီဖက်စက်ကနေ နောက်စက်တစ်လုံး Share ထားတဲ့ Folder ထဲဝင်ဖို့ Run-Box ခေါ် ပြီးရင် ယူသုံးမယ့်
စက်ရဲ့ IP Address ကို ရိုက်ထည့် ပါမယ်။ ( ရိုက်ထည့်တဲ့ နေရာမှာ IP ရှေ့က \\ ဆိုတာလေးပါရမယ်နော်
)
အဲ့လိုဝင်လိုက်ပြီး
ဆိုရင်တော့ ပုံ ၁၇ မှာ မြင်ရတဲ့ အတိုင်း ရှယ်ယာထားသော ကွန်ပြူတာထဲသို့ Log in ၀င်ဖို့
အဲ့ဒီစက်ရဲ့ Username နဲ့ Password တောင်းပါလိမ့်မယ်။ အဲ့အခါ ဖြည့်ပေးပြီး OK နှိပ်ပေးလိုက်ပါ။
(စက်တိုင်းမှာ User account တစ်ခုစီ ဖွဲ့ထားဖို့တော့လိုတယ်နော်)
ဝင်ပြီးတဲ့
အခါ အထဲမှာ Share ထားတဲ့ Folder တွေ့ပါပြီ။ ယူသုံးလို့ရပါပြီ ခင်ဗျ။ ဒါနဲ့ ယူသုံးတာတော့
ဟုတ်ပါပြီ။ တခါဝင်ချင်တိုင်း Run Box ကြီး ခေါ်ပြီး ၀င်နေရင် အလုပ်ရှုပ်တာပေါ့။ အဲ့လို
အလုပ်မရှုပ်ချင်ရင် သုံးချင်တဲ့ အခါ Click တချက်နှိပ်ရုံနဲ့ဝင်ဖို့ ကျွန်တော်တို့ အဲ့
Folder ကို Desktop ပေါ် Shortcut တင်ထားတာပေါ့။ Shortcut မတင်ခင် Map Network
Drive အရင်လုပ်ပါမယ်။ ခုနက ၀င်ထားတဲ့ Folder ပေါ် Right Click နှိပ် Map network
drive ဆိုတာတွေ့ပါမယ် click နှိပ်ပါ။
ပေးချင်တဲ့
Drive Letter ရွေးပါ။ Finish နှိပ်ပါ။
ပြီးရင်
My Computer ထဲ ၀င်ကြည့်ပါ။ အောက်မှာ Drive letter တစ်ခုနဲ့ ခုနက \\192.168.0.3
နဲ့ဝင်ထားတဲ့ ဟာကို My computer ထဲမှာ တပ်ဆင်ထားလိုက်ပါပြီ။ နောက်တစ်ခါ ၀င်ချင်ရင်
Click နှိပ်ပြီး အသင့်ဝင်ရုံပါဘဲ။
ပိုလွယ်ချင်ရင်တော့
Desktop ပေါ် Shortcut လုပ်ပြီး တင်ထားလိုက်ပါ။ ပြီးရင် ကြိုက်တဲ့ Name နဲ့ Icon
change ထားလိုက်ပါ။
OK
! အားလုံးပြီးသွားပါပြီ . . . နောက်တစ်ခေါက်ကျရင်လည်း Beginner များအတွက် လိုအပ်တာလေးတွေ
Share ပေးပါအုံးမယ် … :D
22-3-2016
စီစဉ်
တင်ဆက်သူ - bel0 (MEHN Team)
Network အတွင်း File Sharing ပြုလုပ်ခြင်း
Reviewed by Myanmar Ethical Hacking News
on
7:44 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:44 PM
Rating:






















No comments: