တူရကီ နိုင်ငံသား သန်း၅၀ကျော်၏ ကိုယ်ရေးအချက်အလက်များ အွန်လိုင်းပေါ်တွင် ပေါက်ကြားခဲ့ခြင်း


တူရကီနိုင်ငံသား သန်း ၅၀ ခန့်၏ ကိုယ်ရေးအချက်အလက်များနှင့်အတူ တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan ၏ ကိုယ်ရေးအချက်အလက်များပါ အွန်လိုင်းပေါ်တွင် ပြန့်နှံ့ခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ လုံခြုံရေးဆိုင်ရာ ဖောက်ဖျက်မှုတစ်ခုပဲ ဖြစ်ပါတယ်။ အဲ့ဒီ အချက်အလက်တွေမှာ မှတ်တမ်းပေါင်း ၄၉၆၁၁၇၀၉(သန်း ၅၀ နီးပါး) ပါဝင်ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က Icelandic Group ရဲ့ ၀က်ဆိုဒ်မှာ အဲ့ဒီမှတ်တမ်းတွေကိုတင်ထားခဲ့ပါတယ် ။
စိတ်ပါဝင်စားတဲ့မည်သူမဆို ဒေါင်းလုတ် ပြုလုပ်နိုင်ရန်အတွက်လည်း ခွင့်ပြုပေးထားပါတယ် ။
ဒါဟာအကြီးမားဆုံးသော နိုင်ငံရဲ့ အချက်အလက်များအား ခိုးယူခံရခြင်းဖြစ်ပါတယ် ။
အေပီ သတင်းဌာနရဲ့ တနင်္လာနေ့ သတင်းအရ ကိုယ်ရေးအချက်အလက်ပေါကကြားမှုတွေထဲမှ ဆယ်ယောက်မှာ ရှစ်ယောက် နီးပါး မှန်ကန်မှု ရှိနေတာကို တွေ့ရပါတယ် ။ ပေါက်ကြားခဲ့တဲ့အချက်အလက်တွေဟာဆိုရင် 6.6 GB ပမာဏ နီးပါးလောက် ရှိပါတယ် ။ အဲ့ဒီအချက်အလက်တွေထဲ မှာဆိုရင် အမည် များ၊ ID နံပတ်များ ၊ကျား/မ စာရင်း များ၊ မွေးရပ်ဒေသများ ၊မွေးနေ့ရက်စွဲများ ၊ နေရပ်လိပ်စာများ ၊ ထင်ရှားသည့်အမှတ်အသားများ ၊ မိဘ အမည်များ စသည်တို့ပါဝင် ပါတယ် ။ ဟက်ကာအဖွဲ့များဟာ သူတို့ရရှိခဲ့တဲ့အချက်အလက်တွေကို  သက်သေပြဖို့အတွက် တူရကီသမ္မတ Recep Tayyip Erdogan နှင့် ၄င်း၏ ကိုယ်ရေးအရာရှိ Abdullah Gulတို့အပြင် ၀န်ကြီးချုပ် Ahmet Dabutoglu တို့၏ ကိုယ်ရေးအချက်အလက်များကို လူထုအားချပြခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာဆိုရင် နိုင်ငံရေးအရ တိုက်ခိုက်တယ်လို့ တွေ့မြင်ရပါတယ် ။ ဟက်ကာတွေဟာ အချက်အလက်တွေခိုးယူပြီးနောက် စာချန်ထားခဲ့ပါတယ်။
"ဘယ်သူ တွေက ခေတ်နောက်ပြန်ဆွဲတာတွေ၊ခရိုနီ ၀ါဒတွေ၊ ဘာသာရေးအစွန်းရောက်မှုတွေ ကို တူရကီနိုင်ငံ အတွင်းမှာ စိတ်ကူးနေကြတာပါလဲ။ဒါဟာ  နည်းပညာဆိုင်ရာ အရေးကြီးတဲ့ အရာတွေကို ချိုးဖဲ့ ဖျက်ဆီးပြီး အားနည်းချက်တွေ ကို ဖြစ်ပေါ်စေပါတယ်။"

ဟက်ကာတွေမှ ပေးသော သင်ခန်းစာ
    အချက်အလက်တွေ ပေါက်ကြားမှုရဲ့ အခြားတဖက် မှာတော့ ဟက်ကာတွေက ဒီပေါက်ကြားမှု ကနေ အချို့ သော သင်ခန်းစာတွေ ပေးခဲ့ပါတယ်။တူရကီနိုင်ငံရဲ့ ခေါင်းစဉ် အောက်က ဟက်ကာတွေ ရေးသားထားခဲ့တာကတော့
၁။ အချက်အလက်တွေ ရွေ့ပြောင်းရာမှာ ၀ှက်စာမသွင်းခြင်းက အချက်အလက်တွေကို ထိန်းသိမ်းဖို့ ခက်ခဲစေပါတယ်။
၂။ အချက်အလက်ထိန်းသိမ်းမှု ရဲ့ ပုံစံမကျနမှု ကိုလည်းကျွန်တော်တို့ ပြင်ဆင်ဖို့လုပ်ရပါတယ်။
၃။ အသုံးပြုသူတွေရဲ့ UI ပေါ်မှာ  password တွေကိုခက်ခက်ခဲခဲ နဲ့ လုံခြုံရေးအတွက်အမျိုးမျိုးစဉ်းစားပြီးပြုလုပ်ကြခြင်းက ၀င်ရောက်လာတဲ့ဟက်ကာ တွေအနေနဲ့  UI ကိုအတိအကျ မသတ်မှတ်နိုင်ခဲ့စေဖို့ပဲဖြစ်ပါတယ်။
၎။ Erdogan နဲ့ပတ်သက်ပြီးတစ်ခုခု လုပ်ကြရမယ်။  သူကဖျက်ဆီးရေးတွေလုပ်နေပေမဲ့  သင့်တိုင်းပြည်က သူဘာလဲသိနိုင်တဲ့အနေအထား မရောက်သေးဘူး။

14-4-2016
သတင်းစီစဉ် တင်ဆက်သူ - |)3@|) $"!"@r (MEHN Team)
တူရကီ နိုင်ငံသား သန်း၅၀ကျော်၏ ကိုယ်ရေးအချက်အလက်များ အွန်လိုင်းပေါ်တွင် ပေါက်ကြားခဲ့ခြင်း တူရကီ နိုင်ငံသား သန်း၅၀ကျော်၏ ကိုယ်ရေးအချက်အလက်များ အွန်လိုင်းပေါ်တွင် ပေါက်ကြားခဲ့ခြင်း Reviewed by Mr.Thein on 10:16 AM Rating: 5

No comments:

MEHN Team. Powered by Blogger.