Software များကို Hack ပြုလုပ်နိုင်သော အနောက်တံခါး အတွက် ရွှေရောင်သော့ (Golden Key Backdoor)
IT (Information Technology) နည်းပညာလောကတွင်
စိတ်ဝင်စားမှူ့အများဆုံးနှင့် ရေပန်းအစားဆုံး သတင်းကို ပြပါဆိုလျှင် Apple နှင့်
FBI တို့၏ တိုက်ပွဲကို ပြရမည်ဖြစ်သည်။ Apple နှင့် FBI တို့၏ လွန်ဆွဲပွဲက အဘယ့်ကြောင့်
စိတ်ဝင်စားစရာကိစ္စ ဖြစ်လာခဲ့ပါသလဲ? အဘယ့်ကြောင့်ဆိုသော် အကယ်၍ Apple ကုမ္ပဏီမှသာ
FBI မှ တောင်းဆိုသည့် Backdoor ထည့်ပေးလိုက်ပါက အသုံးပြုသူများအတွက် အလိုလားအပ်သော
နောက်ဆက်တွဲ ပြဿနာများဖြစ်သည့် - Hacker များမှ ထိုးဖောက်နိုင်ခြင်း ၊ Malware များ
ဝင်ရောက်သွားနိုင်ခြင်း ၊ အသုံးပြုသူများအတွက် လုံခြုံရေးအပြည့်အ၀ မရှိတော့ခြင်း ၊
အသုံးပြုသူများ၏ အချက်အလက်များ ပေါက်ကြားနိုင်ခြင်း စသည့် ဆိုးကျိုးများကို Apple အသုံးပြုသူများအနေဖြင့်
ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Apple နှင့် FBI တို့၏ လွန်ဆွဲပွဲက
IT နည်းပညာလောက နှင့် အသုံးပြုသူတို့အတွက် အထူးပင်
အရေပါသော နည်းပညာ တိုက်ပွဲတစ်ခု ဖြစ်လာခြင်း ဖြစ်သည်။
Apple နှင့် FBI တို့၏ တိုက်ပွဲမစခင်ကပင်
အစိုးရ နည်းပညာဆိုင်ရာ ဌာနတွင် Software အတော်များများကို ဖောက်ထွင်းနိုင်သော
Golden Key အမည်ရှိ Backdoor ရှိနေပြီဖြစ်ကြောင်းကို Ars ၏ မှတ်တမ်းတစ်စောင်မှာ ဖော်ပြခဲ့ပါသည်။
Golden Key Backdoor ၀င်ရောက်သွားပါက
စနစ် (System) အတွင်းရှိသော အချက်အလက်များကို တဖက်လူထံသို့ ပေးပို့မည်ဖြစ်သည်။ ထို့အပြင်
အသုံးပြုသူမှ အသုံးမပြုလိုသည့် မလိုချင်သည့် လုပ်ငန်းဆောင်တာများကိုလည်း အတင်းအဓမ္မ
လုပ်ဆောင်ခိုင်းမည် ဖြစ်သည်။ ထိုနည်းလမ်းကို အသုံးပြုကာ အချက်အလက်များကို ရယူနိုင်ခြင်း
ဖြစ်သည်။
ယနေ့ခေတ်သည် အင်တာနက်ခေတ်ဖြစ်သည့်အတွက်
အင်တာနက်ကို တွင်ကျယ်စွာအသုံးပြုလာကြပါသည်။ အသုံးပြုမှူ့ တွယ်ကျယ်လာသည်နှင့်အမျှ အချက်အလက်များ
ပေါက်ကြားခြင်းဆိုင်ရာ လုံခြုံရေးနည်းပညာများသည်လည်း အထူးပင် လိုအပ်လျှက်ရှိပါသည်။
Virus , Malware , Backdoor ဆိုသည့်အရာများကို အင်တာနက်အပေါ်တွင် နေရာအနှံ့မြင်တွေ့နိုင်မည်ဖြစ်သည်။
Virus , Malware , Backdoor များသည် စံနစ်တစ်ခုအတွင်း ၀င်ရောက်သွားပါက စံနစ်ကြီးတစ်ခုလုံးကို
ကမောက်ကမဖြစ်သွားအောင် စွမ်းဆောင်နိုင်ပါသည်။ ထို့အပြင် အချက်အလက်များ ခိုးယူခြင်း
ကြားဖြတ်ဖမ်းယူခြင်း စသည့် လုပ်ငန်းစဉ်များကိုပါ လုပ်ဆောင်နိုင်ပါသည်။
ကာကွယ်နည်းများကတော့ စံနစ်ကို အမြဲတမ်း
Update လုပ်ပါ။ ကောင်းမွန်သော Hardware ပစ္စည်များကိုသာအသုံးပြုပါ။ Antivirus ,
Firewall စသည်တို့ဖြင့် ကာကွယ်ထားပါ။ အထူးအရေးကြီးဆုံးအချက်မှာ မိမိကိုယ်တိုင် လုံခြုံရေးအသိရှိပြီး
လုပ်သင့်သည် မလုပ်သင့်သည်ကို သေချာစွာ ခွဲခြားသိရန် လိုအပ်ပါသည်။
13-4-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN
Team)
Software များကို Hack ပြုလုပ်နိုင်သော အနောက်တံခါး အတွက် ရွှေရောင်သော့ (Golden Key Backdoor)
Reviewed by Myanmar Ethical Hacking News
on
8:14 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:14 PM
Rating:

No comments: