Bing ရဲ့ အံ့မခန်းလုပ်ဆောင်ချက်အသစ် (သို့) Code Search
မိုက်ခရိုဆော့ကတော့ ခြေလှမ်းကျယ်တစ်လှမ်း
လှမ်းလိုက်ပြန်ပါပြီ။ အဲဒါကတော့ သူ့ရဲ့ Search Engine ဖြစ်တဲ့ Bing မှာ Code Snippet
တွေ ပြပေးနိုင်တဲ့ လုပ်ဆောင်ချက် ထည့်ပေးလိုက်တာပါ။ ဒီလိုလုပ်နိုင်ဖို့ ပရိုဂရမ်မင်း
(Programming) အသိုင်းအဝိုင်းတစ်ခုဖြစ်တဲ့ HackerRank ဝက်ဆိုက်ရဲ့ အကူအညီကို ယူခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ ပရိုဂရမ်မာ (Programmer)
တိုင်း စိတ်ကူးယဉ်ဖူးတဲ့ လုပ်ဆောင်ချက်ပါ။ ဘရောက်ဇာ (Browser) ကိုဖွင့်တိုင်း အဲဂိုရမ်သမ်
(Algorithm) နှင့် ကုတ် (Code) ရှာတာကို လုပ်မိကြတာချည်းပါပဲ။ နောက်ဆုံးမှာ Stack
Overflow တို့ Mozilla Developer Network တို့လို ဆိုက်တွေမှာ ရှာရင်းဖွေရင်း မချင့်မရဲနဲ့
လမ်းဆုံးကြရပါတယ်။ ဒီပြဿနာကို ရိပ်စားမိတဲ့ မိုက်ခရိုဆော့က သူ့ရဲ့ Bing အတွက် သုံးစွဲသူအသစ်တွေ
လက်ယပ်ခေါ်လိုက်တာပါ။
ရှာနည်းကလည်း လွယ်ပါတယ်။ Quick sort
in python, Fibonacci in C# စသဖြင့်ပေါ့။ ရှာချင်တဲ့ကိစ္စနဲ့ Programming Language ကို
တွဲပေးရုံပါပဲ။
လောလောဆယ် ဒီလုပ်ဆောင်ချက်ကို နိုင်ငံတိုင်းအတွက်
မပေးထားသေးပါဘူး။ ဒီတော့ ရှာလို့မှ မပေါ်ဘူးဆိုရင် Bing ရဲ့ Settings > Regions ထဲမှာ
United States ကို ရွေးပေးထားရင် အဆင်ပြေမှာပါ။ HackerRank မှာ ကြေညာထားတာတော့ သူ့တို့၏
ဝက်ဘ်ဆိုက် (Website) မှာ အမေးများတဲ့ Code Snippet တွေကို အနည်းဆုံး ရှာဖွေမှု (၈၀)
လောက် လုပ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။
ဒီလို မျိုးကွဲတွေအများကြီး တွေ့နိုင်တာကြောင့်
အဲဂိုရမ်သမ်တစ်ခုကို အနည်းနည်းအဖုံဖုံ ဘယ်လိုရေးနိုင်တယ်ဆိုတာလည်း သိသွားမှာပေါ့။ ဒါ့အပြင်
ညာဘက်ထောင့်မှာ Language ရွေးတာလည်းပါလို့ ဒါကို တခြား language နဲ့ ဘယ်လိုရေးရတယ်
ဆိုတာလည်း တွေ့နိုင်မှာပါ။
12-4-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN
Team)
Bing ရဲ့ အံ့မခန်းလုပ်ဆောင်ချက်အသစ် (သို့) Code Search
Reviewed by Myanmar Ethical Hacking News
on
9:00 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
9:00 PM
Rating:

No comments: