Cyber Attack 85% လောက်ကို ရှာဖွေပေးမယ့် AI စနစ်တစ်ခုအား MIT မှ တည်ဆောက်


ယနေ့ ကမ္ဘာမှာ Cyber Security ဟာ ဘယ်လောက်အရေးပါလဲ ပြောစရာလိုမယ်မထင်ပါဘူး။ နိုင်ငံအဆင့်မှသည် အဖွဲ့အစည်း၊ လူတစ်ဦးချင်းစီအတွက် သက်ရောက်မှုရှိနေပြီး Cyber တိုက်ခိုက်မှုများရဲ့ သားကောင်ဖြစ်နေရပါတယ်။ တိုက်ခိုက်မှုပုံစံများဟာလည်း ပုံစံမျိုးစုံ စနစ်မျိုးစုံမှာ ဖြစ်ပေါ်နေတဲ့အတွက် အင်တာနက်ကို ခြိမ်းခြောက်နေတဲ့အတွက် လူတိုင်းစိုးရိမ်နေရတဲ့ အခြေအနေပါ။

MIT ရဲ့ Computer Science and Artificial Intelligence Laboratory (CSAIL) မှ သုတေသနပညာရှင်တစ်ဖွဲ့ ကတော့ ဆိုက်ဘာခြိမ်းခြောက်မှုများကို တန်ပြန်နိုင်မဲ့နည်းတစ်ခုကို လုပ်ဆောင်နေကြပါတယ်။ ထိုအဖွဲ့ဟာ လက်ရှိ တိုက်ခိုက်မှုများရဲ့ 85% ကို သိနိုင်မယ့် Artificial Intelligence စနစ်တစ်ခုကိုတော့ အောင်မြင်ပြီး ဖြစ်နေပါပြီ။ ထိုသို့သော အချက်အလက်များကို ရရှိဖို့ 3.6 ဘီလီယံထက်ပိုသော log files ထဲမှ သံသယဖြစ်ဖွယ်အချက်များကို ရယူကာ လုပ်အောင်ခြင်းဖြစ်လေသည်။ ထိုစနစ်ဟာ Artificial Intelligence တစ်ခုထဲပေါ်တွင် လုပ်ဆောင်ခြင်းမဟုတ်ပဲ Analyst Intuition(AI) လိုခေါ်တဲ့ သုတေသနပညာရှင်တွေ ကိုယ်တိုင်ထည့်သွင်းရမယ့် Input လည်း ထည့်သွင်းရပါတယ်။ ဒါကြောင့် ဒီစနစ်ကို Artificial Intelligence Squared(AI2) အဖြစ် အမည်ပေးထားကြပါတယ်။

AI2 ဘယ်လိုအလုပ်လုပ် သလဲ ?
AI2 ဟာ ပထမအဆင့်အနေနဲ့ machine က အလိုလျောက်လုပ်မည့်စနစ်ဖြင့် Content တွေကို Scan ဖတ်ပြီး နောက်တစ်နေ့မှာ သုတေသနပညာရှင်များကို ရရှိလာတဲ့ results များကို ထုတ်ပေးမှာဖြစ်ပါတယ်။ ထိုမှတစ်ဆင့် သုတေသနပညာရှင်များမှ ရရှိလာတဲ့ အချက်များကို ကြည့်ရှုကာ ဆိုက်ဘာတိုက်ခိုက်မှုဖြစ်သည် မဖြစ်သည်ကို ဆုံးဖြတ်ကာ AI2 သို့ ပြန်ပို့မှာ ဖြစ်ပါတယ်။ ထိုမှတစ်ဆင့် AI2 မှ နောက်တစ်နေ့တွင် သုတေသနလုပ်ထားသော အချက်များကို ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ အရမ်းကို  ရိုးရှင်းပါတယ်။
အချက်အလက်များများ analyze လုပ်နိုင်လေ ပိုမို တိုကျသော အချက်အလက်များကို ရရှိလေဖြစ်ပါတယ်”
စမ်းသပ်လုပ်ဆောင်မှုများအပြီးမှာတော့ AI2 ဟာ ယနေ့အသုံးပြုနေသော Cyber Attack Detection စနစ်တွေထက် ၃ ဆခန့် ပိုမိုကောင်းမွန်ကြောင်းတွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။ ထို့အပြင် AI2 ဟာ false positive( မှားယွင်းဖော်ပြချက်) များကို ပိုမိုလျော့ချနိုင်ကြောင်းတွေ့ရှိရပါတယ်။
Video သရုပ်ပြမှုကိုလည်း အောက်ပါလင့်မှ ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။


သုတေသနအဖွဲ့အနေနဲ့ AI2 အကြောင်းအား လွန်ခဲ့တဲ့ အပတ်က နယူးယောက်တွင် ပြုလုပ်ခဲ့သော IEEE International Conference on Big Data Security တွင် AI2: Training a big data machine to defend  ခေါင်းစဉ်ဖြင့် ဖော်ပြပြောကြားခဲ့ပါတယ်။ ပြောကြားခဲ့သော PDF ဖိုင်အား အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါတယ်။



Cyber Attack တွေကို AI2 မှ မည်သို့မည်ပုံ ကူညီပေးမယ်ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ကြတာပေါ့ဗျာ…. 

21-4-2016
သတင်းစီစဉ် တင်ဆက်သူ: ကိုသိန်း ( MEHN Team )

Cyber Attack 85% လောက်ကို ရှာဖွေပေးမယ့် AI စနစ်တစ်ခုအား MIT မှ တည်ဆောက် Cyber Attack 85% လောက်ကို ရှာဖွေပေးမယ့် AI စနစ်တစ်ခုအား MIT မှ တည်ဆောက် Reviewed by Mr.Thein on 3:30 PM Rating: 5

No comments:

MEHN Team. Powered by Blogger.