Black Berry ဖုန်းများ၏ ၀ှက်စာစံနစ်အား ဖော်နိုင်သော Master Key
ကနေဒါနိုင်ငံရဲတပ်ဖွဲ့မှ BlackBerry ဖုန်း၏ Messenger Encryption ကိုဖြည်နိုင်သော Master Key ဖြင့် Crack ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ BlackBerry ဖုန်းကို Security မြင့်မားသော ဖုန်းတစ်လုံးအဖြစ် လူသိများကြပါတယ်။ ထို့အပြင် Mobile ဖုန်းဈေးကွက်မှာ တစ်နေရာမှ တစ်နေရာသို့ စာတိုပို့သည့်အခါ End to End Encryption နည်းပညာကို စတင်ပြီး လုပ်ဆောင်ပေးထားသည့် ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ အမေရိကန် သမ္မတကိုင်ဆောင်သော ဖုန်းအမျိုးအစားသည် BlackBerry ဖြစ်သည်။ BlackBerry သည် 2010 ခုနှစ်မှ စတင်ပြီး လုံခြုံရေး နောက်ဘက်တံခါးပေါက် (Master Backdoor) ကို ဥပဒေနှင့်အညီ BlackBerry ကုမ္ပဏီဟာ ထောက်ပံ့မှုတွေ ပေးခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။
ကနေဒါနိုင်ငံ၏ တော်ဝင်ရဲတပ်ဖွဲ့မှ (The Royal Canadian Mounted Police (RCMP) ) BlackBerry ဖုန်းများကို Decryption လုပ်လို့ရမည့် Master Key ကို ၂၀၁၀ ခုနှစ်ကတည်းမှ ရရှိထာတယ်လို့ Vice News Published မှာ ၂၀၁၆-ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့က သတင်းတစ်ခုမှာ ဖေါ်ပြခဲ့ပါတယ်။ ဒီသတင်းမှာ ကနေဒါရဲတွေဟာ Master Key ကို အသုံးပြုပြီး BlackBerry Messenger (BBM) ကို Decrypt ပြုလုပ်ပြီး ရာဇ၀တ်မှု အတော်တော်များများကို လွန်ခဲ့သော ၂ နှစ်ထဲက ဖော်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
Single Encryption Key ဖြင့် Customer များကို ကာကွယ်ခြင်း
BlackBerry သည် ဖုန်းများကို စတင်ထုတ်လုပ်ကတည်းက Single Global Encryption Key ကို အသုံးပြုပြီးတော့ BlackBerry ဖုန်း အသုံးပြုသူများကို အကာအကွယ်ပေးခဲ့ပါတယ်။ ဘယ်လိုလုပ်ဆောင်သလဲဆိုတော့ Black Berry ဖုန်းကိုသုံးစွဲသူသည် BlackBerry ၏ Corporate Server တွေကိုအသုံးပြုပြီး သူ၏ကိုယ်ပိုင် Encryption Key ကို အသုံပြုနိုင်မှာဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်အတောအတွင်း တရားစစ်ဆေးမှုတွေမှာ RCMP မှ ၁ မီလီယံသော စာတိုပို့သည့် လုပ်ငန်းဆောင်တာများတွင် “Appropriate Decryption Key” ကို BlackBerry ဖုန်းတွေမှာအသုံးပြုပြီးတော့ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။
RCMP က ဒီ Global Key ကို ဘယ်လိုရရှိလာတာပါလဲ?
RCMP (သို့) ကနေဒါရဲတွေဟာ Decryption Key ကို အသုံးပြုပြီးတော့ BlackBerry ၏ Internet Service မှ တစ်ဆင့် စာတို (Message) တွေကို ဖော်ထုတ်နိုင်ခဲ့တာဘဲ ဖြစ်ပါတယ်။ BlackBerry မှ ယခုထုတ်ဖော်ပြောကြားခဲ့သော သတင်းထုတ်ပြန်ချက်သည် ကျေနပ်ဖွယ်ရာ အဖြေတစ်ခုတော့ မဟုတ်သေးပါဘူး။ အဖြစ်နိုင်ဆုံး အဖြေကတော့ BlackBerry သည် Canada အစိုးရကို ကူညီသည့်အနေဖြင့် အစိုးရလိုအပ်နေသော Decryption လုပ်နိုင်သည့် နည်းလမ်းကို ပေးလိုက်ခြင်းဖြင့် ကူညီလိုက်တယ်လို့ ထင်စရာရှိပါတယ်။ ထို့အပြင် အရေးကြီးသော မေးခွန်းတစ်ခုက ခုချိန်မှာစလာခဲ့ပါတယ် RCMP အနေဖြင့် Decryption Key ကို ဘယ်အချိန်ထိ အသုံးပြုနေအုံးမှာလဲ ဆိုတာပါပဲ။
25-4-2016
သတင်းစီစဉ် တင်ဆက်သူ - ThomasLinn (MEHN Team)
Black Berry ဖုန်းများ၏ ၀ှက်စာစံနစ်အား ဖော်နိုင်သော Master Key
Reviewed by Myanmar Ethical Hacking News
on
6:50 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:50 PM
Rating:

No comments: