Apple မှ FBI ကို ပြောင်လှောင် လိုက်ခြင်း



Apple နှင့် FBI တို့အကြားတွင် တင်းမာခဲ့သော ကိစ္စတစ်ခုဖြစ်သည့် San Bernardino တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှူ့တွင် ပါဝင်ခဲ့သော သေနတ်သမား၏ အိုင်ဖုန်းဖိုက်စီ (iPhone 5C) Pass Code ကို ဖွင့်ခိုင်းသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး FBI တို့ဘက်မှ Apple ၏ အကူအညီမပါဘဲ Pass Code များကို ဖြည်နိုင်သွားခဲ့သည့်အတွက် FBI တို့ဘက်မှ ထိုအကြောင်းအရာအား ဂုဏ်ယူဝံ့ကြွားစွာ ဖော်ပြခဲ့သည်။ ယခုလို လုံခြုံရေးနည်းပညာ ထိပ်တန်းအဆင့်ရှိသော ကုမ္ပဏီတစ်ခုမှ ထုတ်ကုန်များ၏ လုံခြုံရေးပိုင်းဆိုင်ရာများကို ချိုးဖောက်ဖို့ဆိုသည်မှာ အတော်လေးကို ခက်ခဲမည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ ထိုခက်ခဲသည့် ကိစ္စကို အောင်မြင်အောင် လုပ်ဆောင်နိုင်သည့်အတွက် FBI တို့အတွက် ဂုဏ်တက်စရာ တစ်ခုဖြစ်လာခဲ့ပါတယ်။

ထိုသို့ FBI မှ Apple ထုတ်ကုန်ဖြစ်သော iPhone ကို လော့ဖြည်နိုင်သွားသည့်အတွက် ဒိကိစ္စက ဒီတင်ရပ်တန့်သွားသလားဆိုတော့ မဟုတ်ပါဘူး။ Apple ကုမ္ပဏီ၏ ဥပဒေအကြံပေးဖြစ်သော Marc Zwillinger မှ အမေရိကန် တရားစီရင်ရေးဌာနသို့ ဖိတ်ခေါ်စာတစ်စောင် ပေးပို့ခဲ့ပါသည်။ ထိုဖိတ်ခေါ်စာတွင် “ကျွှန်တော်တို့ Apple ကုမ္ပဏီရဲ့ ထုတ်ကုန်ဖြစ်သော iPhone နောက်တလုံးကို San Bernardino ကိစ္စတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်သမား၏ အိုင်ဖုန်းကို ဖြေရှင်းသော နည်းလမ်းအတိုင်း လာရောက် စမ်းသပ်နိုင်ပါကြောင်း” ဖိတ်ခေါ်ခဲ့ပါတယ်။


“တကယ်လို့ FBI မှ San Bernardino ကိစ္စတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်သမား၏ အိုင်ဖုန်းကို ဖြေရှင်းသော နည်းလမ်းအတိုင်းသာ ဖြေရှင်းပြီး Pass Code များကို ဖြတ်ကျော်နိုင်ပါက Apple တွင် တာဝန်ထမ်းဆောင်နေသော နည်းပညာလုံခြုံရေးပိုင်းဆိုင်ရာ ၀န်ထမ်းများကို ထုတ်ပစ်မှာ ဖြစ်ပါကြောင်း” Apple ၏ ဥပဒေအကြံပေး Marc Zwillinger မှ တရားသူကြီး Margo Brodie ကို ပြောကြားခဲ့ပါတယ်။

FBI မှ ပြန်ကြားချက်ထဲတွင် “San Bernardino ကိစ္စတွင် အသုံးပြုခဲ့သော နည်းလမ်းက အခြားသော iPhones များအပေါ် အကျိုးသက်ရောက်မှူ့မရှိပါဘူး” ဟု ပြန်ကြားခဲ့ပါတယ်။ Apple မှ “တကယ်လို့ San Bernardino ကိစ္စတွင် အသုံးပြုခဲ့သော နည်းလမ်းအတိုင်း အခြားသော iPhones များ၏ Pass Code များကို ဖြတ်ကျော်လို့ရပါသလားလို့ စမ်းကြည့်စေချင်ပါတယ်” ဟု ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နည်းပညာ ပညာရှင်များ၏ သုံးသပ်ချက်များထဲတွင် Apple မှ FBI ရှာဖွေတွေ့ရှိထားသော နည်းလမ်းများထက် ပိုမိုကောင်းမွန်သော နည်းလမ်းများကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ “ကျွှန်တော်ပြောချင်တာကတော့ဗျာ FBI က သူတို့ဟာသူတို့ လုပ်နိုင်တယ်ဆိုရင်လည်း ဘာလို့ ကျွှန်တော်တို့ကိုလာပြီး အကူအညီလာတောင်းနေတာလဲ” ဟု Apple မှ ဝေဖန်ပြောကြားခဲ့ပါတယ်။

“တကယ်လို့ iPhone Operating System များမှာ အားနည်းချက်များရှိခဲ့လို့ FBI မှ ရှာဖွေတွေ့ရှိပြီး Apple မှ မပြင်ဆင်ရသေးဘူးဆို ဖြစ်နိုင်တာကတော့ သင်တို့ဖုန်းတွေကို FBI မှ နောက်ယောင်ခံ လိုက်နေပါပြီ” ဟု Apple မှ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

FBI သည် Apple ကိုသာမက Android Phones များ၏ လှို့ဝှက်ချက်များကို ထုတ်ဖော်နိုင်ရန်အတွက်လည်း Google အား 2012 ခုနှစ်ကတည်းက ဖိအားပေးခဲ့ခြင်း ဖြစ်သည်။ နည်းပညာကုမ္ပဏီနှင့် အစိုးရအာဏာပိုင်များအကြားတွင် အသုံးပြုသူများမှာ ကြားက မြေစာပင်များသဖွယ် ဖြစ်ကြရသည်။ အစိုးရဘက်မှလည်း အကြမ်းဖက်မှူ့များကို ကာကွယ်စေလိုသည့်အတွက် အသုံးပြုသူများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာကို လျှစ်လျူရှူ့ခဲ့ရသည်။ နည်းပညာကုမ္ပဏီ ဘက်မှလည်း အသုံးပြုသူများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် လုံခြုံရေးပိုင်းဆိုင်ရာများကို အကာအကွယ်ပေးချင်သည့်အတွက် အစိုးရအား ကူညီရန် တွန့်ဆုတ်နေကြပါသည်။ နှစ်ဖက်စလုံးကိုကြည့်လျှင် သူ့အကြောင်းပြချက်နှင့် သူကတော့ မှန်ကန်သယောင် မှတ်ထင်ရပါတယ်။ စာချစ်သူတို့ကကော ဘယ်သူ့ဘက်ကလိုက်စေလိုပြီး ဘယ်သူကပိုမှန်တယ်လို့ ထင်မြင်မိပါသလဲ?

4-4-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
Apple မှ FBI ကို ပြောင်လှောင် လိုက်ခြင်း Apple မှ FBI ကို ပြောင်လှောင် လိုက်ခြင်း Reviewed by Myanmar Ethical Hacking News on 7:24 PM Rating: 5

No comments:

MEHN Team. Powered by Blogger.