ဟက်ကာတို့၏ Wordpress Websites များအား တိုက်ခိုက်ခြင်း
ဖေဖော်ဝါရီလနှင့် မတ်လ၊ နှစ်လအတွင်းမှာ
WordPress ဝက်ဆိုက်များအား တိုက်ခိုက်မှုပေါင်း (၁၀၀၀) လောက် ရှိတယ်လို့ အိုင်ဘီအမ်က
သတင်းအရ သိရပါတယ်။ ဒါဟာ အရင်လတွေထက်စာရင် (၄၅) ရာခိုင်နှုန်းလောက် တက်လာတာပါ။ ဒီတိုက်ခိုက်မှုတွေရဲ့
လက်သည်ဟာ ယခင် နာမည်ကြီး Webshell တစ်ခုဖြစ်တဲ့ C99 ရဲ့ မျိုးကွဲတစ်ခုဖြစ်တယ်လို့
VirusTotal ဆိုသည့် Website တစ်ခုမှာ ဖော်ပြနေပါတယ်။
တိုက်ခိုက်မှုရဲ့အစကတော့ pagat.txt ဆိုတဲ့ဖိုင်ကို
ဆိုက်မှာတင်တာပါ။ အဲဒီ့အထဲမှာ ဖတ်မရအောင်မွှေထားတဲ့ php script ပါပါတယ်။ ဒီလိုနည်းနဲ့
waf ကနေ ဇကာတိုက်တာကို ကျော်တာပါ။ အကယ်လို့ Script ကို ပြန်ဖြည်ပြီး အလုပ်လုပ်ပြီးတာနဲ့
တိုက်တဲ့သူဆီ အီးမေးပြန်ပို့ပါတယ်။ ဒီတော့ အီးမေးရတာနဲ့ ပစ်မှတ်ဖြစ်တဲ့ ဝက်ဆိုက်ဟာ
တိုက်ခိုက်ခံရပြီးကြောင်း သိနိုင်ပါတယ်။
အဲဒီ့အချိန်မှာ တိုက်ခိုက်သူအနေနဲ့ Webshell
တစ်ခု ရလာပါပြီ။ အဲဒီ့ Shell ကတစ်ဆင့် Command တွေ ပေးလို့ရပါပြီ။ ဒီအချိန်မှာတော့
တိုက်ခိုက်သူအနေနဲ့ ဘယ်ဖိုင်ကိုမဆို ပို့လို့ရပြီဖြစ်လို့ တခြားလုပ်ဆောင်ချက်တွေလည်း
လုပ်နိုင်မှာပါ။ ဂူးဂဲ (Google) ကနေ "pagat.txt" ဆိုပြီး ရှာကြည့်တဲ့အခါမှာ
ဝက်ဆိုက်တွေ ရာနဲ့ချီပြီး ပေါ်နေတာ တွေ့ရပါတယ်။ အိုင်ဘီအမ်ရဲ့ အဆိုအရတော့ ဒီတိုက်ခိုက်မှုတွေရဲ့
တရားခံဟာ အင်ဒိုနီးရှားဟက်ကာ Hmei7 ဖြစ်ပြီး သူဟာ ကမ္ဘာတစ်လွှားက ဝက်ဆိုက်ပေါင်း (၁၅၀၀၀၀)
ကျော်ကို မျက်နှာဖျက် (deface) ခဲ့သူပါ။
Webshell တွေကို WordPress ဆိုက်တွေကို
တင်လေ့ရှိပြီး CMS (content management
system) စနစ်မှာ လုံခြုံရေးအားနည်းချက်
ရှိတဲ့ဆိုက်တွေ တခြားကရတဲ့ လုံခြုံရေးအားနည်းချက်ရှိတဲ့ plug-in တွေ သုံးတဲ့ဆိုက်တွေကို
အဓိကတိုက်ခိုက်လေ့ ရှိကြောင်း အိုင်ဘီအမ်က ရှာဖွေတွေ့ရှိထားပါတယ်။
WordPress ဆိုက်တွေကို ထိန်းကျောင်းသည့်
သူတွေအနေနဲ့ C99 webshell နှင့် အလားတူ တိုက်ခိုက်မှုတွေက ကာကွယ်နိုင်ဖို့ ကိုယ့်ဆိုက့်ကိုယ်ကို
အားနည်းချက်မရှိအောင် လုံခြုံရေးဆိုင်ရာ plug-in တွေ သုံးတာ၊ တင်ကာစမှာ ပေးထားလေ့ရှိတဲ့
Setting တွေကို လိုလားချက်နဲ့အညီ လိုက်ပြောင်းပေးတာ၊ Upload လုပ်ရတဲ့ ဖိုဒါနာမည်ကို
ပြောင်းထားတာ၊ ဖိုင်တွေတင်လာတဲ့အခါ စစ်တာဆေးတာတွေ လုပ်ဖို့ လိုပါတယ်။
Webshell များကိုအသုံးပြုပြီး တိုက်ခိုက်သည့်
ဖြစ်စဉ်များသည် အခုကာလမှာ အသုံးများနေပါတယ်။ အရင်တပတ်ကပဲ ကျောင်းများနှင့် အကျိုးအမြတ်မယူတဲ့
အဖွဲ့အစည်း (Non Profit Orgnization) တွေရဲ့ ဆိုက်တွေကို ransomware ပါတဲ့
webshell တွေ တင်တာမျိုးကို ဆစ္စကိုက တွေ့ထားပါသေးတယ်။ ဒါကြောင့် Web Developer များကို
လုံခြုံရေးသတိ မပြတ်ဖို့ အိုင်ဘီအမ်မှ ဆော်သြထားပါတယ်။
2-5-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN)
ဟက်ကာတို့၏ Wordpress Websites များအား တိုက်ခိုက်ခြင်း
Reviewed by Myanmar Ethical Hacking News
on
7:43 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:43 PM
Rating:

No comments: