NSA Data Center မှ နေ့စဉ်နှင့်အမျှ အကြိမ် ၃၀၀ မီလီယံခန့် Hacking နှင့် သက်ဆိုင်သော စမ်းသပ်မှူ့များ ပြုလုပ်နေခြင်း



အမေရိကန်နိုင်ငံရှိ နည်းပညာလုံခြံရေး တပ်ဖွဲ့တစ်ခုဖြစ်သော National Security Agency (NSA) သည် နေ့စဉ်နှင့်အမျှ ဆိုက်ဘာတိုက်ခိုက် စမ်းသပ်မှူ့ပေါင်း အကြိမ် ၃၀၀ မီလီယံခန့် ပြုလုပ်နေကြောင်း သတင်းစာတစ်စောင်မှ ထုတ်ပြန်ကြေငြာခဲ့သည်။

ဖြစ်နိုင်ပါ့မလားလို့ မေးစရာရှိပေမယ့် ဖြစ်နိုင်စရာ အကြောင်းအချက်တွေ အများကြီးရှိပါတယ်။ အမေရိကန်နိုင်ငံရှိ NSA ကွန်ယက်သည် နိုင်ငံတိုင်းအပေါ်တွင် ဖြန့်ကျက်ထားပြီး နေ့စဉ်နှင့်အမျှ စောင့်ကြည့်လျှက်ရှိပါသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း NSA ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်လျှက်ရှိသော Edward Snowden မှလည်း “NSA ၏ ကွန်ယက်က ကြီးမားကျယ်ပြန့်ပါတယ် နိုင်ငံတိုင်းအပေါ်မှာ ဖြန့်ကျက်ထားပြီး အမြဲစောင့်ကြည့်နေလျှက်ရှိပါတယ် နည်းပညာဆိုင်ရာ ဆိုင်ဘာနှင့် ပတ်သက်သော စမ်းသပ်မှူ့များကိုလည်း နေ့စဉ် လုပ်ဆောင်လျှက်ရှိပါတယ်” လို့ ဖွင့်ချခဲ့ပြန်ပါတယ်။

ထို့အပြင် NSA သည် PRISM ဟုခေါ်သော Spyware ကို အသုံးပြုပြီး လူပေါင်းမြောက်များစွာတို့၏ အချက်အလက်များကို ဖမ်းယူလျှက်ရှိသည်။ အချက်အလက်များကို ဖမ်းယူသည့် နည်းလမ်းများလည်း မြောက်များစွာရှိသည်။ “၂၀၁၀ ခုနှစ်လောက်တုန်းက ကျွှန်တော်တို့ရဲ့ နေ့စဉ် ဆိုက်ဘာတိုက်ခိုက် စမ်းသပ်မှူ့ပေါင်းက ၂၅၀၀၀ နှင့် ၃၀၀၀၀ ကြား အကြိမ်အရေအတွက်ရှိခဲ့ပါတယ် ယခုမှာတော့ နေ့စဉ် ဆိုက်ဘာတိုက်ခိုက် စမ်းသပ်မှူ့ပေါင်း အကြေိမ်အရေအတွက် ၃၀၀ မီလီယံခန့် စမ်းသပ်နေပါတယ်” ဟု Utah Data Center ၏ အကြီးအကဲဖြစ်သူ Keith Squires မှ KUTV သို့ ပြောကြားခဲ့ပါတယ်။

နည်းပညာလောကကို လှမ်းမျှော်ကြည့်လိုက်မယ်ဆိုရင် The Cold War လို့ခေါ်တွင်သော စစ်အေးတိုက်ပွဲများဖြစ်သော စီးပွားရေးစစ်ပွဲများ လက်နက်အပြိုင်အဆိုင်တပ်ဆင်မှူ့များ မဟာမိတ်အပြိုင်အဆိုင်ထားရှိမှူ့များ စစ်တပ်အင်အား အပြိုင်အဆိုင်တိုးချဲ့မှူ့များစသည် တို့ကို မြင်တွေ့ရမည်ဖြစ်သည်။ ထိုလက္ခဏာများသည် စစ်အေးတိုက်ပွဲကာလ၏ ရုပ်သွင်ပြင်လက္ခဏာများပင်ဖြစ်သည်။ ထို့အပြင် စစ်အေးတိုက်ပွဲကာလတွင် နည်းပညာတိုက်ပွဲဟုခေါ်သော ဆိုးဝါးကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီးတစ်ခုလည်း ရှိနေပါသေးသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ထို တိုက်ပွဲကို မလွှဲမသွေ တိုက်ခိုက်ရမည်ဖြစ်သည်။

တစ်နိုင်ငံနှင့်တနိုင်ငံ မည်မျှပင် မဟာမိတ်ဖြစ်စေကာမူ အတွင်းသဘောတွင် အချင်းချင်း Spy များ ထည့်သွင်းပြီး စောင့်ကြည့်လျှက်ရှိပါသည်။ နည်းပညာကဏ္ဍတွင်လည်း တနိုင်ငံ၏ ကွန်ယက်များကို တနိုင်ငံမှ ဖောက်ထွင်းပြီး အချက်အလက်များ ရယူနိုင်ရန် ကြိုးပမ်းလျှက်ရှိပါသည်။ NSA ၏ ကြီးမားလှသော ကွန်ယက်များ ဆက်သွယ်မှူ့များသည် ကျွှန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ဖြန့်ကျက်ထားနိုင်ပါသည်။ အကယ်၍ ထိုသို့ ဖြန့်ကျက်ထားမည်ဆိုပါက အရေးကြီးသော နိုင်ငံ၏ လှို့ဝှက်အပ်သော အချက်အလက်များ စီးဆင်းသည့် လုပ်ငန်းစဉ်များအတွက် အလွန်ပင် အန္ဘရာယ်ကြီးမားပါသည်။ ထို့ကြောင့် ကျွှန်တော်တို့နိုင်ငံအနေဖြင့် စစ်အေးတိုက်ပွဲဖြစ်သော နည်းပညာတိုက်ပွဲအတွက် ပြင်ဆင်ထားရန်လိုအပ်ပြီး နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စမ်းသပ်မှူ့များ ရင်းနှီးမြှူပ်နှံမှူ့များ မြောက်များစွာ လိုအပ်လျှက် ရှိပါကြောင်း အစီရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျာ။

8-4-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
NSA Data Center မှ နေ့စဉ်နှင့်အမျှ အကြိမ် ၃၀၀ မီလီယံခန့် Hacking နှင့် သက်ဆိုင်သော စမ်းသပ်မှူ့များ ပြုလုပ်နေခြင်း NSA Data Center မှ နေ့စဉ်နှင့်အမျှ အကြိမ် ၃၀၀ မီလီယံခန့် Hacking နှင့် သက်ဆိုင်သော စမ်းသပ်မှူ့များ ပြုလုပ်နေခြင်း Reviewed by Myanmar Ethical Hacking News on 6:55 PM Rating: 5

No comments:

MEHN Team. Powered by Blogger.