Adobe Flash Player ၏ မပြီးဆုံးနိုင်သေးသော Update Patches များ



Flash Player သည် Operating System များစွာတွင်ရှိသော မည်သည့် Browser မျိုးမှာမဆို အသုံးပြုနေသော Plugin တစ်ခုအဖြစ် တည်ရှိနေသောကြောင့် ဟက်ကာများ အမြဲစမ်းသပ်နေလေ့ရှိသော အရာတစ်ခုဖြစ်သည်။ ဟက်ကာများသည် Flash Player ၏ ထွက်ပေါ်ခဲ့ပြီးသော အားနည်းချက်အဟောင်းများကို အကျိုးအမြတ် ရလိုရငြား အမြဲစမ်းသပ် တိုက်ခိုက်လျက်ရှိကြသည်။ Update Patch မလုပ်ထားမိသော Flash Version အဟောင်းများကို အသုံးပြုနေသော User များအဖို့ ကြီးမားသော အန္တာရာယ်တစ်ခုပင်ဖြစ်သည်။

Adobe ကုမ္ပဏီမှလည်း Flash Player ၏ အားနည်းချက်များကို တွေ့ရှိတိုင်း ကာကွယ်မှုများကို ကြိုးစားလုပ်ပေးရှာပါသည်။ အသစ်အသစ်သော အားနည်းချက် ယိုပေါက်များကို ဖာထေးထားသည့် Patch Update များကိုလည်း အစဉ်အမြဲ ထုတ်ပေးပါသည်။ သို့သော် ယခုသိရှိရသော သတင်းအရ Flash Player ၏ နောက်ဆုံး Version တွင်လည်း အားနည်းချက် ယိုပေါက်တစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါသတင်းကို Adobe မှအတည်ပြု ထုတ်ပေးထားခြင်းဖြစ်ပြီး အသေးစိတ်သိလိုပါက https://helpx.adobe.com/security/products/flash-player/apsa16-01.html လင့်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။ အဆိုပါ လုံခြုံမှုယိုပေါက်ကြောင့် ဟက်ကာများမှ စနစ်တစ်ခုလုံးကို နှောင့်ယှက်ခြင်း အပြည့်အဝထိန်းချုပ်ခြင်းများ ပြုလုပ်နိုင်ပါသည်။

ပြင်သစ်နိုင်ငံသား Security သုတေသနပညာရှင် Kafeine မှ တွေ့ရှိဖော်ထုတ် တင်ပြခဲ့ခြင်းဖြစ်ပါသည်။  အားနည်းချက်သည် Flash Player 21.0.0.197 နှင့် ယခင်ထွက်ခဲ့သော Version အဟောင်းများအားလုံးတို့တွင် ဖြစ်ပေါ်နေပြီး  Window, Linux, Chrome OS, Macintosh အားလုံးတို့တွင် တည်ရှိနေပါသည်။ အားနည်းချက်အား  CVE-2016-1019 အဖြစ်ပေးသတ်မှတ်ပေးထားပြီး ဖြစ်သည်။

Flash Plyer 21.0.0.182 Version အဟောင်းတွင် ယိုပေါက်အားနည်းချက် ထွက်ပေါ်စဉ်က Software Engineering များသည် Update Patch အား အဆောတလျင် အရေးတကြီး ထုတ်ပေးရခြင်းကြောင့် ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ပုံမှန်အားဖြင့် Adobe သည် Microsoft ကဲ့သို့ အရေးပေါ် Update Patch များကို နှစ်ပတ်အတွင်း ချက်ချင်းထုတ်ပေးနိုင်အောင် စီမံလေ့ရှိသည်။

အမှန်အားဖြင့် Adobe Flash Player ၏ အစဉ်ထွက်ပေါ်နေသော အားနည်းချက်များ ၊ ၄င်းအားနည်းချက်တို့ကို ဖာထေးပေးသည် Update Patch များတွင်မှ ထပ်ဆင့်ဖြစ်ပေါ်လာသော အားနည်းချက်များ အစရှိသဖြင့် အဆင့်ဆင့် ထွက်ပေါ်နေသော လုံခြုံမှုရေးရာကိစ္စများကြောင့် Security  လောကတွင် အသုံးပြုသူများမှာ စိတ်ပျက်ကြလေသည်။ ဝေဖန်ခြင်းများစွာကို ခံနေရပြီး အသုံးပြုသူများ၏ လုံခြုံမှုရေးရာကို လုံးဝစိတ်ချရန်အတွက်မှာ Flash Player အားပိတ်ထားခြင်း သို့မဟုတ် Uninstall လုပ်ပစ်မှသာ ဖြစ်မည်ဟု ပြောစမှတ်တွင်နေပြီဖြစ်သည်။

Flash Player သည်ခေတ်ကုန်နေပြီဖြစ်သည်။ ၂၀၀၇ ၊ ၂၀၀၈ ကာလ များတွင် စင်ပေါ်တွင် ခေတ်ထခဲ့သော Flash Player သည် ယနေ့ခေတ်တွင် ပုံပြင်တစ်ခုကဲ့သို့သာ ကျန်ရှိနေတော့သည်။ ၂၀၁၅ ဇန်နဝါရီကတည်းကပင် Youtube မှ၎င်းတို့၏ Video များကိုကြည့်ရှုရန်အတွက် Flash Player ကိုအသုံးပြုမှူ့အား လုံးဝရပ်တန့်ခဲ့ပြီး အခြားနည်းပညာတစ်ခုအား အစားထိုးခဲ့သည်။ နာမည်ကျော် Browser တစ်ခုဖြစ်သော Firefox မှလည်း Flash Plugin ကို လုံးဝပိတ်သိမ်းခဲ့ပါသည်။ Facebook ၏ Security ခေါင်းဆောင်ဖြစ်သူမှလည်း Flash အသုံးပြုမှု ပိတ်သိမ်းမည့်ရက်အား အတိအလင်း ကြေငြာထားပြီးဖြစ်သည်။ အမှန်အားဖြင့် Chrome Browser တွင်လည်း Default အားဖြင့်  Flash ၏ Auto လုပ်ဆောင်မှုကို ပိတ်ထားပါသည်။ ထို့ကြောင့် စာဖတ်သူများအနေဖြင့်လည်း Flash Player ကို Install လုပ်ထားသည်ဆိုပါက အန္တာရာယ်ရှိနေကြောင်း တင်ပြလိုက်ရပါသည်။

11-4-2016
သတင်းစီစဉ် တင်ဆက်သူ - Fr!d@y (MEHN Team)
Adobe Flash Player ၏ မပြီးဆုံးနိုင်သေးသော Update Patches များ Adobe Flash Player ၏ မပြီးဆုံးနိုင်သေးသော Update Patches များ Reviewed by Myanmar Ethical Hacking News on 7:20 PM Rating: 5

1 comment:

  1. အဲ့ဒါဆို ဘာသုံးရမလဲ ဆရာ

    ReplyDelete

MEHN Team. Powered by Blogger.