မီတာ ၁၀၀ အကွာအဝေးမှနေ၍ ကြိုးမဲ့ စာရိုက်ပြား (Wireless Keyboard) နှင့် ကြိုးမဲ့ ထောက်တံ (Wireless Mouse) တို့အား ထိန်းချူပ်နိုင်ခြင်း



နည်းပညာ တိုးတက်ပြောင်းလဲလာမှူ့များသည် နေ့စဉ် လှူနေထိုင်မှူ့ဘ၀ကို များစွာ လွှမ်းမိုးလျှက်ရှိသည်။ ယနေ့ကမ္ဘာကြီးသည် နည်းပညာကမ္ဘာကြီးဖြစ်သည်။ ဆန်းသစ်ခြင်း တိုးတက်ခြင်းနှင့် ပြောင်းလဲခြင်း စသည်တို့သည် နေ့စဉ်နှင့် အမျှ ဖြစ်ပေါ်လျှက်ရှိသည်။ တရက်နောက်ကျပါက တခေတ်မမှီသည့်အထိကို မြန်ဆန်ပြောင်းလဲလျှက် ရှိသည်။

ဟက်ကင်း ကမ္ဘာ (Hacking World) ကိုကြည့်မယ်ဆိုရင်လည်း တိုက်ခိုက်ခြင်း ထိုးဖောက်ခြင်း နည်းလမ်းများသည် နိစ္စဒူဝ အသစ်အသစ်များ ပေါ်ပေါက်လျှက်ရှိပါသည်။ ထို့ကြောင့် လုံခြုံရေးဆိုသည့် ၀ါဟာရကိုလည်း နေရာတိုင်း လိုလိုတွင် လိုအပ်လျှက်ရှိသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ သို့သော် လုံခြုံရေးမည်မျှ ကောင်းသည်ဆိုစေကာမူ ပြီးပြည့်စုံသည့် စံနစ်ဆိုသည်မှာ စကြာဝဋာကြီး ပျက်စီးပျောက်ကွယ်သွားသည့်တိုင်အောင် ရှိမည်မဟုတ်ချေ။

စံနစ်တိုင်းတွင် အားနည်းချက်များရှိနေသည့်အတွက် ထိုးဖောက်တိုက်ခိုက်ခြင်း (Hack) ပြုလုပ်၍ မရသည့် အရာသည်လည်း ယနေ့တိုင် မပေါ်သေးပေ။ ယခုလည်း နည်းပညာရှင်များ၏ ဖော်ထုတ်ချက်များအရ မီတာ ၁၀၀ အကွာအဝေးမှ နေပြီး စာချစ်သူတို့၏ ကြိုးမဲ့ စာရိုက်ပြား (Wireless Keyboard) နှင့် ကြိုးမဲ့ ထောက်တံ (Wireless Mouse) တို့မှတဆင့် စက်ပိုးမွှား (Malware) နှင့် စက်ပိုးမာကောင် (Rootkit) များကို ၀င်ရောက်စေနိုင်ပါသည်။ ထိုအားနည်းချက်ကို  ကြိုးမဲ့ စာရိုက်ပြား (Wireless Keyboard) နှင့် ကြိုးမဲ့ ထောက်တံ (Wireless Mouse) တို့အား ကြားဖြတ်တိုက်ခိုက်ခြင်း (Hijack Wireless Keyboard and Wireless Mouse) ဟု ခေါ်ဆိုပါသည်။


Bastille ဟုခေါ်သော လုံခြုံရေးနည်းပညာမှ ပညာရှင်များသည် လူသုံးများသော ကုမ္ပဏီများဖြစ်သည့် Logitech , Dell , Microsoft , HP နှင့် Lenovo တို့တွင် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

ကြိုးမဲ့ စကားပြောခွက် (Wireless Microphone) နှင့် ကြိုးမဲ့ စာရိုက်ပြား (Wireless Keyboard) တို့သည် ရေဒီယို ကြိမ်နှုန်း (Radio Frequency) များကို အသုံးပြုပြီး ကွန်ပြူတာတွင် တပ်ဆင်ထားသော ဆက်သွယ်သည့် USB မှ တဆင့် ကွန်ပြူတာနှင့် ချိတ်ဆက်ခြင်း ဖြစ်သည်။ ကွန်ပြူတာတွင် ချိတ်ဆက်ထားသော USB သည် ကြိုးမဲ့ စာရိုက်ပြား (Wireless Keyboard) မှ ရိုက်ထည့်လိုက်သည့် အချက်အလက်များကို လက်ခံရယူပြီး ကွန်ပြူအတွင်းသို့ ပြန်လည်ပို့ဆောင်ပေးသည့် လုပ်ငန်းကို ပြုလုပ်ပါသည်။ ကြိုးမဲ့ စာရိုက်ပြား (Wireless Keyboard) နှင့် ကွန်ပြူတာတွင် ချိတ်ဆက်ထားသော USB တို့အကြားတွင် အချက်အလက်များ စီးဆင်းမှူ့ကို ၀ှက်စာအဖြစ် သွင်းထားသင့်သော်လည်း ကွန်ပြူတာပစ္စည်းများ (Hardware) ထုတ်လုပ်သည့် ကုမ္ပဏီများသည် ၀ှက်စာမသွင်းထားပေ။ ထိုအချက်ကို Bastille မှ တွေ့ရှိပြီး ကြိုးမဲ့ စာရိုက်ပြား (Wireless Keyboard) နှင့် ကြိုးမဲ့ ထောက်တံ (Wireless Mouse) တို့ကို ကြားဖြတ်တိုက်ခိုက်ခြင်း (Hijack) ပြုလုပ်လိုက်ပြီး ထိုမှတဆင့် သားကောင် (Victim) ကွန်ပြူတာပေါ်သို့ စက်ပိုးကောင်များကို (Malware) ၀င်ရောက်စေခြင်း ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၁၅ သို့မဟုတ် ၃၀ ဒေါ်လာ တန်ကြေးရှိ ရေဒီယို ကြိမ်နှုန်းများကို ဖမ်းယူနိုင်သည့် ကွန်ပြူတာပစ္စည်းများကို ထိုးဖောက်တိုက်ခိုက်မည့်သူ (Hacker) များမှ သူတို့၏ ကွန်ပြူတာတွင် တပ်ဆင်ပြီး သင်္ကေတ (Code) အနည်းငယ် ရိုက်ရုံမျှနှင့် တဖက်လူ သားကောင် (Victim) ၏ ရေဒီယို ကြိမ်နှုန်းများကို ဖမ်းယူရရှိနိုင်ပြီး ထိုမှတဆင့် စက်ပိုးကောင်များကို (Malware) ၀င်ရောက်သွားအောင် လုပ်ဆောင်လိုက်ကာ သားကောင် (Victim) ၏ လှူပ်ရှားမှူ့မှန်သမျှကို ထောက်လှမ်းနိုင်ပါသည်။

လုံခြုံရေး နည်းပညာရှင်များ စမ်းသပ်ထားပြီး အားနည်ချက်များ တွေ့ရှိထားသည့် ကြိုးမဲ့ စာရိုက်ပြား (Wireless Keyboard) နှင့် ကြိုးမဲ့ ထောက်တံ (Wireless Mouse) ထုတ်လုပ်သည့် ကုမ္ပဏီများမှာ - Logitech , Dell , HP , Lenovo , Microsoft , Gigabyte နှင့် AmazonBasics တို့ ဖြစ်သည်။

နည်းပညာသုတေသီများသည် အားနည်းချက်များကို ဖော်ပြပါ ကုမ္ပဏီ ၇ ခုသို့ အကြောင်းကြားခဲ့သော်လည်း မည်သည့် ပြန်ကြားချက်မျှ လက်ခံမရှိခဲ့ပေ။ ထို့ကြောင့် ထိုအားနည်းချက်သည် ယနေ့တိုင် ပြုပြင်မည့်သူမရှိဘဲ အားနည်းချက်အတိုင်း ဖြစ်ပေါ်လျှက်ရှိသည်။ အားနည်းချက် သက်ရောက်လျှက်ရှိသော ကြိုးမဲ့ စာရိုက်ပြား (Wireless Keyboard) နှင့် ကြိုးမဲ့ ထောက်တံ (Wireless Mouse) တို့၏ စာရင်းအား ဖော်ပြပါ ဆက်ကြောင်း (Link) တွင် သွားရောက် ဖတ်ရူ့နိုင်ပါသည်။  

https://www.bastille.net/affected-devices

1-3-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
မီတာ ၁၀၀ အကွာအဝေးမှနေ၍ ကြိုးမဲ့ စာရိုက်ပြား (Wireless Keyboard) နှင့် ကြိုးမဲ့ ထောက်တံ (Wireless Mouse) တို့အား ထိန်းချူပ်နိုင်ခြင်း မီတာ ၁၀၀ အကွာအဝေးမှနေ၍ ကြိုးမဲ့ စာရိုက်ပြား (Wireless Keyboard) နှင့် ကြိုးမဲ့ ထောက်တံ (Wireless Mouse) တို့အား ထိန်းချူပ်နိုင်ခြင်း Reviewed by Myanmar Ethical Hacking News on 9:05 PM Rating: 5

No comments:

MEHN Team. Powered by Blogger.