Facebook Server တစ်ခုတွင် Backdoor တွေ့ရှိခြင်း



Facebook ၏ Security ပိုင်းဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ မကြာသေးမှီက Facebook Server တစ်ခုကို Black Hacker များမှ ဝင်ရောက်ထိုးဖောက်ခဲ့ပြီး ကုမ္ပဏီဝန်ထမ်းများ၏ အချက်အလက်များကို ထုတ်ယူသွားနိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။ ဟက်ကာတွေက အဲဒီ Server မှာ Backdoor တစ်ခုကိုလည်း ထားရှိခဲ့ပါတယ်။ ကံကောင်းတဲ့အချက်ကတော့  Facebook ရဲ့အကူ Server တစ်ခုမှာဘဲ ဖြစ်ပွားခဲ့တာဖြစ်လို့ တခြားသော Facebook သုံးစွဲသူများ၏ အချက်အလက်များ ထိခိုက်မှုမရှိကြောင်း Facebook ထုတ်ပြန်ကြေငြာထားပါတယ်။

အဆိုပါကိစ္စကို တွေ့ရှိရခြင်းကတော့ Facebook ၏ Bug Bounty Program (https://www.facebook.com/whitehat/ ) ရဲ့ အကျိုးကျေးဇူး တစ်ခုကြောင့်လို့ ဆိုရမှာဖြစ်ပါတယ်။ အကယ်၍သာ  ကာကွယ်ရေး အားနည်းချက်များကို ရှာဖွေခွင့် မပြုခဲ့ဘူးဆိုလျှင်တော့ အဆိုပါ Backdoor ရှိနေကြောင်း လွယ်လင့်တကူ သိရှိနိုင်မှာ မဟုတ်ပါဘူး။ ရှာဖွေပေးခဲ့သူကတော့ ထိုင်ဝမ်နိုင်ငံမှ Pentester တစ်ဦးဖြစ်သူ Orange Tsai (https://www.facebook.com/Orange.8361 ) အမည်ရှိ လူငယ်တစ်ဦးဖြစ်ပါတယ်။ Facebook အကူ Server ကို စမ်းသပ်ထိုးဖောက် ဝင်ရောက်ကြည့်ရာကနေ အဆိုပါ Backdoor အား တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

Backdoor ကိုတွေ့ရှိသော နေရာကတော့ files.fb.com Domain ရဲ့ Hosting Service မှာပဲဖြစ်ပါတယ်။ အဆိုပါ Service ဟာ Accellion (http://www.accellion.com/) ကုမ္ပဏီမှ ထုတ်လုပ်ထားသော Secure File Transfer Application (FTA) တစ်ခုဖြစ်ပါတယ်။  Facebook တွင် အလုပ်လုပ်နေသော ဝန်ထမ်းအချင်းချင်း ဆက်သွယ်မှု အဆင်ပြေစေရန် ထည့်သွင်းပေးထားသော Service တစ်ခုဖြစ်ပါတယ်။ 

Tsai ၏ Blog တွင် ပြောပြထားချက်အရ FTA မှာ အားနည်းချက် ၇ မျိုးအထိ တွေ့ရှိခဲကြောင်း သိရှိရပါတယ်။ အဆိုပါအားနည်းချက်များမှာ Cross Site Scripting အမျိုးအစား ၃ မျိုး  Remote Code Execution အမျိုးအစား ၂ မျိုး နဲ့ LPE (Local Privilege Escalation) အမျိုးအစား ၂ မျိုး တို့ဖြစ်ပါတယ်။ Tsai သည် အဆိုပါ အားနည်းချက်များမှတဆင့် Facebook Server အတွင်းသို့ ၀င်ရောက်ခွင့်ကို (Server Access) ရယူခဲ့ပါတယ်။ Server Access ကို ရယူပြီးတဲ့နောက်မှာတော့ Tsai သည် အားနည်းချက်ရှိသောနေရာကို သေချာသိရှိနိုင်ဖို့အတွက် Facebook Server ၏ မှတ်တမ်းများကို ပြန်လည်ကြည့်ရှုပြီး ရှာဖွေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ PHP Web Shell အမည်နဲ့ လူသိများသော အဆိုပါ Backdoor ကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။  အဆိုပါ  Backdoor ကို ဟက်ကာတစ်ဦးမှ ထည့်သွင်းခြင်း ဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။

Tsai မှ သူ၏တွေ့ရှိချက်များကို Facebook Security အဖွဲ့သို့တင်ပြခဲ့ပြီးနောက် ဆုကြေးဖြစ်သော ဒေါ်လာတစ်သောင်းကို ထုတ်ယူသွားခဲ့ကြောင်း သိရှိရပါတယ်။ နည်းပညာအကြောင်း အသေးစိတ်သိရှိလိုပါက Tsai ၏ ဖော်ပြချက် Blog ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။


28-4-2016
သတင်းစီစဉ် တင်ဆက်သူ - Fr!d@y (MEHN Team)
Facebook Server တစ်ခုတွင် Backdoor တွေ့ရှိခြင်း Facebook Server တစ်ခုတွင် Backdoor တွေ့ရှိခြင်း Reviewed by Myanmar Ethical Hacking News on 7:06 PM Rating: 5

No comments:

MEHN Team. Powered by Blogger.