Blue Screen Of Death Error ကို ရှာဖွေပေးမည့် QR Codes



Blue Screen Of Death (BSOD) ဆိုတာကတော့ ကွန်ပြူတာ အသုံးပြုနေစဉ်အတွင်း ရုတ်တရက် ကွန်ပြူတာရပ်တန့်သွားပြီး အပြာရောင် မျက်နှာပြင် (Blue Screen) ပေါ်လာခြင်း ဖြစ်သည်။ Blue Screen Of Death ဖြစ်ပေါ်ရသည့် အကြောင်းရင်းများစွာရှိပါသည်။ အဓိက အကြောင်းရင်းများမှာ Memory Crash ဖြစ်ခြင်း ၊ Hard Disk ကြောင်ခြင်း စသည့် တို့ကြောင့်ဖြစ်သည်။

တကယ်လို့သင်ဟာ Window ကိုအမြဲသုံးနေရသူဆိုလျှင် Blue Screen ပေါ်လာတာဟာ သင့်အတွက် ညအိမ်မက်ဆိုးကြီး ခံစားရသလို ဖြစ်နေမှာပါ။ ထို Blue Screen Of Death ပြဿနာကို ဖြေရှင်းရန်အတွက် Microsoft မှ အမြန်ဆုံး ကြိုးစားပြီး ပြင်ဆင်နေပါတယ်။ တစ်ချိန်တည်းမှာဘဲ ဒီထူးခြားမှုရလဒ်ဟာ အဖြေထွက်ရှိလာပါတယ်။ Windows အသုံးပြုသူအများစုသည် Blue Screen Of Death နှင့် ပက်သတ်လို့ အနည်းနှင့်အများ ကြုံတွေ့ကြဖူးမှာပါ။

Microsoft ၏ ဆန်းသစ်သော ရှာဖွေမှုတွေအရ Winfow 10 Version အသစ်မှာ Blue Screen Of Death ကို ရှာဖွေပေးနိုင်မည့် နည်းလမ်း ပါရှိလာတော့မှာပါ။ နောက်ဆုံးထွက် Windows Version အသစ်များ ဖြစ်သော Window 10 14316 built တွင် Blue Screen Of Death ပေါ်လာပါက ယခင်လို စာသာချည်းသက်သက် ဖော်ပြပေးမည် မဟုတ်တော့ဘဲ QR Code ပါ ထည့်သွင်းပေးထားပါတယ်။ ထို QR code ထဲတွင် Blue Screen Of Death ဖြစ်ရသည့် အကြောင်းရင်းများကို ဖော်ပြပေးမည် ဖြစ်သည်။

QR code မှတဆင့် Windows အသုံးပြုသူများကို Website ကနေတစ်ဆင့် BSOD Error အတွက် အကူညီပေးသွားမှာပါ။ ဒီထူးခြားသော ရလဒ်သည် အနာဂတ်အတွက် အလားအလာကောင်းပါဘဲ။ နောက်ပိုင်းမှာ Microsoft မှ QR code ကိုသုံးပြီး Windows တွင် ဖြစ်တတ်သော Errors များကို လွယ်ကူစွာ ဖြေရှင်းနိုင်တော့မှာ ဖြစ်ပါတယ်။

သင့်အနေဖြင့် Blue Screen of Death Error ကို မဖြေရှင်းတတ်ဘူးဆိုရင် Windows 10 ကို အသုံးပြုသင့်ပါတယ်။ Windows 10 မှာ ပါဝင်သည့် QR Code မှ တဆင့် ပြဿနာများကို ဖြေရှင်းနည်းများကို ဖော်ပြပေးထားသည့်အတွက် လွယ်ကူအဆင်ပြေစွာ ဖြေရှင်းနိုင်တော့မှာဖြစ်ပါတယ်။ နောက်ပိုင်းတွင်လည်း Windows တွင် ဖြစ်တတ်သော Errors များကို QR Codes များဖြင့် ဖော်ပြပေးမည် ဖြစ်သည်။ QR Codes များမှတဆင့် Windows Errors များကို လွယ်ကူစွာ ဖြေရှင်းနိုင်တော့မှာ ဖြစ်ပါတယ်။

29-4-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
Blue Screen Of Death Error ကို ရှာဖွေပေးမည့် QR Codes Blue Screen Of Death Error ကို ရှာဖွေပေးမည့် QR Codes Reviewed by Myanmar Ethical Hacking News on 7:35 PM Rating: 5

No comments:

MEHN Team. Powered by Blogger.