ဇရာအိုတွေကို ကညာပျိုအဖြစ် ပြောင်းပေးမည့် မိုက်ခရိုဆော့ (Microsoft)



အခုအချိန်မှာ Win32 နှင့် .NET ကို အခြေခံပြီး ရေးထားသော ဆော့ဖ်ဝဲ (Software) ပေါင်း (၁၆) သန်းလောက် ရှိနေပါပြီ။ (ဒါတောင် ဗိုင်းရပ်တွေ မပါသေးဘူး) ဒီတော့ UWP (Universal Windows Platform) ဆိုပြီး IoT (အင်တာနက်/ကွန်ယက် ချိတ်သုံးရတဲ့ ပစ္စည်းတွေ) အားလုံးအတွက် တစ်ခုတည်းသော ဝင်းဒိုးကို ထုတ်လိုက်တဲ့အခါ စောစောက Desktop အတွက် ထုတ်ထားသော ဆော့ဝဲတွေအကုန် သုံးမရ ဖြစ်ကုန်ပါတော့တယ်။ UWP သည် အရင်က Metro လို့ လူသိများခဲ့ဖူးတဲ့ (Windows 8 တုန်းက စပြီ: မိတ်ဆက်ပေးထားတဲ့ OS ပုံစံသစ်) Windows Runtime ကို အခြေခံထားပါတယ်။

ဒီလို Windows Runtime သုံးရတဲ့ ရည်ရွယ်ချက် အများကြီ:ရှိပါတယ်။ တစ်ခုကတော့ စောစောကပြောခဲ့သလိုပဲ တက်ဘလက် (Tablet) တို့ ဖုန်း (Phone) တို့မှာပါ သုံးလို့ရသွားအောင်လို့ပေါ့။ နောက်တစ်ခုကတော့ ဆော့ဝဲတွေ တင်တာ/ဖြုတ်တာ လွယ်အောင်မြန်အောင်လို့ပါ။ လက်ရှိသုံးနေတဲ့ App Store တွေလိုပဲ Windows Store နဲ့ အခြား အကျိုးတူစီးပွားဖက်လုပ်ငန်းများ၏ Store တွေကနေ ရောင်းမယ်ဆိုတဲ့ အကြံနဲ့ပေါ့။ နောက်တစ်ချက်ကတော့ လုံခြုံရေးကိစ္စ။ လက်ရှိ မိုဘိုင်း OS တွေလိုပဲ OS နဲ့ App တွေကို လုပ်ပိုင်ခွင့် အပိုင်းလိုက် အပိုင်းလိုက်ပဲ ပေးထားချင်လြို့ဖစ်ပါတယ်။ အခုလက်ရှိ ဆော့ဝဲတွေက အသုံးပြုသူများ၏ လုပ်ပိုင်ခွင့်ကိုလိုက်ပြီး အားလုံးလုပ်လို့ ရနေပါတယ်။ ဒါက လုံခြုံရေးအသိ နည်းတဲ့သူတွေအတွက် အန္တရာယ်များပါတယ်။

ရေရှည်စီမံချက်ထဲမှာတော့ Desktop ဆော့ဝဲတွေ တဖြည်းဖြည်းနည်းလာပြီး သုံးတဲ့သူတိုင်း Store ကနေပဲ သုံးဖို့ကို မျှော်လင့်တာပေါ့လေ။ အသုံးများတဲ့ ဆော့ဝဲတွေ၊ နာမည်ကြီး ဆော့ဝဲတွေအကုန် ပုံစံသစ်ဘက်ကို ပြောင်းလာပြီးရင်တော့ iOS လိုပဲ တစ်ခြားက ယူသုံးလို့မရအောင် ပိတ်ပြီး Malware တွေအန္တရာယ်ကနေ ကာကွယ်ဖို့လည်း ဖြစ်လာနိုင်တယ်။

ဒါပေမဲ့ Developer တွေက Store က App တွေကို ရေးဖို့၊ သုံးဖို့ စိတ်မပါဘူး။ ဘာလို့လဲဆိုတော့ ဒီလို Desktop ဆော့ဝဲသုံးချင်လို့ပဲ ဝင်းဒိုးသုံးတာကိုး။ ပြီးတော့ Windows 8 တုန်းက လုပ်ထားတဲ့ Store အတွက် API ကလည်း ခပ်ရှုပ်ရှုပ်ရယ်။ ဘယ်သူမှတောင် သိပ်မရေးဖြစ်ကြဘူး။

ဒီတော့ Windows 10 မှာ မိုက်ခရိုဆော့က ဗျူဟာပြောင်းလိုက်တယ်။ Store က App တွေကလည်း ဆက်ရှိနေဦးမှာပဲ။ ဒါပေမဲ့ အဲဒီ့ App တွေကို Desktop မှာ သုံးနိုင်အောင် လုပ်ပေးထားလိုက်တယ်။ တကယ်တမ်းက Desktop တင်မကဘူး။ Windows 10 Mobile ရော၊ Xbox ရော၊ HoloLens ရော၊ Windows IoT Core မှာပါ သုံးလို့ရသွားစေပါတယ်။

ပြီးတော့ Build 2016 မှာ Project Centennial ဆိုတာကို ကြေညာသွားတယ်။ အဲဒါက Developer တွေအကုန် တကယ်လိုချင်နေတာပဲ။ Desktop App Converter လေ။ Desktop ဆော့ဝဲတွေကို App တွေအဖြစ်နဲ့ Windows Store ပေါ်ကို တင်လို့ ရသွားပြီ။ အဲဒီ့ UWP ရဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေက နောက်ကြောင်းမပြန်ဘူး (ဆိုလိုတာက ပြောင်းပြီးတင်တဲ့ App တွေကို ဘာမလုပ်ရဘူး၊ ဘာလုပ်ရမယ် ပိတ်မထားဘူး)။ မိုက်ခရိုဆော့က အင်ဂျင်နီယာ ဂျွန်ရှီဟန်ကတော့ "ကျနော်တို့ Developer တွေအပေါ်မှာ အများကြီး ယုံကြည်ထားပါတယ်" ဆိုပြီး ပျားရည်တိုက်သွားပါတယ်။

ဒါပေမဲ့ ဒီလိုလုပ်လိုက်တဲ့အတွက် ဝင်းဒိုးအတွက် Malware တွေကတော့ ကျန်တဲ့ပစ္စည်းတွေဆီပါ ကူးသွားနိုင်မည့် အခွင့်အရေးလို့ပဲ ထင်မိတယ်။ လောလောဆယ်တော့ Install လုပ်ရမည့် ဖိုင်တွေက AppX တွေ (MSI ရဲ့ နောက်မျိုးဆက်) ဖြစ်ကုန်ပြီ။ သူ့မှာက ဒစ်ဂျစ်တယ် သက်သေခံလက်မှတ်ပါတယ်။ ဒီတော့ Windows Store ကမှ မဟုတ်ဘူး။ ဒေါင်းလုပ်ချပြီးမှ သုံးလည်းရတယ်။ (တော်သေးတာပေါ့ … ဝင်းဒိုးဆော့ဝဲတွေ ခိုးကူးမရရင် မြန်မာတစ်ပြည်လုံး ငိုရမှာ …)
ခုနောက်ပိုင်းရေးမဲ့ Developer တွေအတွက်တော့ MSI ကနေ AppX ကို Desktop App Converter သုံးပြီး ပြောင်းပေးစရာ မလိုတော့ဘူး။ InstallShield တို့ WiX တို့ကနေ AppX က တိုက်ရိုက် ထွက်နေပါပြီ။ ကဲ … Windows XP တို့ Windows 2000 တို့တုန်းက ကြိုက်ခဲ့တဲ့ Desktop ဆော့ဝဲတွေ (အထူးသဖြင့် ဂိမ်းတွေပေါ့) ကို ဖုန်းတွေမှာ တက်ဘလက်တွေမှာ မြင်ရဖို့ ရင်တဖိုဖိုနဲ့ စောင့်ကြပါစို့။

26-4-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
ဇရာအိုတွေကို ကညာပျိုအဖြစ် ပြောင်းပေးမည့် မိုက်ခရိုဆော့ (Microsoft) ဇရာအိုတွေကို ကညာပျိုအဖြစ် ပြောင်းပေးမည့် မိုက်ခရိုဆော့ (Microsoft) Reviewed by Myanmar Ethical Hacking News on 7:13 PM Rating: 5

No comments:

MEHN Team. Powered by Blogger.