ကမ္ဘာ့သမုဒ္ဒရာများ အောက်ရှိ အင်တာနက် ဆက်ကြောင်းများ


ဖြစ်ပေါ်ပြောင်းလဲမှူ့များသည် လျှင်မြန်သော အရိုန်အဟုန်များဖြင့် တိုးတက်လျှက်ရှိသည်။ ယနေ့နှင့် မနက်ဖြန်သည် မတူညီသည်ကို တွေ့ရှိရမည် ဖြစ်သည်။ ယနေ့မတွေ့ရှိသေးသော နည်းပညာအသစ်များသည် မနက်ဖြန်တွင် တွေ့ရှိနိုင်သည်။ မျက်စိတမှိတ် လျှက်တပြက်အတွင်းကို တိုးတက်ပြောင်းလဲမှူ့များသည် မြန်ဆန်လွန်းလှသည်။

အဘက်ဘက်မှ တိုးတက်နေသော အချိန်ကာလတွင် နည်းပညာဆိုသော အရာသည်လည်း နောက်ကျမကျန်ခဲ့ပေ။ လူသားတို့၏ ကြိုးပမ်းအားထုတ်မှူ့များကြောင့် နေ့စဉ်နှင့်အမျှ အသစ်အသစ်သော နည်းပညာများ ထွက်ပေါ်လျှက်ရှိသည်။ နည်းပညာအမျိုးအစားပေါင်း မြောက်များစွာရှိသည့်အနက်မှ သတင်းနှင့် အချက်အလက် နည်းပညာ (Information Technology - IT) သည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။

သတင်းနှင့် အချက်အလက်များသည် အဖွဲ့အစည်းများ ၊ ကုမ္ပဏီများ သို့မဟုတ် လူများ၏ အချက်အလက်ပေါင်း များစွာ ပါဝင်သည့်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ရပ်တည်လျှက်ရှိသည်။ ထိုကဲ့သို့သော အချက်အလက်များ တနေရာမှ တနေရာသို့ လွယ်ကူစွာ စီးဆင်းနိုင်ရန်အတွက် အင်တာနက်သည် မရှိမဖြစ်လိုအပ်ပါသည်။ ယနေ့ကမ္ဘာသည် နည်းပညာကမ္ဘာ အင်တာနက်ကမ္ဘာ ဖြစ်သည်။ အင်တာနက်ခေတ်ဟု ခေါ်မည်ဆိုပါက မှားမည်မထင်ပါ။

တနိုင်ငံနှင့် တနိုင်ငံ ၊ တနေရာနှင့် တနေရာသို့ အချက်အလက်များ စီးဆင်းရန်အတွက် ကွန်ယက် တစ်ခုမှ တစ်ခုသို့ အင်တာနက် ကေဘယ်ကြိုးများဖြင့် ချိတ်ဆက်ထားရှိပါသည်။ ထိုသို့ချိတ်ဆက်ရာတွင် မြေကိုတူးဖော်ပြီး မြေအောက်အတွင် နှစ်မြှူပ်ကာ ကေဘယ်ကြိုးများကို သွယ်တန်းထားသလို ပင်လယ် သမုဒ္ဒရာများ အောက်မှလည်း အင်တာနက် ကေဘယ်ကြိုးများကို သွယ်တန်းထားကြပါသည်။

အင်တာနက် ကေဘယ်ကြိုးများ သွယ်တန်းပုံများသည် အလွန်ပင် စိတ်ဝင်စားစရာကောင်းပါသည်။ ထို စိတ်ဝင်စားစရာကောင်းသည့် အင်တာနက် ကေဘယ်ကြိုးများ သွယ်တန်းပုံများကို ဖော်ပြထားသည့် Website တစ်ခုရှိပါသည်။ ထို Website သို့ဝင်ရောက်ပြီး အင်တာနက် ကေဘယ်ကြိုးများ မည်ကဲ့သို့ သွယ်တန်းထားသည်ကို ကြည့်ရူ့နိုင်မည် ဖြစ်သည်။ ကမ္ဘာတ၀ှမ်းလုံးရှိ အင်တာနက် ချိတ်ဆက်ထားသော ကေဘယ်ကြိုး ဆက်ကြောင်းများကို ကြည့်ရူ့နိုင်သလို တစ်နိုင်ငံချင်းအလိုက်လည်း ကြည့်ရူ့နိုင်ပါသည်။

Link : http://www.submarinecablemap.com/

မြန်မာနိုင်ငံ၏ အင်တာနက် ကေဘယ်ဆက်ကြောင်းများကို ရှာဖွေချင်ပါက Search Box တွင် Myanmar ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်ပါသည်။ ထို့အတူ အခြားသော ရှာဖွေလိုသည့် နိုင်ငံများကိုလည်း အလွယ်တကူ ရိုက်ထည့်ပြီး ရှာဖွေနိုင်မည် ဖြစ်သည်။

အင်တာနက်ကြိုးများ သွယ်တန်းသည့် လုပ်ငန်းများကို လုပ်ကိုင်သည့် ကုမ္ပဏီပေါင်း မြောက်များစွာရှိပါသည်။ အင်တာနက်ကေဘယ်ကြိုးများ တနိုင်ငံမှ တနိုင်ငံသို့ သွယ်တန်းမှူ့တွင် အရှည်လျားဆုံးသော သွယ်တန်းမှူ့မှာ ကိုရီးယားနှင့် ဂျာမနီကို သွယ်တန်းထားသော ကေဘယ်ကြိုးဖြစ်ပြီး အလျား 40,000 ကီလိုမီတာ ရှည်လျားပါသည်။

27-4-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
ကမ္ဘာ့သမုဒ္ဒရာများ အောက်ရှိ အင်တာနက် ဆက်ကြောင်းများ ကမ္ဘာ့သမုဒ္ဒရာများ အောက်ရှိ အင်တာနက် ဆက်ကြောင်းများ Reviewed by Myanmar Ethical Hacking News on 7:09 PM Rating: 5

No comments:

MEHN Team. Powered by Blogger.