ဝင်းဒိုးခွေများအား Flash Drive ထဲသို့ Tool အသုံးမပြုဘဲ ကူးထည့်ခြင်း



ဒီနေ့ခေတ်တွင် CD မှတဆင့် Windows တင်တယ်ဆိုတာ တော်တော်ရှားသွားပါပြီ။ Read/Write နှုန်းအရကြောင့် ဖြစ်ဖြစ်၊ Drive နာမှာ စိုးလို့ပဲ ဖြစ်ဖြစ် Flash Drive တွေကို အစားထိုးလာကြပါတယ်။ Windows ခွေတွေဟာ Bootable CD တွေ ဖြစ်လို့ သာမန်ကူးရုံနဲ့ အလုပ်မဖြစ်ပါဘူး။ အလွယ်တကူ အသုံးပြုနိုင်ရန်အတွက် မိုက်ခရိုဆော့ (Microsoft) မှ Tools များကို ထုတ်ပေးထားပေမယ့် လက်လှမ်းမသင့်တဲ့အခါ ကိုယ့်ဘာသာကိုယ် လုပ်နိုင်ဖို့လည်း နည်းလမ်းရှိပါတယ်။ အောက်မှာပြထားတဲ့အတိုင်း အဆင့်ဆင့်လုပ်သွားရင် အဆင်ပြေနိုင်မှာပါ။

ဒီနေရာမှာ ကျွန်တော်ကတော့ Windows 7 Ultimate သုံးထားပါတယ်။ နောက်ပိုင်းဗားရှင်းတွေဖြစ်တဲ့ Windows 8, 8.1 နဲ့ 10 တွေဆိုလည်း အဆင်ပြေပါတယ်။

Windows ခလုတ်ကိုနှိပ်ပြီး Search Programs and Files ထဲမှာ cmd လို့ ရိုက်လိုက်ပါ။ Programs တွေထဲမှာ cmd ဆိုတာတက်လာရင် Right-click နှိပ်ပြီး Run as administrator နဲ့ ဖွင့်လိုက်ပါ။

Commnad Prompt တက်လာတဲ့အခါ diskpart ဆိုတာ ရိုက်လိုက်ပါ။ (Command တွေဆုံးတိုင်း Enter နှိပ်ရမယ်ဆိုတာ သိပြီးသားဖြစ်လို့ မပြောတော့ဘူးနော်။)

DISKPART> ဆိုတာ ပေါ်လာတဲ့အခါ list disk ဆိုတဲ့ Command နဲ့ ရှိနေတဲ့ Disk တွေကို စစ်ကြည့်ပါမယ်။ များသောအားဖြင့်တော့ Hard Drive နှင့် Flash Drive ကို Disk 0, Disk 1 ဆိုပြီး မြင်ရမှာပါ။ (အကယ်လို့ Hard Drive (၂) ခု ရှိထားရင်တော့ Disk 0, Disk 1 နဲ့ Disk 2 ဆိုပြီး တွေ့ရမှာပေါ့။) ကျွန်တော်တို့က Flash Drive ကို Bootable ဖြစ်ချင်တယ်ဆိုတော့ Disk 1 နဲ့ အလုပ်လုပ်ရပါမယ်။

ဒီတော့ select disk 1 ဆိုပြီး Disk 1 ကို ရွေးလိုက်ပါမယ်။ "Disk 1 is now the selected disk" ဆိုပြီး စာတမ်းတက်လာမှာပါ။
ပြီးတော့ အဲဒီ့ Disk ထဲက ဒေတာ (Data) တွေကို ဖျက်ဖို့အတွက် clean ကို ရိုက်ပေးရပါမယ်။ "DiskPart succeeded in cleaning the disk" ဆိုတာ တွေ့ရမှာပါ။

အဲဒီ့ ဘာမှမရှိတဲ့ Disk ကို Partition ပြန်လုပ်ပေးရမှာပါ။ ဒီတော့ create partition primary ရိုက်ပြီး Primary Partition တစ်ခု ပြန်လုပ်ပါမယ်။ "DiskPart succeeded in creating the specified partition." ဆိုတာကို တွေ့ရမှာပါ။

ရလာတဲ့ Partition ကိုရွေးပြီး Active ဖြစ်အောင် လုပ်ပေးရဦ:မှာပါ။ ဒီတော့ အရင်ကလုပ်တဲ့အတိုင်း select partition 1 ဆိုပြီး ပြန်ရွေးပေးရမှာပေါ့။ ထုံးစံအတိုင်းပဲ "Partition 1 is now the selected partition." ဆိုတာကို တွေ့ရမှာပါ။

Active Partition ဖြစ်အောင် လုပ်ဖို့က လွယ်ပါတယ်။ active ဆိုပြီး ရိုက်ပေးရုံပါပဲ။ "DiskPart marked the current partition as active." ဆိုတာကို တွေ့ရမှာပါ။

နောက်ပြီးရင် format ရိုက်ပေးရမှာပါ။ Filesystem ကို NTFS သုံးရမှာပါ။ FAT32 နဲ့ဆို အဆင်မပြေတတ်ပါဘူး။ NTFS သုံးရခြင်းမှာ Widows Files များသည် GB များသည့်အတွက် FAT32 နှင့် Format လုပ်ရန်မလွယ်ကူပါ။ FAT32 File System သည် 4GB ထက်ကျော်လွန်သော Files များကို ကူးခြင်း ရွေ့ပြောင်းခြင်း မပြုလုပ်ပေးနိုင်ပါ။ ထို့ကြောင့် NTFS ဖြင့် Format ပြုလုပ်ပေးရခြင်း ဖြစ်သည်။ ဒီတော့ format fs=ntfs quick ဆိုတာကို သုံးပေးရပါမယ်။ "DiskPart successfully formatted the volume." ဆိုတာကို တွေ့ရမှာပါ။

ဒါဆိုရင် Flash Drive ကို Boot တက်အောင် လုပ်လို့  ပြီးပါပြီ။ exit လို့ရိုက်ပြီး DiskPart ထဲက ထွက်လိုက်ပါ။

Boot တက်အောင် လုပ်ပြီးပေမယ့် အဲဒီ့ Disk မှာ ဘာကို Boot တက်အောင် လုပ်ရမယ်လို့ ညွှန်ကြားထားသော Boot Sector မထည့်ပေးရသေးပါဘူး။ အဲဒါက Windows ခွေထဲမှာ ရှိတယ်။ ဒီတော့ ခွေထဲကနေ အဲဒီ့ Command ကို သွားသုံးရမှာပေါ့။ ပထမဆုံး ခွေရဲ့ Drive Letter ကို ကြည့်ရမယ်။ ကျွန်တော့်ဆီမှာတော့ (E:) ဗျ။ ဒီတော့ pushd e:\boot ဆိုပြီး ရိုက်လိုက်တယ်။ E:\boot> ဆိုပြီး ပြောင်းသွားတာ တွေ့ရလိမ့်မယ်။

ပြီးရင် အဲဒီ့အထဲက Command ဖြစ်တဲ့ Bootsect ကိုသုံးပြီး Flash Drive ကို Boot Sector ထည့်ပေးရမှာလေ။ ကျွန်တော့်ဆီမှာက Flash Drive အတွက် Drive Letter က (F:)။ ဒီတော့ bootsect /nt60 f: ဆိုပြီး ရိုက်ပေးလိုက်တယ်။ ဒါဆို နောက်ဆုံးအဆင့်ဖြစ်တဲ့ ကူးရုံပဲ ကျန်ပြီပေါ့။

ကူးတာကတော့ အားလုံးကူးမှာဖြစ်လို့ xcopy ကို သုံးပါမယ်။ ပုံမှန်ဆို copy နဲ့ အဆင်ပြေပေမဲ့ ဖိုဒါတွေပါတော့ လက်ပေါက်ကပ်လို့ xcopy သုံးလိုက်တာပါ။ Command ကတော့ xcopy e:\*.* f:\ /e /h /f ပါ။ E: နဲ့ F: နေရာမှာ ကိုယ့် Drive Letter ကိုထည့်ပေးရမှာနော်။

အားလုံးကူးပြီးလို့ နောက်ထပ် Prompt တစ်ခု ထပ်တောင်းလာရင်တော့ exit လို့ ရိုက်ပြီး အောင်ပွဲခံလို့ ရပါပြီ။

7-4-2016
စီစဉ်တင်ဆက်သူ - Nub90d (MEHN Team)
ဝင်းဒိုးခွေများအား Flash Drive ထဲသို့ Tool အသုံးမပြုဘဲ ကူးထည့်ခြင်း ဝင်းဒိုးခွေများအား Flash Drive ထဲသို့ Tool အသုံးမပြုဘဲ ကူးထည့်ခြင်း Reviewed by Myanmar Ethical Hacking News on 7:25 PM Rating: 5

No comments:

MEHN Team. Powered by Blogger.