Window အလွယ်တကူတင်နိုင်ရန်အတွက် Drive Droid App




စာဖတ်သူတို့ လုပ်ဆောင်နေကြအတိုင်း Window တင်မယ် Ubuntu တင်မယ် အစရှိသဖြင့်  OS တစ်မျိုးမျိုးကို တင်မယ်လို့ စိတ်ကူးမိတယ်ဆိုပါတော့။ ဒါမှမဟုတ်ရင်လည်း ကိုယ့် Password မေ့သွားလို့ chntpw tool ဖြင့် Password ကို Reset ချမယ်လို့ စဉ်းစားမိတယ် ဆိုပါတော့ ဒါမှမဟုတ်လည်း Kali ကို Live OS ဖြင့် နီးစပ်ရာ Wifi များ၏ Security ကို စမ်းသပ်ချင်တယ်လို့ စိတ်ကူးမိတယ်ဆိုပါတော့။ ပထမဆုံးအနေဖြင့် Bootable OS Drive တစ်ခုရှိဖို့ လိုအပ်လာပါပြီ။

Bootable OS Drive အတွက် တချို့က OS Live CD/DVD တွေကိုအသုံးပြုပါမယ်။ တချို့ကလည်း USB Disk ထဲကို OS တွေထည့်ပြီး အသုံးပြုမယ်။ အစရှိသဖြင့် နည်းလမ်းအမျိုးမျိုးကို အသုံးပြုမယ်။ စာရေးသူအနေနဲ့ကတော့ CD/DVD ဆိုတာလည်း တကူးတက ဘယ်သွားသွား မသယ်နိုင်ဘူး။ USB Flash Drive ဆိုတာလည်း တစ်ခါတစ်လေ မေ့ကျန်ခဲ့တာမျိုးရှိတယ်။ ပြီးတော့ USB Flash Drive ထဲကို Bootable OS ထည့်လိုက် တခြား Data တစ်ခုခုသယ်ဖို့ သုံးဖို့အတွက်ဆိုပြန်တော့ ထည့်ထားတဲ့ OS ကိုပြန်ဖျက်လိုက်နဲ့ အဆင်မပြေပြန်ဘူး။ တကယ်လို့များ USB Drive မပါတဲ့အချိန် မိတ်ဆွေတစ်ယောက်ကများ Window တစ်ခုတင်ဖို့ အကူအညီတောင်းလာတယ် ဆိုပါတော့။ ဒါမှမဟုတ်လည်း Password မေ့သွားလို့ ကူညီပေးပါဦးပေါ့။ အလွယ်တကူ အကူအညီပေးနိုင်အောင် ဘယ်လိုလုပ်ပေးနိုင်မလည်း? အခုဖော်ပြမယ့် နည်းလမ်းလေးက စာဖတ်သူတို့ အလွယ်တကူ အဆင်ပြေနိုင်မယ့် နည်းလမ်းကလေးတစ်ခု ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။


အဲဒီတော့ အထက်ကပြောခဲ့တဲ့အတိုင်း ဘယ်သွားသွား မမေ့ဘဲ အမြဲယူဆောင်လာလေ့ရှိတဲ့ ပစ္စည်းထဲမှာ OS တွေထည့်လို့ရပြီး Bootable Drive တစ်ခုအဖြစ်အသုံးပြုနိုင်ဖို့လိုလာပါပြီ။ Android Smart Phone တွေဟာ အဆိုပါကိစ္စကို အလွယ်တကူ ဆောင်ရွက်ပေးနိုင်ပါတယ်။ Drive Droid apk ဖြင့် မိမိဖုန်းကို Drive တစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။ Bootable ISO ဖိုင်တွေကိုညွန်းပြီး CD/DVD Drive တွေလို OS တွေ Install လုပ်တာတို့ Live OS တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ အခုလိုလုပ်ခြင်းအားဖြင့် အမြဲဆောင်ထားရမှာက ISO ဖိုင်သက်သက်များသာဖြစ်ပြီးတော့ တခြားသော Data များကိုလည်း လွတ်လပ်စွာ ထားနိုင်ပါတယ်။ USB Stick တွေမှာတော့  Bootable Drive အဖြစ်အသုံးပြုဖို့အတွက်က တခြားသော Data တွေကိုထားလို့မရပါဘူး။ အဲလိုဒုက္ခတွေကနေ ကင်းဝေးသွားပါတယ်။ အသုံးဝင်လှတဲ့ အဆိုပါ Drive Droid App ကိုအောက်ပါလင့်တွင် Download ချနိုင်ပါတယ်။ ကန့်သတ်ချက်များအနေဖြင့် အချို့သော Device များတွင်အသုံးပြု၍မရနိုင်ပါ။ ဖုန်းတွင်လည်း Root ရှိရန်လိုအပ်ပါတယ်။


5-4-2016
စီစဉ်တင်ဆက်သူ - Fr!d@y (MEHN Team)

Window အလွယ်တကူတင်နိုင်ရန်အတွက် Drive Droid App Window အလွယ်တကူတင်နိုင်ရန်အတွက် Drive Droid App Reviewed by Myanmar Ethical Hacking News on 8:06 PM Rating: 5

No comments:

MEHN Team. Powered by Blogger.